တစ်ခါကရွာတစ်၌ သီလသမာဓိနှင့်ပြည့်စုံသောရွာသူကြီး
တစ်ဦးအုပ်ချုပ်၏.ထိုသူကြီးသည်ကား မဟုတ်တာ မမှန်တာ
မလုပ် ကျေးရွာကိုမျှတစွာအုပ်ချုပ်လေ၏.ထိုကြောင့် ရွာသူ/
ရွာသားများသည် ရွာသူကြီးအား ချစ်ကြောက်ရိုသေကြလေ
သည်.တစ်နေ့သောအခါ ရွာသူကြီးက ဤသို့စဉ်းစားလေ၏. "သူ၏ရွာသူ/သားများသည်ကား သူအား ချစ်ကြောက်ရိုသေ
ကြသည်မှန်သော်လည်း ထိုသိုရိုသေရုံမျှဖြင့်မလုံလောက်၊
စိတ်ဓာတ်ကောင်းဖို့လည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်
လိုစိတ်ရှိဖို့ရန် လိုအပ်လေရာ ထိုစိတ်ဓာတ်မျိုးမွေးမြူပေးရလျင်
ကောင်းလေစွ"ဟုအကြံဖြစ်ပေါ်လာသည်နှင့် ရွာသူ/သားများ
၏စိတ်အား စမ်းသပ်ရန်အစီစဉ်တစ်ခုချလေတော့သည်.
တစ်နေ့ ရွာသူကြီးသည် ရွာသူ/သားများအား
ရွာလယ်ခေါင်က ရာဝင်စဥ့်အိုးထဲကို တအိမ်ထောင်လျင် နွားနို့
တစ်ခွက်စီ လာထည့်ရမည်. ပျက်ကွက်က ဒဏ်တပ်မည်ဟု
ကြေငြာမောင်းခပ်လိုက်လေ၏.ရွာသူ/သားတို့သည်လည်းရွာ
သူကြီးအမိန့်ဆိုလေသောကြောင့် နွားထိုးတစ်ခွက်စီလာရောက်
ထည့်ကြလေသည်. တစ်ယောက်သောရွာသားကား ရှေ့ကလူတွေသည် ရာဝင်စဥ့်အိုးထဲသို့နွားနို့ကိုယ်စီထည့်ကြလေပြီမို့ သူသည်
လည်းနွားနို့ထည့်ရန်စိတ်မပါသဖြင့် နွားနို့အစားရေတခွက်အား
ခပ်တည်တည်နှင့်ထည့်လိုက်၏.သူရေတစ်ခွက်ထည့်လိုက်ရုံဖြင့်
မသိသာနိုင် ရှေ့လူများထည့်ထားသည့် နွားနို့သည်လည်း
အရောင်ပြောင်းသွားမည်မဟုတ်ဟု ထင်သဖြင့်ရေထည့်လိုက်ခြင်း
ဖြစ်လေ၏.
နောက်တနေ့၌ကား သူကြီးသည် ရွာလယ်ရာဝင်စဥ့်အိုးအတွင်း ထည့်ထားသောနွားနို့အားတစ်အိမ်ထောင်တစ်ယောက် မပျက်မ
ကွက်လာကြည့်ရှုရမည်ဟု မောင်းထုကာ ကြေငြာလိုက်ပြန်
လေရာ ရွာသူ/ရွာသားများသည်လည်း အလျှိုလျှိုဖြင့် သွား
ရောက်ကြည့်ရှုကြလေ၏. လူစုံသောအခါ ရွာသူကြီးက
ရွာသူ/သားများထည့်ထားသောနွားနို့စဥ့်အိုးအား ဖွင့်ပြလိုက်
လေရာကြည့်နေသူရွာသူ/သားများသည်လည်း "ဟာကနဲ"ဖြစ်
အောင်အံ့သြကြလေကုန်၏.အဘယ်ကြောင့်ဆိုသော် နွားနို့
အပြည့်ရှိမည်ဟု ထင်ထားကြရာမှ ထင်သည့်အတိုင်းနွားနို့နှင့်
တူသည့်အရောင်မတွေ့ရပဲ ရေအပြည့်သာတွေ့ရလေသော
ကြောင်ြ့ဖစ်ပေသည်..
ထိုအခါ ရွာသူ/သားများသည် ရှက်ကိုးရှက်ကန်းဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြရာ ထိုအခါကျမှ ရွာသူကြီးက ရွာသူ/သားအပေါင်းတို့အနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်
သည့်အလုပ်တိုင်းတွင်ယခုကဲ့သို့သာ အချောင်ခိုစိတ်မွေးမြူ
နေကြဦးမယ်ဆိုလျင် ကိုယ့်ကျေးရွာမတိုးတက်နိုင်သလို
ကျေးရွာမှစ၍မြို့နယ်/ခရိုင်/တိုင်း/နိုင်ငံအထိ တိုးတက်မှု
နှောင့်နှေးသွားမယ်ဆိုတာ လိုက်နာမှတ်သားကြရန်
ဆုံးမလေတော့သည်.
မိတ်ဆွေတို့သည်လည်း ကိုယ့်မိသားစုမှသည်နိုင်ငံအထိ
အချောင်မခိုပဲ ကိုယ်စီကိုယ်စီ တာဝန်ကျေပွန်ကြမည်ဆိုလျင်
မိသားစုဘဝ ပျော်ရွှင်ကြမည်ဖြစ်သလို့ တိုင်းပြည်ကြီးလည်း
စည်ပင်သာယာဝပြောမည်ဖြစ်ပါသဖြင့် အချောင်ခိုစိတ်မွေးမြူ
ခြင်းမပြုကြဖို့တိုက်တွန်းလိုက်ပါတော့သည်..