HIV/ AIDS အမေးအဖြေများ အပိုင်း ၃
မေး ။ ကျွန်တော်ဟာ စက်ရုံတစ်ရုံမှာ အလုပ်လုပ်လျက်ရှိတဲ့ လုပ်သားတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်သမားတွေထဲမှာလည်း HIV ရောဂါရှိတဲ့သူတွေရှိနိုင်ပါတယ်။ တကယ်လို့ အဲဒီအလုပ်သမား ထိခိုက်ဒဏ်ရာရရှိသွားပြီး၊ သွေးထွက်သံယိုဖြစ်ခဲ့လျှင် ထိုသွေးက အခြားအလုပ်သမားတစ်ဦးဦးကို မတော်တဆထိမိ၊ ကိုင်မိပြီး ဒုတိယအလုပ်သမားရဲ့ လက်တွင်းရှိသော အနာတစ်ခုခုမှတစ်ဆင့် HIV ပိုးကူးစက်ခံရနိုင်ပါသလား။
ဖြေ ။ ပထမလူ ထိခိုက်မိလို့ သွေးပေသွားတဲ့ သံတိုသ့စကို ဒုတိယလူက ထပ်ထိမိရင်ရောဂါပိုး ကူးနိုင်မကူးနိုင်ဆိုတာက စူးဝင်သွားတဲ့အခါ အဲဒီဆူးဟာ ဘယ်လောက်ကြီးသလဲအပေါ်မှာ မူတည်ပါတယ်။ အပ်လိုဟာမျိုးစူးသွားတာဆိရင်တော့ အဲ့ဒီအပ်မှာပေနေတဲ့ သွေးကတစ်ဆင့် ကူနိုင်တာပေါ့။ များသောအားဖြင့် မတော်တဆထိခိုက်ဒဏ်ရာရမှုကနေ ကူးစက်နိုင်တဲ့ ဖြစ်နိုင်ချေက ၀.၃% လောက်ရှိပါတယ်။ လူ ၁ထောင် မှာ ၃ယောက်လောက်တော့ကူးတတ်ပါတယ်။ ဘာကြောင့်အပ်ကနေတစ်ဆင့် ကူးစက်တာနည်းသလဲဆိုတော့ လူရဲ့အရေပြားမှာအလွာအများကြီးရှိတယ်။ အပ်က Elastic Fiber Layer ကြီးကိုဖြတ်ပြီးမှ အသားထဲကိုရောက်တာဆိုတော့ Elastic Fiber တွေကအပ်မှာကပ်နေတဲ့သွေးတွေကိုညှစ်ပြီး ဖယ်လိုက်သလိုဖြစ်တော့ အသားထဲကိုဝင်သွားတာ နည်းသွားတယ်။ ဒါကြောင့်မို့ အခေါင်းမပါတဲ့ အချွန်နဲ့စူးလို့ရှိရင် များသောအားဖြင့် ကြောက်စရာကောင်းလောက်အောင် ကူးစက်နိုင်မှု အလားအလားသိပ်မရှိပါဘူး။ ဒါပေမယ့် အခေါင်းပါတဲ့ဆေးထိုအပ်လိုဟာမျိုး အသားထဲဝင်သွားရင် သူကအလယ်မှာ အခေါင်းပေါက်ပါတော့ အခေါင်းပေါက်ထဲမှာသွေးကနေနိုင်တာကိုး။ အဲတာမျိုးဆိုရင်ဆော့ နည်းနည်းသတိထားရပါမယ်။ အချွန်အတက်ပါတဲ့ပစ္စည်းနဲ့ စူးမိလို့ရှိရင်တော့ ဖြစ်ဖြစ်ချင်းမှာ Local Management လိုခေါ်တဲ့ ဖြစ်တဲ့နေရာကို ဆပ်ပြာနဲ့ရေ နိုင်နိုင်ဆေးပေးပါ။ အဲတာဆိုရင် တော်ရုံတန်ရုံ ဗိုင်းရပ်(စ်)ပိုးက အဲဒီဟာနဲ့တွေပြီး သေသွားနိုင်ပါတယ်။ ပိုးကူးစက်ခံရမှုဟာ အထဲကိုဝင်သွားတဲ့ ပိုးပမာဏပေါ်မူတည်ပါတယ်။ အဲဒါကတော့ ဝင်သွားတဲ့ဆူးဟာ လုံးပတ်ဘယ်လောက်ကြီးတယ်၊ အဲဒီဆူးမှာပေနေတဲ့သွေး ဘယ်လောက်များသလဲပ်ါမူတည်တာပေါ့။ အဲဒီလိုဖြစ်သွားရင် ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းတိုင်းတာခြင်းဆိုတဲ့ Risk Assessment ဆိုတာလုပ်ရပါတယ်။
အဲ့တာကတော့ ဘယ်လိုဟာမျိုးကတော့ အန္တရာယ်ရှိတဲ့ အလားအလာ၊ အလယ်အလတ်ရှိတယ်၊ ဘယ်လိုဟာမျိုးကတော့ အန္တရာယ်ရှိတဲ့ အလားအလာနည်းတယ် စသည့်ဖြင့်ပေါ့။ အန္တရာယ်ရှိတဲ့ အလားအလာများတယ်ဆိုရင် ဗိုင်းရပ်(စ်)ပိုးပွားများမှုကို ဟန့်တားစေတဲ့ ဆေးတိုက်တာတွေရှိပါတယ်။ သို့သော်မသောက်ခင်မှာ အခြေံဆန်းစစ်မှုလုပ်ရမယ်။ တတ်ကျွမ်းနားလည်တဲ့သူနဲ့ ဆွေးနွေးအကြံပေးမှု ခံယူရပါမယ်။ မူလကတည်းက HIV ပိုးကူးစက်မခံထားရမှ သောက်လို့ရပါမယ်။ များသောအားဖြင့် အလုပ်ခွင်မှာ ဥပမာ အထည်ချုပ်စက်ရုံလိုဟာမျိုးမှာဆိုရင် အပ်စူးတာဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကလည်း အပ်မှာပေနေတဲ့သွေးက မခြောက်ခင် နောက်တစ်ယောက်ကို ချက်ချင်းစုးသလားဆိုတဲ့အပေါ်မူတည်ပါတယ်။ သီအိုရီအရ စဉ်းစားကြည့်ရင် သွေးမခြောက်ခင်မှာစူးရင် အန္တရာယ်ရှိပါတယ်။ အဲဒီလိုဖြစ်လာရင် ဘယ်လိုစူးခဲ့တယ်ဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။ အရေးအကြီးဆုံးက ထိခိုက်ဒဏ်ရာရလာရင် ဒဏ်ရာရတဲ့နေရာကို ဆပ်ပြာနဲ့ ရေနိုင်နိုင်ဆေးရင်၊ အရက်ပျံနဲ့ ပွတ်လိုက်ရင်ရောဂါတော်တော်များများမရနိုင်ပါဘူး။
ဒါကို စိတ်မချလို့ ထိခိုက်ဒဏ်ရာရပြီးနောက် ARV ဆေးပေးဖို့ကတော့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက လိုအပ်ရင်ပေးတယ်။ အကောင်းဆုံးကတော့ ဒီဆေးတွေကိုဖြစ်ဖြစ်ချင်း ၄နာရီအတွင်းမှာသောက်ရင် အကောင်းဆုံးပါပဲ။ ၇၂နာရီကျော်ရင် ဆေးကအာနိသင်မရှိဘူး။ အများစုကတော့ ၂၄နာရီအတွင်းမှာ ရအောင်သောက်ရမယ်။ ဒါတောင်ရာနှုန်းပြည့် ကာကွယ်နိုင်မှာတာတော့မဟုတ်ပါဘူး။ ကိုယ်ထဲကိုဝင်လာတဲ့ ဗိုင်းရပ်(စ်)ပိုး အရေအတွက်ကို ဆေးနဲ့ပြန်ချပေးတာ၊ ဘာဖြစ်လို့ရာနှုန်းပြည့် ကာကွယ်နိုင်တာ မဟုတ်သလဲဆိုရင် (၁) ဝင်လာတဲ့ ဗိုင်းရပ်(စ်)ပိုးရဲ့ အမျိုးအစားဟာ ကျွန်တော်တို့ပေးတဲ့ဆေးနဲ့ ကိုက်ညီတယ်၊ မညီဘူးဆိုတာပဲ။ အခုခေတ်မှာ ဆေးတွေက ဘာဆေးပေးပေး။ အလွယ်တကူလူတွေက ဝယ်သောက်နေတော့ ဝင်လာတဲ့ဗိုင်းရပ်(စ်)ပိုးက ဆေးယဉ်တဲ့ပိုးဖြစ်ရင် ဒီဆေးသောက်လို့ ကာကွယ်မှုမပေးနိုင်ပါဘူး။ ဒါ့အပြင် ဗိုင်းရပ်(စ်)ပိုးပွားများမှုကို ဟန့်တားစေတဲ့ဆေးတွေမှာလည်း ဘေးထွက်ဆိုကျိုးတွေရှိပါတယ်။
(၂) ကသူမှာလည်းဘေးထွက်ဆိုးကျိုးရှိပါတယ်။ ဆေးသောက်လို့ရတဲ့အကျိုးနဲ့ နောက်ဆက်တွဲဆိုးကျိုးကို ယှည်ကြည့်ဖို့လိုပါတယ်။ ဥပမာ- အန္တရာယ်ရှိတဲ့ အပြုအမှု ဆက်လုပ်နေတဲ့ လူတွေမှာ ကျွန်တော်တို့ပေးတဲ့ဆေးက ရက်၃၀စာပဲဖြစ်ပြီး၊ သူ့အနေနဲ့ဗိုင်းရပ်(စ်)ပိုးပွားများမှုကို ဟန့်တားစေတဲ့ ဆေးကို ခဏလေးပဲရသွားတာဖြစ်ပါတယ်။ HIV ပိုးကသူ့ရဲ့ရှင်သန်မှုအတွက် မျိုးရိုးဗီဇ ပြောင်းလဲခြင်းတွေလုပ်နိုင်တဲ့ စွမ်းရည်တွေရှိပါတယ်။ ဥပမာ- HIV (+) ဖြစ်တဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်ကို ဗိုင်းရပ်(စ်)ပိုး သန်းပေါင်း ၁၀ကျော်ပွားပါတယ်။ အဲဒီပိုးများရဲ့ ၂၀% ဟာ နဂိုမျိုးရိုးဗီဇနဲ့နည်းနည်းကွာပါတယ်။ သူက အများကြီးပွားရတာကြောင့် ဗိုင်းရပ်(စ်)ပိုးရဲ့သွေားထဲမှာ ရှင်သန်နိုင်မှုကတိုပါတယ်။ ဒါကြောင့်ဆေးသောက်တဲ့သူက တစ်ရက်ဆေးသောက်ပျက်ပြီဆိုရင် ဆေးယဉ်ပါးမှုဖြစ်ပါတယ်။ ကျွန်တော်တို့က တစ်လလောက်ပဲ ခွင့်ပြုချက်ရထားသလို၊ တကယ်လို့သာ နောက်ပိုင်း အဲဒီဆေးက မကာကွယ်နိုင်ဘူးဆိုရင် သူတို့ကိုယ်ထဲကပိုးက ဆေးယဉ်ပါးမှုဖြစ်သွားနိုင်ပါတယ်။ ဒီဆေးတွေက အသည်းတို့ ကလီစာတို့ကတစ်ဆင့် စွန့်ထုတ်ချေဖျက်တာဆိုတော့ အဲ့ဒီအဂါင်္တွေကို အလုပ်ပိုလုပ်စေတယ်။
နဂိုကတည်းက အသည်းမကောင်းတဲ့သူ အဲ့ဒီဆေးပေးလိုက်ရင် ဗိုင်းရပ်(စ်)ပိုးကအသည်းကိုထိခိုက်ပြီး သေသွားနိုင်ပါတယ်။ ဆေးကပြင်းတာကိုပြောပြတာပါ။ ရှေ့မှာပြောသလို စက်ရုံ၊ အလုပ်ရုံတွေမှာ မတော်တဆထိခိုက်ဒဏ်ရာ ရရင်အရေးအကြီးဆုံးက ရှေးဦးသူနာပြုစုပေးခြင်းပါ။ ဆပ်ပြာနဲ့ရေနဲ့ နိုင်နိုင်ဆေးလို့ရရင်ဆေးလိုက်ပါ။ ဒါမှမဟုတ်ရင် အရက်ပျံစတဲ့ တစ်ခုခုနဲ့ ပွတ်သပ်လိုက်ပါ။ ပြီးလို့ရှိရင် ဟိုလူက HIV (+)ဖြစ်တာ သေခြာသိနေတယ်လို့ပြောရင် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း လုပ်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ဆေးရုံ၊ မြောက်ဥက္ကလာပကျန်းမာရေးဌာန စတာတွေမှာရှိတဲ့ ကျန်းမာရေးဌာန ခုခံအားနှင့် ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် ဆေးခန်းတွေမှာ နှစ်သိမ့်ဆွေးနွေးပညာပေးမှု ခံယူနိုင်ပါတယ်။ HIV (+)ဖြစ်တာနဲ့ လူတကာလှည့်ပြီး ကြေညာနေတာမဟုတ်တာ၊ သာမန်လူတွေက သိဖို့ခဲယဉ်းပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့ (+)ဖြစ်တယ်လို့ သိတဲ့သူကိုပဲမဲပြီးလုပ်နေလို့ရှိရင် မသိတဲ့သူတွေထံ ရောဂါကူးတာ အများကြီးဖြစ်နိုင်တယ်။ လူတိုင်းကို ရှင်းပြချင်တာက ဝေဒနာရှင်တိုင်းကို အသိပညာပြည်ပြည့်ဝဝပေးပြီး စောင့်ရှောက်ဖို့လိုပါတယ်။ ရောဂါပိုးဟာ ကိုယ်ထဲကိုဝင်သွားပြီးမှ ကာကွယ်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။
အပိုင်း ၄ ကိုစောင့်မျော်ဖတ်ပေးကြပါဦး။
ဗဟုသုတတစ်ခုရရှိမယ်လို့မျော်လင့်ပါတယ်။