စတီးမစ်မှာ ဘာလုပ်လုပ် လုပ်တတ်ရင် ငွေပဲ။! အဲလိုပြောရင် မိတ်ဆွေတို့ လက်ခံကြမလား။ လက်ခံရမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆို စတီးမစ်မှာ ပိုစ့်တင်ရင် ပိုက်ဆံရသလို ဘုတ်ပေးလည်း ပိုက်ဆံရတာပဲ ။ ကွန်မန့်ပေးလည်း ပိုက်ဆံရတာပဲ။ ဒါပေမယ့် ပေးတိုင်းမရဘူး။ ပေးတတ်မှ ရမယ်။ မသိသူကျော်သွား သိသူဖော်စား ဆိုတာ သိပ်မှန်ပါတယ်။
ကျွန်တော်ကတော့ စတီးမစ် ဆိုတဲ့ နာမည်ကို စတင်ကြားဖူးနားဝါးရှိလာတာ ဒီပိုစ့်တင်နေချိန်ထိ တစ်လ မပြည့်သေးပါဘူး။ မထမ ၁၀ ရက်ထဲမှာဆို ယောင်လည်လည်နဲ့ ဘာဆိုဘာမှမသိပါဘူး။ သူများကိုမေးတော့လည်း အစပိုင်းမှာ မေးခွန်းတွေကို ဖြေပေးမယ့်သူဆိုလို့ တစ်ယောက်ပဲရှိတယ်။ ((နောက်ပိုင်းမှ စတီးမစ်ပေါ်မှာ မိတ်ဆွေကောင်းတစ်ချို့ ရခဲ့ပါတယ်))။ ဒါကြောင့် ဒီနေ့ဒီအချိန်ထိ ကျွန်တော်အားလပ်ချိန်ရဲ့ ၈၀ % ကို စတီးမစ်နဲ့ ပတ်သတ်တာတွေ ရှာဖွေရင်း ကုန်စေခဲ့တယ်။ သိသမျှကိုလည်း မေးတဲ့သူတွေကို ပြန်လည်ပြောပြ ရှင်းပြတယ်။ ပိုစ့်အဖြစ်လည်း ရေးတင်ပါတယ်။ ပိုစ့်တင်သမျှ ပုံမှန် SBD 1$ တောင်မသေချာပေမယ့် အရှင်းဆုံးဖြစ်အောင်း စာကို အချိန်ပေးပီး ရှည်ရှည်ရေးနေပါတယ်။
ဒါကြောင့် ကျွန်တော့လို ယောင်လည်လည် မဖြစ်အောင် စတီးမစ်ပေါ် နေ့စဉ်ရောက်လာတဲ့ မန်ဘာ အသစ်တွေကို ရည်ရွယ်ပီး ရောက်းပီးသား မသိသေးသူတွေအတွက်ပါ တန်ဖိုးရှိအောင် ရေးသားခြင်းဖြစ်ပါတယ်။
အခု ဆက်လက်ရေးသားမှာကတော့ vote ပေးခြင်းနဲ့ ပါတ်သတ်တဲ့ သိသင့်သိထိုက်တာလေးတွေပါပဲ။ Vote ပေးရင်းနဲ့ ငွေရှာလို့ရတယ်။ စတီးမစ်ပေါ်က ကြိုးစားတဲ့သူတွေကို ကူညီလို့ရတယ်။ သုံးတတ်ရင် မှန်မှန်သုံးရင် အလွန်တန်ဖိုးရှိတဲ့ up Vote အကြောင်းပါ။
Vote နဲ့ သက်ဆိုင်တာတွေကို ကြည့်မယ်ဆိုရင် ၁) Voting power ၂) curation reward, vote ပေးလို့ရတဲ့ဆုကြေး။ ၃) Steem Power နဲ့ Vote ရဲ့ အကျိုးသက်ရောက်မှု။ ၄) အငှား ပါဝါ။
ဒီလေးမျိုးကတော့ Vote နဲ့ ပါတ်သတ်တဲ့ မသိမဖြစ်အရာတွေပါ။ သင်မသိရင် နောင်တရပါလိမ်မယ်။
ကယ် နည်းနည်းလောက် အသေးစိပ်ထပ်လေ့လာရအောင်ဗျာ။
၁) Voting power ဘုတ် အား။
ဘုတ်အားကို ရာခိုင်နှုန်းနဲ့ြ့ပပါတယ်။ ၁၀၀ ရာနှုန်းက အပြည့်ပေါ့။ သင် ဘုတ်အားအပြည့်နဲ့ ဘုတ်တစ်ခါပေးရင် သင်ရှိတဲ့ ဘုတ်အားထဲက အား ၂ ရာနှုန်းလျော့ပါလိမ့်မယ်။ ၁၀ ခါဆိုရင် ၂၀ ရာနုန်းလျော့တာပေါ။ ဘုတ်အားက အလိုလိုပြန်ပြည့်တတ့်ပါတယ်။ ဒါပေမယ့် ၂၄ နာရီကို ၂၀ % ထိပဲ ပြန်ပြည့်ပါလိမ့်မယ်။ တစ်နာရီကို ၂ ရာနှုန်းတောင် ပြန်မပြည့်ပါဘူး။
သင်ဘုတ်အားနည်းလာရင် သင်ဘုတ်လို့ သူများရမယ့် တန်ဖိုးလည်း နည်းပါလိမ့်မယ်။ ဥပမာ သင်က ဘုတ်အားတစ်ရာရှိချိန် ဘုတ်အားအပြည့်နဲ့ ဘုတ်လို့ ၀.၀၂ တက်တယ်ဆိုပါစို့။ ဒါဆိုရင် သင်ဘုတ် ၅၀ ရှိချိန်မှာ သင့်ဘုတ်က ၀.၀၁ သာတက်ပါလိမ့်မယ်။ ဒါကြောင့် သင့်ဘုတ်အားကို အနည်းဆုံး ၅၀ ထက် မလျော့အောင် ထိန်းထားသင့်ပါတယ်။ ပါးနပ်တဲ့သူတွေကတော့ ဘုတ်အားကို ၇၀ အထက်မှာပဲ ရှိစေပါတယ်။ သင်ံရဲ့ လက်ရှိဘုတ်အားကို သိချင်ရင်တော့ steemnow.com/@(သင့်နာမည်) နှိပ်ပီးဝင်နိုင်ပါတယ်။ သင် ဘုတ်အားကောင်းကောင်းနဲ့ ဘုတ်ရင် သင်ရရှိမယ့် ဘုတ် ဆုကြေး curation reward လည်းများပါလိမ့်မယ်။
ဒါကြောင့် သင့်ဘုတ်အား ကို ဘယ်လိုချွေတာသုံးသင့်တယ်ဆိုတာ ချင့်ချိန်ပြုပြင်သင့်ပါတယ်။ သင် တွေ့ကရတွေအားလုံးကို လိုက်ဘုတ်နေရင် သင်ဘုတ်တန်ဖိုးကျသွားပါလိမ့်မယ်။ ကောင်းတဲ့ပိုစ့်တွေ ကိုယ့်အတွက်အကျိုးရှိမယ့် ပိုစ့် ကိုယ့် ဘုတ်တစ်ချက်နဲ့ ထိုက်တန်မယ့်ပိုစ့်တွေကို ရှာဖွေဘုတ်ပေးမှ စတီးမစ်မှာ တစ်ကယ်ကြိုးစားတဲ့သူ တန်ဖိုးရှိတဲ့သူတွေ ရပ်တည်နိုင်မှာပါ ။
စကားမစပ်...... ဘုတ်အားနဲ့ပါတ်သတ်လို့ ဒီထက်ရှုပ်ထွေးတာတွေ ရှိပါသေးတယ်။ သင်ထင်သလို့တော့ မရိုးရှင်းပါဘူး။
၂) ဘုတ်ဆုကြေး။ (curation reward)
သင်က သူများရဲ့ ဖန်တီးမှု (စာ၊ ဆောင်းပါး၊ အနုပညာ) တစ်ခုခုကို သဘောကျလို့ ဘုတ် ပေးတယ်ဆိုရင် စတီးမစ်က သင့်ရဲ့ သူတစ်ပါးပေါ် အသိအမှတ်ပြုမှုကို ပြန်လည်အသိအမှတ်ပြုတဲ့ အနေနဲ့ ဆုကြေးပြန်ပေးပါတယ်။ ဘုတ်အတွက်တင်မဟုတ်ပဲ reply အတွက်ပါပေးပါတယ်။ ပုံမှန်အားဖြင့်တော့ ပိုစ့်စုစုပေါင်းရငွေရဲ့ ၇၅ ရာနှုန်းကိုသာ ပိုစ့်ပိုင်ရှင်က ရပီး ကျန် ၂၅ ရာခိုင်နှုန်းကို ဘုတ်ပေးတဲ့သူတွေဆီ ခွဲပေးပါတယ်။
ဘယ်လိုပေးပါသလဲ။
အရင်ကတော့ စနစ်က တစ်အားရိုးရှင်းပါတယ်။ မျှတမှုလဲ မရှိဘူးလို့ ဆိုရမယ်။ ဘာလို့လဲဆို ဘုတ်အရင်ပေးသူက ဆုကြေးအများဆုံး ရလို့ပါပဲ။ ဥပမာ ပိုစ့်တင်တင်ချင်း ဘယ်သူမှ မဘုတ်ခင် သင်က ဘုတ်လိုက်ပြီး အဲပိုစ့်က ပိုက်ဆံတွေ အများကြီးရတယ်ဆိုရင် သင့်အတွက် ဆုကြေးကလည်း များများရတာပေါ့။ ဥပမာ ဘုတ်ဆုကြေး ၂၅ ရှိရင် သင်က ၂၀ ကနေ ၂၃ ထိ ရနိုင်ပီး ကျန်တာတွေကို နေက်ပိုင်းဘုတ်သူတွေကို ခွဲပေးလိမ့်မယ်။ ... ဆိုတော့ ပြသနာက ဘုတ်ပေးမယ့်သူတွေက ဘုတ်ကို အလုအယက်ပေးကြတယ်။ ပိုစ့်ပါအကြောင်းအရာတွေ စိတ်မဝင်စားတော့ဘူး။ ဒီကြားထဲ အော်တို ဘုတ်တွေက ရှိနေတော့ အရင်ဆုံးဘုတ်နိုင်သူတွေက သာမန်လူသားတွေဖြစ်ဖို့ခက်ခဲတယ် ဒါကြောင့် ဒီစနစ်ကို ပြင်ခဲ့ကြပါတယ်။
၂၀၁၆ နှစ်လည်ပိုင်းလောက်ကစပီး ဘုတ်ဆုကြေးပေးစနစ် အသစ်ကို အသုံးပြုခဲ့တယ်။ အဲစနစ်မှာကတော့ အရင်ဘုတ်သူကို ဆုကြေးပေးတဲ့ စနစ်မဟုတ်တော့ဘူး။
ဒီစနစ်အကြောင်းနည်းနည်း ရှင်းပြပါမယ်။
ဥပမာ ပိုစ့်တစ်ခုကို တင်တင်ခြင်း သင်က ဘုတ်ပေးလိုက်မယ်ဆိုရင် သင်ဟာ ဆုကြေးလုံးဝရှိမှာ မဟုတ်ပေး သင့်ဆုကြေးအားလုံးကိုပိုစ့်ပိုင်ရှင်သာ ရရှိသွားပါလိမ့်မယ်။
တစ်ကယ်လို့ သင်က ပိုစ့်တစ်ခုကို တင်ပီးတဲ့နောက် မိနစ်သုံးဆယ်မပြည့်ခင် ၂၉ မိနစ်ကျော်လောက်မှာ ဘုတ်ပေးရင်ကြတော့ သင်ဆုကြေးကို သင်အပြည့်အဝပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
တစ်ကယ်လို့ သင်က ၁၅ မိနစ် အချိန်မှာ ဘုတ်ပေးမယ်ဆိုရင်တော့ သင့်ဆုကြေးကို ပိုစ့်ပိုင်ရှင်နဲ့ တစ်ဝက်စီ ခွဲယူကြရမှာပေါ့။ ဒါက ဥပမာ သတ်သတ်ပါ။ တစ်ကယ်တော့ မိနှစ်သုံးဆယ် ဆိုတဲ့ အကန့်အသတ်ပဲ ရှိတယ် ၁၅ မိနှစ်ဆိုတာ မရှိပါဘူး။ အချိန်နည်းနည်းကြာ်တာနဲ့ အမျှ ဆုကြေး များလာတယ်လို့ ဆိုလိုတာပါ။ ဒါက ပိုစ့်ကို တွေ့တွေ့ခြင်းမပေးပဲ ပိုစ့်ကို လေ့လာဖတ်ရှုဖို့ အချိန်ပေးလိုက်တာပါ။ ။ တစ်ကယ်အလုပ်လုပ်ပုံစနစ်ကတော့ သိပ်ရှုပ်ထွေးလှပါတယ် ။ ကျွန်တော်တို့လို ပုံမှန်အသုံးပြုအတွက် ဒီလောက်သိရင် မဆိုးတော့ပါဘူး။ ဒီအချက်လေးကို သိတော့ vote ကို ဘယ်အချိန်လောက်မှာ ပေးရင် ကိုယ့်အတွက် အကျိုးအမြတ်ရှိမလဲဆိုတာ မှန်းဆလို့ရတ်ာပေါ့ဗျာ။
ဒီနေ့တော့ ဒီလောက်နဲ့ နားပါရစေ။ အဆက်ကို နောက်နေ့မှာ တင်နိုင်အောင် ကြိုးစားပါ့မယ်။ အချိန်လုနေရလို့ပါ။
စာဖတ်ပရိတ်သတ်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Up vote နဲ့ အားပေးခဲ့ပါ။ သင့်မိတ့်ဆွေများလည်း သိသင့်တယ်ထင်ရင် Resteem လုပ်ပေးပါ။ သို့မဟုတ် လင့်ချပေးရင်း ဤပိုစ့်သို့ လမ်းညွှန်ပေးပါ။
နားမလည်းတာရှိခဲ့ပါက (သို့) အကြံပြုလိုပါက reply ကိုနှိပ်၍ စာတိုချန်ခဲ့ပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။