ကျွန်တော်တို့ ငယ်စဉ်အရွယ်တုန်းက ကျောင်းမှာ သင်ခဲ့ရဖူတယ်။ အာဇာနည်မျောက်မင်းအကြောင်းပေါ့။ အာဇာနည်မျောင်မင်းဆိုတာ ဘုရားဟောဇတ်တော်တစ်ပုဒ်လို့ ကျွန်တော်တို့ သိခဲ့ရပါတယ်။ အန္တရာယ်ရန်စွယ် ကျလာချိန်မှာ အသက်နဲ့ ခန္ဒူာကို စတေးပြီး သူငယ်သားတွေကောင်းရာရောက်ဖို့ စီမံဆောင်ရွက်ပေးခဲ့တယ် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စိတ်ဓါတ်ကို အတုယူဖို့ဆိုပြီး ကျောင်းက ဆရာ ဆရာမတွေသာမက အိမ်က မိဘဘိုးဖွားတွေကလည်း ဒီမြောက်မင်းပုံပြင်လေးကို မကြာမကြာပြောပြတတ်ပါတယ် ။ အဲဒီပုံပြင်လေး နားထောင်ရတောင်း ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်စိတ်တွေ အမြဲနိုးထခဲ့တယ်။
ဒါပေမယ့် .....
ဒီပုံပြင်လေးထဲကလို ကိုယ်က ခေါင်းဆောင်တစ်ခါမှ ဖြစ်ခွင့်မရခဲ့တော့ ဘယ်လိုမှ အတုယူဖို့ မရနိုင်ပါဘူး ဆိုတဲ့ အတွေးကလည်း အမြဲ ကပ်ပါးအဖြစ် ပါလာမြဲပါ .... ဘာကြောင့်ဆို ကိုယ်က မျောက်မင်းနေရာ မဟုတ်သလို နောက်လိုက် မျောက်လေးတွေဖြစ်တယ်လို့လည်း တစ်ခါမှ မတွေးမိခဲ့လို့ပဲ ... ....
မနေ့ကအထိဆိုပါတော့ ....
... .... ...
တစ်ကယ်တော့ လောကကြီးထဲ ကျင်လည်ကြရာမှာ ရှောင်လွဲလို့ မရတာက အဖွဲ့ အစည်း အသိုင်းအဝိုင်းဆိုတာပဲ ။ မိသားစုဆိုတာ အသိုင်းအဝိုင်းပဲ၊ အဖွဲ့အစည်းဆိုတာ အသိုင်းအဝိုင်းပဲ ။ ရွာ၊ မြို့၊ ပြည်နယ်၊ တိုင်း၊ နိုင်ငံ၊ လူမျိုး ... ဒါတွေအားလုံးဟာ အသိုင်းအဝိုင်းပဲ .... တစ်နည်းအားဖြင့်ပြောရရင် .. အားလုံးဟာ အဖွဲ့အစည်းပဲ....
ဒီတော့ အဖွဲ့အစည်းဆိုတာ ဖြစ်လာရင် ခေါင်းဆောင်ဆိုတာ ရှိစမြဲပါ ... ခေါင်းဆောင်ရှိရင် နောက်လိုက်မရှိလို့ရော ဖြစ်နိုင်ရိုးလား... ။ ဘယ်သူမှ ရှောင်လွဲမရနိုင်တာကတော့ ခေါင်းဆောင်ဖြစ်ခြင်းနဲ့ နောက်လိုက် ဖြစ်ခြင်းပါပဲ ။။ သင်ဟာ ခေါင်းဆောင် မဟုတ်ခဲ့ရင် သင်ဟာ နောက်လိုက်ပါပဲ ... သင့်နောက်မှာ သင့်ကို အားကိုးမှီခိုနေသူရှိရင်တော့ သင်ကခေါင်းဆောင်ပေါ့ .... ဒါဟာ လူတိုင်း လွတ်မြောက်နိုင်မှာမဟုတ်တဲ့ အမှန်တရားပဲ။။။။
သင်ဟာ မိသားစုကို ဦးဆောင်သူ မဟုတ်ရင် သင်ဟာ မှီခိုပါပဲ . သင်ဟာ ရွာသူကြီး မဟုတ်ရင် သင်ဟာ ရွာသားပေါ့။ သင်ဟာ အစိုးရ မဟုတ်ခဲ့ရင်တော့ သင်ဟာ သာမန်ပြည်သူတစ်ယောက်ဆိုတာ သင်သတိထားမိသင့်ပြီ ...
ကျွန်တော် စကားဖောင်ဖွဲ့မနေတော့ပါဘူး။ လိုရင်းလေး ဆက်သွားရအောင် ...
ကျွန်တော့ကိုယ်ကို ကျွန်တော် ပြန်မေးကြည့်တယ် .. တစ်ယောက်ထည်း နေလို့မရတဲ့ လောကထဲမှာ ကိုယ်က ဘယ်အဖွဲ့အစည်းထဲ ပါနေလဲပေါ့ ....
ကျွန်တော မှာ မိသားစု ရှိပါတယ် ... ရွာထဲနေပါတယ် ရှမ်းလူမျိုးဆိုလိုက်ရင်လဲ ကျွန်တောပါနေတာပဲ ။ မြန်မာနိုင်ငံသားစာရင်းကောက်ရင် ကျွန်တော်ပါသေးတယ်။
ဒီအပြင် လူမှုအဖွဲ့အစည်းတစ်ခုမှာလည်း အလုပ်လုပ်နေပြန်ရော ...
ကျွန်တော် ဘယ်နေရာမှာမှ အာဇာနည်မျောက်မင်းလို ခေါင်းဆောင် ဖြစ်မနေခဲ့ဘူး ... သေချာတယ် .. ဘယ်နေရာမှာမှ ဖြစ်မနေဘူး ...
သို့သော် ..... ကျွန်တော်သည် အာဇာနည်များ၏ ခေါင်းကိုကျော် ကျောကိုနင်းပြီး မြစ်ဘယ်နှစ်စင်းတောင် ဖြတ်ခဲ့ပြီလဲ ... ကျွန်တော အနောက်ကို အရှည်ကြီး ပြန်မတွေးရဲဘူး ... ကိုယ့်လိပ်ပြာကို မလုံနိုင်တော့ဘူး ... ဘာလို့လဲဆိုတော့ မနေ့ကပဲ ကျွန်တော် အာဇာနည်းတစ်ယောက်ရဲ့ခေါင်းကို နင်းခဲ့မိပြီ ... ကျွန်တော် ချမ်းသာရာကို ရောက်ခဲ့ပီ ....
အခုရော .... ကျွန်တော် နောက်ထက် အာဇာနည်တစ်ယောက်ရဲ့ ခေါင်းကိုခွနင်း ကျောပြင်ပေါ်ဖြတ်လျောက်ဖို့ ဟန်ပြင်နေမိပြီ ....
သိပ်ကို ရှည်လားလွန်းလှတဲ့ Steemit ဆိုတဲ့ လမ်းမကြီးကိုလျောက်ဖို့ ကိုယ်နဲ့ လမ်းခင်းပြီး ကြိုးတန်းဆင်နေတဲ့ MSC ဆိုတဲ့ အာဇာနည်ကြီးရဲ့ ကျောပြင်ကို နင်းနေမိပြီ ...
ထို MSC ဟူသော အာဇာနည်ကြီးမှာ ပုံပြင်ထဲက မျောက် အာဇာနည်မဟုတ် ... လက်တွေ့ဘဝမှ အာဇာနည်ပင်.... ကိုယ်နဲ့ မဆိုင်တဲ့ အာဇာနည် မဟုတ် ... ကိုယ့်ကို လမ်းခင်းပေးနေတဲ့ အာဇာနည်ပင် ...
ငယ်ငယ်ကတည်းကရင်း ပုံပြင်ထဲကနောက်လိုက်မျာက်တွေကို ကျွန်တော် သဘောမကျဘူး ... တစ်ချို့မျောက်ကိုဆို စပ်ဆုပ် မိတယ် ... မသိတတ်တဲ့ မျောက်ရိုင်းတွေဆိုပြီးတော့ပေါ့
အခု ကျွန်တော် နောက်လိုက်မျောက်တစ်ကောင်ဖြစ်နေပြီ ... MSC သွယ်တန်းပေးတဲ့ Steemit ကြိုးတန်းပေါ်မှာပေါ့ ...
ဒါပေမယ့် .. ကျွန်တော် ဤနေရာကနေ သစ္စာပြုပါတယ် ... ပုံပြင်ထဲကမျောက်တွေလို ခေါင်းဆောင် ကို နာကျင်အောင် ဖနှောင့်နဲ့ ဆောင့်ပြီး ဖြစ်သလို စွန့်ပစ်ခဲ့တဲ့ ကျေးစွတ်မျောက်တစ်ကောင် မဖြစ်စေရပါဘူး ...
ကျွန်တော်သည် ကျွန်တော်မနှစ်မြို့သော မျောက်တို့စရိုက်ကို ကျွန်တော့်ကိုယ်မှာ မထားပါဘူး ...
နင်းဖြတ်ခဲ့သော အာဇာနည်များအားလည်း ကောင်းခြင်းတစ်စုံတစ်ရာဖြင့် ကျေးဇူးဆပ်ဖို့ ခေါင်းထဲမှာ ကျောက်စာထွင်းထားပါတယ် ...
လက်တလောမှာ အရာတွင်အောင် ဘာမှ မလုပ်ဆောင်နိုင်သေးတဲ့အတွက် ခေါင်းဆောင်များအား အားနာ စာနာနားလည်ရုံမှတစ်ပါး မတတ်စွမ်းနိုင်သေးပါ ...
ခရီးဝေးတစ်ခုကိုတော့ ဆက်လျောက်ရပေဦးမည် ...
ရည်ညွန်း ... MSC အာဇာနည် ဟူသည် MSC မှ ဦးဆောင်သူများကို ဆိုလိုပါသည်။
မနေ့က ခေါင်းခွကိုယ်နင်း ပြုခဲ့မိသော အာဇာနည်ဟူသည် ယခင်မိသားစု တစ်ခုဖြစ်သော HFS မှ ခေါင်းဆောင်များကို ဆိုလိုပါသည်။ (အထူးသဖြင့် အစ်မတစ်ယောက်)
ဆက်လက်ကြိုးစားပါဦးမည် ...