ဒိုင်ပြုတ်အိမ်ကို ဝင်ကစားရတာဆိုတော့ ဖဲချိုးခွင့်တော့ရတယ်။
ဒိုင်အသစ်က ဖဲကို စိမ်ပြေနပြေ ကုလားဖန်ထိုးတယ်။
ပန်းကန်ထဲ ထည့်တဲ့ပိုက်ဆံ မနဲဘူး။
ထိုးသားတွေ ထိုးတဲ့ငွေလဲ မနဲဘူး။
ကိုယ်ကတော့ အဖြစ်လောက်ပဲ ထိုးနိုင်တယ်။
ကိုယ့်အပင် ကိုယ်မသိသေးဘူး။
ငါးလှဲ့မြောက်မှာ ဒိုင်ကိုင်ရတယ်။
ကျနော့်မှာရှိတဲ့ငွေ တစ်ဝက်ခွဲပြီး ပန်းကန်ထဲ ထည့်လိုက်တယ်။
အားလုံး ဝိုင်းရီကြတယ်၊ ပိုက်ဆံနဲလို့။
မတတ်နိုင်ဘူး၊ ဘိုင်ပွတ် ပွတ်ရမှာပဲ။
အာလုံးက ဝိုင်းဖြတ်ကြတယ်။
ပန်းကန်ထဲကငွေ တစ်ခါတည်းကုန်အောင် ထိုးကြတာ။
ဖဲ တစ်လှဲ့ပဲ ဝေလိုက်ရတယ်၊ ဒိုင်ပြုတ်သွားတယ်။
ဒါပေမဲ့ ကိုယ့်အိမ်က တစ်ပင်သေ တစ်ပင်စားလို့ သိလိုက်တယ်။
သေတဲ့အလှဲ့ လျော့ထိုး၊ စားမဲ့အလှဲ့ ဖိထိုး လုပ်လိုက်တယ်။
ပန်းကန်ထဲ ပိုက်ဆံထည့်တာ များကြတော့ ကိုယ်ဒိုင်လုပ်ရမဲ့အလှဲ့ မရောက်နိုင်ဘူး။
ကိုယ့်ရှေ့မှာတော့ ပိုက်ဆံနဲနဲများလာတယ်။
ဒီတစ်ခါ ဒိုင်ကိုင်ရပြီ၊ ကိုယ့်အရင်းဖယ်ပြီး ကျန်တာအကုန် ပန်းကန်ထဲ ထည့်တယ်။
ထုံးစံအတိုင်း ဝိုင်းဖြတ်ကြတယ်၊ ဟိုတစ်ခါလို ပြုတ်သွားအောင်။
သူတို့ထင်သလို ပြုတ်မသွားဘူး၊ ဘူကြီးကျပြီး တစ်ဝိုင်းလုံး စားရတယ်။
ပန်းကန်ထဲ ပိုက်ဆံ ၂ဆ တိုးသွားတယ်၊ ထပ်ဖြတ်ကြတယ်။
တစ်အိမ်ပဲ လျော်ရတယ်၊ ကျန်တာ အကုန်စားပဲ။
ထပ်ဖြတ်တယ်၊ ငါးပေါက်နဲ့ တစ်ဝိုင်းလုံး စားရပြန်တယ်။
ပွဲကြမ်းပြီ၊ ပန်းကန်ထဲ သူတို့ပိုက်ဆံ အများကြီးပဲ။
ဝမ်နင် ခေါ်ပြီ၊ ပိုက်ဆံ ၃ဆ မှ မကတော့တာ။
ပထမ ဝမ်နင်၊ ဝိုင်းလုံးကျွတ် ထပ်စားရတယ်။
ဒုတိယ ဝမ်နင်၊ အိမ်အသေးဆုံး ၁အိမ်ပဲ လျော်ရတယ်။
နောက်ဆုံး ဝမ်နင်၊ ထိုးသားတွေ ဖိထိုးထားတယ်။
ကျနော်ပဲ ထပ်နိုင်တယ်၊ ဖဲဝိုင်းပါ ပြီးသွားတယ်။
မီးခိုးတိတ် ခေါ်တာပေါ့။