Drugwars က သူများတွေတော့ တိုက်ကြ ခိုက်ကြ နဲ့ အလုပ်ရှုပ် နေကြသည်။ ကျွန်တော်ကတော့ စစ်သား မထုတ်နိုင်သေးဘဲ အဆောက်အဦး တွေသာ အဆင့်မြင့်သည်ထက် မြင့်အောင် အဆင့်မြှင့်တင် နေမိသည်။ မတင်လို့လည်း မရပါဘူးလေ စ ကတည်းက STEEM ချည်းပဲ လှိမ့်ထုတ်နေတာကိုး။ ရသမျှ ဆေးဝါးတွေကို အရင်းမြန်မြန် ကျေအောင် ရေတိုနည်း နဲ့ ဖြေရှင်းခဲ့တော့ အရင်းကျေတော့ ကျေသွားပေမယ့် အခုတော့ ကာကွယ်ရေးဘက်မှာ အားနည်းသွားခဲ့ရပြီ။
အဆောက်အဦးတွေ ကလည်းဗျာ တစ်ဆင့် မြင့်လာလေ resource တွေ ပိုကုန်လေ ဖြစ်လာနေပြီ။ နောက် တစ်ဆင့် မြှင့်ချင်လေ resource တွေ စုရလေနဲ့ သံသရာလည် နေပါပြီဗျ။ STEEM ထပ်ရင်းဖို့ကလည်း နောက်ကျနေပြီဆိုတော့ ဒီအတိုင်းသာ ဆက်သွားဖို့ရာ ရှိပါတယ်။ စစ်သားတွေတော့ ခံစစ်အနေအထား အနည်းငယ် တောင့်တင်းအောင် တော့ ထုတ်ထားရဦးမည်။ ခုလည်း ထုတ်ထားပေမယ့် တကယ်တိုက်ခံရပါက အကုန်ပြောင်မှာ သေချာသည်။
နေ့စဉ် ဝင်ပြီးတော့ resource တွေ သုံးနေ၍လား မသိ။ အရင်က လောက်လည်း အတိုက်မခံရ သေးပါ။ ထုတ်လုပ်နှုန်းက နည်းသေး၍လည်း ဖြစ်နိုင်သည်။ သွေးတိုး စမ်းတာတော့ ရှိပေမယ့် တကယ်လာ မတိုက်ကြသေးတော့ သူတို့အတွက် မမှုလောက်သော ပမာဏသာ ရှိ၍ ဖြစ်ပေလိမ့်မည်။ နောက်တစ်ချက်က Rule တွေက မငြိမ်သေးတာပဲ ဖြစ်သည်။ Rule တွေ ငြိမ်သွားမှာသာ ပိုမို အသက်ဝင်လှုပ်ရှား လိမ့်မည် ထင်သည်။ စိတ်ဝင်စားမိသည်က နောက်ဆိုရင် rewards အနေနဲ့ ဘာများ ပေးမလဲ မသိဘူး။ STEEM ပဲ ပေးမယ်ဆိုရင်တာ့ များများ ပေးမှသာ ဖြစ်ပေလိမ့်မည်။
source
BTC ဈေးကလည်း မြောက်လှချည်လား။ တက်သွားလိုက်တာ ရင်ခုန်စရာချည်းဗျ။ ဘာကြောင့်များ အဲဒီလာက် တက်သွားပါ့လိမ့်နော်။ ဘာပြောပြော ဒီလိုဖြစ်တာ တွေ့ရတော့ အမောတွေ ပြေရပါတယ်ဗျ။ ပြီးခဲ့တဲ့ လတွေက မောခဲ့ရသမျှတွေလည်း မေ့ပျောက်ရမတတ် ဖြစ်ရပြီပေါ့လေ။
BTC ဈေးတက်ရင် ကိုယ်တို့ရဲ့ STEEM လေးကလည်း မကြာခင် ရောက်ရှိသင့်တဲ့ ပမာဏကို ရောက်လာမယ် မဟုတ်လား။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ အချိန်တွေမှာ BTC ကို သာ အရိပ် တကြည့်ကြည့် နေလာခဲ့တာပါ။ လောလောဆယ်ဆယ်တော့ သူ့ကိုပဲ မ ထားရဦးမှာပါပဲ။ သူ့ရဲ့ ပြေးနှုန်းကို ဘယ်သူမှ မမီသေးဘူးလေ။
ဒီနှုန်းသာ ထိန်းသွားနိုင်ရင် သိပ်ဝေးတော့မယ် မထင်ဘူးဗျာ။ ဆရာသမား တွေကလည်း crypto တွေ ငြိမ်လာပြီလို့ ပြောနေကြတယ် မလားဗျ။ ကျွန်တော်တို့ မျှော်မှန်းနေသောကာလ က မဝေးတော့ဘူး ထင်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေ ပုံအောထားတဲ့ အနာဂတ် ဆီသို့ ပေါ့ဗျာ ……
So many thanks for reading and visiting my blog.
Have a good day to all steemians!
To play drugwars : https://staging.drugwars.io/#!/ref/@aggamun
To play steemmonsters : https://steemmonsters.com?ref=aggamun
To play Magicdice : https://magic-dice.com/?ref=aggamun
To play moonSTEEM : https://www.moonsteem.com/?ref=aggamun
Using share2steem.io : http:// https://share2steem.io/?ref=aggamun
My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-17-aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=89