ဒီတစ်ခုကနံရံအလှဆင်တစ်ခုဖြစ်ပြီး၊ပန်းပွင့်လေးတွေ၊သစ်ရွက်လေးတွေနဲ့အလှဆင်ထားပါတယ်။ပန်းပွင့်သုံးပွင့်၊သစ်ရွက်လေးတွေ၊အစိမ်းရောင်စက္ကူအပိုင်းလေးတွေနဲ့လေးထောင့်ပုံစံကတ်ထူကိုဆေးခြယ်တာတွေပြုလုပ်ရမှာပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာဖြင့်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့လိုအပ်ပါတယ်။ပထမအဆင့်မှာ A4size စာရွက်ကိုကတ်ထူဖြင့်ကော်ကပ်ပြီး၊ပုံပြထားတဲ့အတိုင်းဆေးခြယ်လိုက်ပါတယ်။ပြီးနောက်အဝါရောင်စက္ကူအပိုင်းများဖြင့်ဘောင်ခတ်လိုက်ပါတယ်။ဆက်လက်ပြီးပန်းပွင့်လေးတွေပြုလုပ်ပါတယ်။အရွယ်တူစက္ကူအပိုင်းငယ်များညှပ်၍၊အခြားစက္ကူစပေါ်ထိုစက္ကူအပိုင်းလေးတွေကိုကော်ကပ်ပြီး၊ပန်းပွင့်ပုံပြုလုပ်လိုက်ပါတယ်။ပြီးနောက်သစ်ရွက်လေးတွေဖြတ်ပြီး၊အစိမ်းရောင်စက္ကူအပိုင်းလေးတွေလည်းခေါက်လိုက်ပါတယ်။ကတ်ထူပေါ်ပန်းပွင့်များ၊သစ်ရွက်များ၊ကိုကော်ကပ်အလှဆင်ပြီး၊အစိမ်းရောင်စက္ကူကိုတစ်ဘက်မှာအပိုင်းငယ်လေးတွေညှပ်၍ပေတံဖြင့်ခေါက်ပြီး၊ကျန်တစ်ဘက်မှာကော်ကပ်၍ထပ်မံပြီးအလှဆင်ပါတယ်။




