ဒီနေ့ ခင်မောင်ဝင်း သူ့ရုံးကသူတွေ ခေါ်လာတယ်။
တစ်ယောက်က ခင်မောင်သန်း၊ ကျနော့်သူငယ်ချင်းရဲ့ညီ။
သူ့အကိုက ပုလဲနဲ့ငါးမှာ သင်္ဘောသား။
သူတို့နေတဲ့လမ်းမှာ ကျနော်တို့ကျောင်းက သူငယ်ချင်းရှိတယ်။
ငါးခူ ဆန်းဦး၊ သူတို့က ငယ်သူငယ်ချင်းတွေ။
ငါးခူဆန်းဦးနဲ့ ပါတ်သက်ပြီး ခင်သွားတာ။
သူက ဆယ်တန်းမအောင်သေးဘူး၊ သူ့အဖေ ကျန်းမာရေး မကောင်းလို့ သူအမေရော သူရော သူ့ညီတွေပါ ပုလဲနဲ့ငါးမှာ ဝင်လုပ်ကြတာ။
တစ်အိမ်သားလုံး ဆိုပါတော့၊ ရှစ်တန်း တက်နေတဲ့ ညီတစ်ယောက်ပဲ ကျန်တယ်။
အဲဒီညီကို သူက ထူးချွန်စေချင်တယ်၊ သူ့လို မဖြစ်စေချင်ဘူး။
သူ့ညီကလဲ မလိမ္မာဘူး၊ ကျနော့်ကို စာသင်ပေးဖို့ အပ်တယ်။
ငါးခူဆန်းဦးကို သင်ခိုင်းပါလား၊ သူလဲ စာတော်တာပဲလို့ ပြောတယ်။
မရဘူး၊ ကျနော်ပဲ သင်ပေးရမယ် ပြောတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ရပ်ကွက်က ကောင်လေးတွေ ကျနော့်အဆောင်မှာ
စာလာသင်ဘူးတယ်။
ကျနော်သင်တာ ကောင်းတယ်လို့ ပြောကြလို့။
မနက်တိုင်း သွားသင်ပေးရတယ်၊ ပြီးရင် သူတို့အိမ်မှာပဲ ထမင်းစားရတယ်။
ပြီးမှ ကျနော့်ကျောင်း ကျနော် သွားတက်တယ်၊ ကျောင်းပိတ်ရက်ဆို ရုံးပြန်တယ်။
ခင်မောင်ဝင်းက ပြောတယ်၊ သူတို့အဖွဲ့ ဖဲရိုက်ချင်တယ်လို့။
ရုံးမှာ ဧည့်သည်တွေနဲ့ ဘယ်ကောင်းမလဲလို့ ပြောတယ်။
ဒါဆို ကျနော့်အခန်းမှာ ကစားချင်တယ် ပြောတယ်။
တိုးတိုးတိတ်တိတ် ကစားပါ့မယ်၊ အဝင်အထွက် လူမရှုပ် စေရဘူး အာမခံတယ်။
ဦစိန်မောင်နဲ့ တိုင်ပင်တယ်၊ အကောက်တောင်းခိုင်းတယ်။
ပေးမယ်ဆိုတော့လဲ ခွင့်ပြုလိုက်ရတာပေါ့။