Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
The photo I want to share with you this week is of the Chaukhandi Stupa, located in Sarnath, about 8 kilometers north of Varanasi, in the state of Uttar Pradesh. I took this photo last April while on a pilgrimage to the famous Bodh Gaya in India. India is home to many ancient structures. So I took a lot of photos.
This pagoda is different from other pagodas and has a unique architectural style. What is unique is that it is not perfectly round like other pagodas. The architecture is also of two types. You will see two different characteristics. This is an ancient architectural masterpiece, and what makes it unique is the The Octagonal Tower on top of the pagoda.
When asked about the reason for the two different architectural styles, the lower pagoda was a Buddhist structure and was originally a square brick mound with steps. It was built with bricks and mortar during the Gupta Period between the 4th and 6th centuries AD.
The Octagonal Tower: At the top of the pagoda, you will see a small octagonal structure (tower). This is not a Buddhist structure, but a Mughal architectural addition built on top of the pagoda by the Mughal Emperor Akbar in the 16th century (1588). The Chaukhandi Stupa stands on the spot where Lord Buddha first met the five ascetics. From here, he walked to the Deer Park to preach his first sermon, the Dhammacakka Sutta. Today, the Chaukhandi Stupa is well-preserved by the Archaeological Survey of India (ASI). It remains a must-visit historical site for both Buddhist pilgrims and tourists visiting Sarnath.
မိတ်ဆွေတို့ကို ဒီတပတ်မျှဝေပေးချင်တဲ့ ဓာတ်ပုံကတော့ ဥတ္တရပဒေသပြည်နယ် (Uttar Pradesh)၊ ဗာရာဏသီမြို့ (Varanasi) ရဲ့ မြောက်ဘက် ၈ ကီလိုမီတာခန့်အကွာက သာရနာထ် (Sarnath) မှာ တည်ရှိတဲ့ ချောက်ခန္ဒီ စေတီတော် (Chaukhandi Stupa) ရဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီလက အိန္ဒိယနိုင်ငံရဲ့ ကျော်ကြားလှတဲ့ ဗုဒ္ဓဂယာကို ဘုရားဖူးသွားခဲ့ရင်းနဲ့ ရိုက်ယူခဲ့တဲ့ဓာတ်ပုံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရှေးဟောင်း အဆောက်အဦတွေများပြားလှပါတယ်။ ဒီတော့ ကျွန်တော်လည်း ဓာတ်ပုံတွေအများကြီးရိုက်ယူခဲ့ပါတယ်။
ဒီစေတီတော်က အခြားစေတီတော်တွေနဲ့မတူပဲ ထူးခြားတဲ့ ဗိသုကာလက်ရာကို မြင်တွေ့ရပါတယ်။ ဘာတွေထူးခြားနေသလဲဆိုရင်တော့ အခြားစေတီတော်တွေလို လုံးဝိုင်းတဲ့ ပုံသဏ္ဍာန်မဟုတ်တာကို မြင်တွေ့ကြရမှာပါ။ ဗိသုကာလက်ရာကလည်း နှစ်မျိုးဖြစ်နေပါတယ်။ မတူညီတဲ့လက္ခဏာ နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ရှေးခေတ်ဗိသုကာလက်ရာဖြစ်ပြီး ရောထွေးနေတာက စေတီတော်ရဲ့အပေါ်မှာ ရှစ်မြောင့်ပုံ ရဲတိုက်ရှိနေခြင်းဖြစ်ပါတယ်။
မတူညီတဲ့ ဗိသုကာလက်ရာ နှစ်ခုဖြစ်ရတဲ့ အကြောင်းရင်းကို မေးမြန်းမိတဲ့အခါ အောက်ခြေစေတီတော်ကြီးက ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဗိသုကာလက်ရာဖြစ်ပြီး မူလက လှေကားထစ်တွေပါဝင်တဲ့ လေးထောင့်ပုံသဏ္ဍာန် အုတ်ကုန်းကြီးဖြစ်ကြောင်းသိရပါတယ်။ ခရစ်နှစ် ၄ ရာစုကနေ ၆ ရာစုအတွင်း ဂုပ္ပတ္တမင်းဆက် (Gupta Period) မှာ အုတ်အင်္ဂတေတွေနဲ့ စတင်တည်ဆောက်ခဲ့တာ ဖြစ်ကြောင်းသိခဲ့ရပါတယ်။
ရှစ်မြှောင့်မျှော်စင် (The Octagonal Tower): စေတီတော်ရဲ့ အပေါ်ဆုံးမှာ ရှစ်မြှောင့်ပုံစံ အဆောက်အအုံငယ် (မျှော်စင်) တစ်ခု ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ မူလဗုဒ္ဓဘာသာလက်ရာ မဟုတ်ပါဘူး။ ခရစ်နှစ် ၁၆ ရာစု (၁၅၈၈ ခုနှစ်) မှာ မဂိုဧကရာဇ် အက္ကဘာ (Akbar) က အပေါ်ကနေ ထပ်ဆင့်ဆောက်လုပ်ခဲ့တဲ့ မဂိုဗိသုကာလက်ရာ ဖြစ်ပါတယ်။ ချောက်ခန္ဒီစေတီတော် တည်ရှိတဲ့နေရာဟာ မြတ်စွာဘုရားရှင်နဲ့ ပဉ္စဝဂ္ဂီငါးဦးတို့ ပထမဆုံး ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့ နေရာ ဖြစ်ပါတယ်။ ဒီနေရာကနေတစ်ဆင့် ဘုရားရှင်ဟာ မိဂဒါဝုန်တောထဲကို ဆက်လက်ကြွမြန်းပြီး ဓမ္မစကြာတရားဦးကို ဟောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချောက်ခန္ဒီစေတီတော်ကို အိန္ဒိယရှေးဟောင်းသုတေသနဌာန (Archaeological Survey of India - ASI) က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ သာရနာထ်ကို လာရောက်ကြတဲ့ ဗုဒ္ဓဘာသာဘုရားဖူးခရီးသည်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ မလွဲမသွေ သွားရောက်လေ့လာကြတဲ့ သမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #2/7.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #2/7. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -
