HIV/ AIDS အမေးအဖြေများ အပိုင်း ၅ HIV/ AIDS (Q&A Part-5)
လိင်ဆက်ဆံခြင်းဖြင့် HIVကူးစက်ခြင်း ၁
ကျန်းမာရေးဗဟုသုတ အမြင်ဖြင့်ဖတ်ပေးစေချင်ပါတယ်။ ညစ်ညမ်းစာပေမဟုတ်ပါ။
မေး။ ကျွန်တော်ဟာ အိမ်ထောင်မပြုရသေးပါ။ သိုသော် လူငယ်တို့ဘဝ အပျော်အပါးတော့ မကင်းပါကြောင်း ဝန်ခံပါတယ်။ လွန်ခဲ့တဲ့၂ပတ်ကျော်လောက်က ကျွန်တော်အပျော်အပါး လိုက်စားမိရာတွင် ကွန်ဒုံးကို အသုံးပြုခဲ့ပါတယ်။ သို့သော် စစချင်းတွင် ကွန်ဒုံးမှာ ဘာမှမဖြစ်သော်လည်း လိင်ကိစ္စပြီးခါနီး ကွန်ဒုံးမှာ မတော်တဆကျွတ်ထွက်သွားခဲ့တာကို သတိထားမိလိုက်သဖြင့် သိသိခြင်း လိင်ဆက်ဆံမှုကို ရပ်ခဲ့ပါတယ်။ အကယ်၍ သူမမှာ HIVပိုးရှိနေလျှင် ကျွန်တော်ကို HIVပိုးကူးစက်ခံရဖွယ် ရှိပါသလား ပြောပြပေးပါခင်ဗျား။ ကျွန်တော်ဘာလုပ်သင်တယ်ဆိုတာ သိပါရစေ......
ဖြေ။ HIVပိုးလူတစ်ယောက်ကနေ နောက်တစ်ယောက်ကို ကူးစက်မှုရှိမရှိ ဆိုတာဟာ အကြောင်းအရာ အခြေအနေ မျိုးစုံပေါ်မှီတည်နေတာဖြစ်လို့ အခုညီအကို တွေ့ကြုံရတဲ့ကိစ္စမှာ HIVပိုးကူးမယ် မကူးဘူး အတိအကျ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် တစ်ဆင့်ချင်းစဉ်းစားကြည့်ရအောင်။
၁။ လိင်ဆက်ဆံတာဖြစ်လို့ အန္တရာယ်ရှိပါတယ်။ (အပျော်အပါးလိုက်စားတာပဲဖြစ်ဖြစ်၊ သမီးရည်းစားပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ဇနီးခင်ပွန်းဖြစ်ဦးတော့) တစ်ဖက်လူမှာ ရောဂါပိုးရှိရင် ကူးစက်ဖို့ အန္တရာယ်ရှိပါတယ်။ ရောဂါပိုးရှိမရှိ ဆိုတာကလည်း မျက်စိနဲ့ ကြည့်လို့သိတာမျိုးမှ မဟုတ်တာ။ လှပကျန်းမားသန်စွမ်းနေပေမယ့် ရောဂါပိုးရှိနိုင်ပါတယ်။ သဘောကောင်း စိတ်ကောင်းရှိ လိမ္မာအမြော်အမြင်ကြီးပေမယ့်လည်း လုပ်ကိုင်ကြုံကြိုက်ဖူးတာ တစ်ခုခုကြောင့် ရောဂါပိုးရှိနေနိုင်ပါတယ်။
၂။ ဒါပေမယ့် လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးတယ်ဆိုတဲ့အတွက်တော့ HIVပိုးကူးစက်မယ့် အန္တရာယ်ကို တားဆီးရာရောက်ပါတယ်။ အမျိုးအစားကောင်းတဲ့ (ဈေးကြီးတယ်လို့ မဆိုလိုပါ) ကွန်ဒုံးကို စနစ်တကျ အစကအဆုံး လိင်ဆက်ဆံတိုင်း အမြဲတမ်းအသုံပြုရင် မတော်တဆဖြစ်မှုလည်း နည်းတတ်ပြီး HIVပိုးကူးစက်မယ့် အန္တရာယ်ကို အတော်ကြီးနည်းအောင် လျော့ပစ်လိုက်ရာ ရောက်ပါတယ်။ အခုကိစ္စမှာ ကွန်ဒုံးကျွတ်သွားတယ်ဆိုတော့ ကွန်ဒုံးသုံးစွဲရာမှာ အမှားအယွင်းရှိတာလားလို့ သံသယဖြစ်မိပါတယ်။ ရေရှည်အန္တရာယ်ကို တွက်ချက်ရာမှာတော့ ကွန်ဒုံးကို အမြဲသုံးခဲ့သလား၊ တစ်ခါတလေ မှသုံးတာလားဆိုတဲ့အပေါ် မူတည်ပါတယ်။
၃။ ကွန်ဒုံးကျွတ်သွားတဲ့ကိစ္စ အဲ့ဒါတော်တော်ပြောရခက်တယ်။ စာသဘော၊ သီအိုရီအရ ပြောမယ်ဆိုရင်တော့ ကွန်ဒုံးလို ကြားခံတာမပါပဲ လိင်အဂါင်္အသားချင်းတိုက်ရိုက် ထိတွေ့မိရင် HIVပိုးကူးစက်မယ့်အန္တရာယ်ရှိပါတယ်။ အစပိုင်းမှာ ကျွတ်တာထက် လိင်ဆက်ဆံမှု ပြီးခါနီးမှကျွတ်တာက ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ (ပွန်းပဲ့ဒဏ်ရာရှိထားနိုင်လို့၊ လိင်အဂါင်္ကထွက်တဲ့ အရည်ပိုများနေနိုင်လို့ပါ)။
၎။ သိသိချင်း လိင်ဆက်ဆံမှုကို ရပ်ခဲ့တာကတော့ မှန်ကန်ပါတယ်။ ဖြစ်လာမယ့်အန္တရာယ်ကို အတော်ကြီးကာကွယ်လိုက်နိုင်ခဲ့တြ့ သဘောပါ။ မရပ်ခဲ့ရင် အန္တရာယ်အတော်ကြီးပါတယ်။ တကယ့်လို့များ ချက်ချင်းပဲရေ၊ ဆပ်ပြာတိုနဲ့ သန့်ရှင်းရေးလုပ်ခဲ့နိုင်ရင် ပိုပြီးတောင် အန္တရာယ်နည်းပါတယ်။
၅။ ကိုယ့်လိင်ဆက်ဆံဖက်မှာ (သို့) ကိုယ်မှာ ကာလသားရောဂါ၊ လိင်အဂါင်္အရည်တစ်မျိုးမျိုးဆင်းတာ ရှိနေရင် HIVပိုး ပိုပြီးကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံမှုအနေအထား၊ အချိန်၊ အကြိမ်၊ လိင်ဆက်ဆံဖက်မှာ HIVပိုးရှိနေမနေ၊ ရှိနေရင်လည်း သူ့ခန္ဓာကိုယ်သွေးသားထဲမှာရှိနေတဲ့ HIVပိုး အရေအတွက် အနည်းအများအပါအဝင် တခြားအချက်အလက်တွေ အများကြီးအပေါ်မှီတည်နေတာမို့ အတိအကျပြောဖို့ခက်တယ်လို့ ဖြေပါရစေ။
ဘာလုပ်သင့်သလဲဆိုတာကို ဖြေရရင်---
ခုကိစ္စအတွက်တော...
၁။ ပိုပြီး အသေးစိတ် တိတိကျကျ ဆွေးနွေးနိုင်ဖို့ HIV/AIDS အကြောင်းတတ်ကျွမ်းနားလည်တဲ့ တိတိကျကျ ပြောဆိုအတိုင်ပင်ခံနိုင်မယ့် သူတစ်ဦးဦးနဲ့ ဆွေးနွေးဖို့လိုပါတယ်။
၂။ သူတို့နဲ့ နှစ်သိမ့်ဆွေးနွေးပြီး သံသယရှင်းအောင် သွေးဖောက်စစ်ကြည့်ရင် ကောင်းမကောင်း စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။ ခုဟာက နှစ်ပတ်လောက်ရှိပြီဆိုတဲ့အတွက် သွေးအဖြေမှာပေါ်နိုင်ပေမယ့် ၆လလောက်မှာ ဖောက်ပြီး စစ်ကြည့်လို့ မရှိဘူးဆိုမှ စိတ်ချရပါမယ်။
အရှည်သဖြင်ကတော့ လိင်ကိစ္စမှာအန္တရာယ်ကင်းအောင်း အန္တရာယ်နည်းအောင်
၁။ ထိုးသွင်းလိင်ဆက်ဆံမှုကိုရှောင်နိုင်ရင် ရှောင်ရမယ်။
၂။ ရောဂါပိုး မရှိဘူးလို့ သေခြာသိအောင် သွေးစစ်ထားတဲ့ သေခြာသိတဲ့ ဇနီးခင်ပွန်းဖော် တစ်ယောက်တည်းနဲ့ပဲ အမြဲဆက်ဆံပြီး နှစ်ယောက်လုံးအပြန်အလှန်သစ္စာရှိရမယ်။ တစ်ခြားဘယ်သူနဲ့မှ လိင်မဆက်ဆံပဲနေရမယ်။
၃။ ဒီလိုမဟုတ်ခဲရင် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို နည်းလမ်းမှန် စနစ်တကျ အမြဲတမ်း သုံးရမယ်။
၎။ ကာလသားရောဂါရှိတယ်လို့ သံသယဖြစ်ရင်၊ လိင်အဂါင်္အနာဖြစ်ရင်၊ လိင်အဂါင်္ကအရည်တစ်မျိုးမျိုးဆင်းရင် တတ်ကျွမ်းနာလည်တဲ့ ဆရာဝန်နဲ့ သေခြာပြသတိုင်ပင်ပြီး တိတိကျကျ ကုသဖို့လိုပါမယ်လို့ ဖြေကြားလိုက်ပါတယ်။
လိင်ဆက်ဆံခြင်းဖြင့် HIVကူးစက်ခြင်းက ရေရမှာများတဲ့အတွက် အပိုင်းဆက်ကလေးတွေနဲ့ထပ်ရေးပါမယ်။ စောင့်မျော်ဖတ်ရှုပေးကြပါဦး။