ဂါရဝတရား လက်ကိုင်ထား
ဂါရဝတရားဆိုတာ မင်္ဂလာတရားပါ
မြတ်စွာဘုရားကိုယ်တော်တိုင် မင်္ဂလသုတ်မှာ
ဂါရဝေါစ နိဝါတောစ ဟူ၍ဟောကြားတော်မူခဲ့ပါတယ်u
ကိုယ့်ထက် အသက် ဂုဏ်သမာဓိ သီလအားဖြင့် ကြီးမြင့်သူတို့ကို ရိုသေလေးစားခြင်းဟာ ဂါရဝတရားဖြစ်ပါတယ်
ရိုသေထိုက်သူကို ရိုသေခြင်းသည် ''ဂါရဝ'' မင်္ဂလာဖြစ်၏။
မိမိကိုယ်ကို နှိမ့်ချခြင်းသည် "နိဝါတ" မင်္ဂလာဖြစ်၏။
ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်းသည် "မင်္ဂလာတရားတော်" နှင့်အညီ နေထိုင်ခြင်း ဖြစ်၏။ တနည်း မိမိထက် ကြီးမြင့်သူကို ရိုသေလေးစားစွာ ပူဇော်ခြင်း၊ တန်းတူကို လေးစားခြင်းဖြင့် ကူညီခြင်း၊ ငယ်သူကို သနားသဖြင့်ချီးမြှောက်ခြင်း ဖြစ်၏။
မင်္ဂလာတရားတော်နှင့်အညီ နေထိုင်ကျင့်သုံးသူသည် "ဗုဒ္ဓအဆုံးအမ မြတ်ဓမ္မနှင့်အညီ" နေထိုင်သူပင်ဖြစ်၏။
ဓမ္မနှင့်အညီနေထိုင်ခြင်းသည်ပင် "တရားကိုစောင့်ခြင်း" ဖြစ်၏။
တရားကိုစောင့်သောသူအား "တရားကပြန်လည်စောင့်ရှောက်ခြင်း" ခံရ၏။
တရားကစောင့်ရှောက်ခြင်းခံရသူ၌ ဘေးရန်အန္တရာယ်တို့မကျရောက်၊ မျက်မှောက်ဘဝ၌လည်း လူ နတ်တို့ချစ်ခင်ကြည်ညိုမှုကိုရရှိ၍ ဆောင်ရွက်သမျှအောင်မြင်ကာ ကောင်းကျိုးချမ်းသာများစွာရ၏။ သံသရာအဆက်ဆက်၌လည်း လိုက်ပါအကျိုးပြု၏။ နောက်ဆုံး မဂ်ဖိုလ်တရားများကိုပင် လျင်လျင်မြန်မြန်ရရှိစေနိုင်ကာ နိဗ္ဗာန်ကို စံဝင်ရနိုင်၏။
ကဲ..ဘယ်လောက်အကျိုးများလိုက်ပါသလဲ ၃၈ဖြာ မင်္ဂလာတရားတော်ထဲမှ ဂါရဝေါစ နိဝါတောစ မင်္ဂလာလေးကို စောင့်ရှောက်ရုံမျှဖြင့် များပြားလှသော အကျိုးတွေကိုရတယ်နော်။ မြောက်များလှသော မြတ်ဗုဒ္ဓ၏ အဆုံးအမတရားတွေကို နေထိုင်ကျင့်သုံးလိုက်နာသူများ၏ အကျိုးတရားများကိုမူကား ရေတွက်၍ပြခြင်းပင် စွမ်းနိုင်မည်မထင်ပါ။
" ဂါရဝတရား လူသားနွယ်ဖွားတိုင်း ရှိကြပါစေ။ "
ဆိုးကျိုး
ဂါရဝ တရား မရှိတော့ဘူး ဆိုရင်
လောကကြီးတောင် ပျက်လုနီးပါး ဖြစ်လာနိုင်တယ်။
ယခု ဆိုရင် လောကမှာ ရှိသော
လူသားနွယ်ဖွား တော်တော်များများ ဟာ
ဂါဝရ တရား ပျက်ပြားကုန်ကြပါပြီး။
ဂါရဝတရား မရှိတော့ ဘူဆိုရင်
ခံရမည့် ရလာဒ်က သေလျှင် ငရဲကျတတ်ကြောင်း
ငရဲမှလွတ်ပါကလည်း အကုသိုလ် အကျိုးဆက်ကြောင့် ရဟန္တာဖြစ်မည့် ဘဝ အထိ အရပ်ပုခြင်း လူစဉ်မမီခြင်း သူများ၏စနောက်မှု အဂါရဝပြုမှုကို ပြန်ခံရခြင်းစသော အပြစ်ဒဏ်များ ရရှိနိုင်ပါတယ်
ဘာသာတရားတိုင်းမှာ လူပီသဖို့ အဆုံးအမတွေ ကိုယ်စီ ရှိနေတတ်ကြတာမို့လို့ ဘာသာတရားရဲ့ အဆုံးအမ အောက်မှာ နေထိုင်ရင်း ...
ဂါရဝေါ စ နိဝါတော စ ရိုသေထိုက်သူကို ရိုသေပြီး မိမိကိုယ်ကို မောက်မာဝင့်ကြွား မပြုမူဘဲ ယဉ်ကျေးသိမ်မွေ့ နှိမ်ချနေထိုင်တတ်ခြင်း ဆိုတဲ့ မြတ်သောမင်္ဂလာ ကိုကျင့်ကြံ နိုင်ကြပါစေ ။
ကိုယ်က စလို့ သူတစ်ဦး အပေါ် မှာ ရိုသေလေးစား အလေးအမြတ်ပြုဖူးခြင်း ရှိမှသာ ကိုယ့်ကိုလည်း သူတစ်ပါးက ဂါရဝ ရှေ့ထား လေးစားရိုသေ တဲ့ အဖြစ်ကို ပြန်ရမှာ မို့ ...
လူ့ပတ်ဝန်းကျင်မှာ လိုက်နာ စောင့်ထိန်းအပ်တဲ့ လူမှုယဉ်ကျေးခြင်း ကျင့်ဝတ်များ ကိုလည်း သေချာတိကျ လိုက်နာ နိုင်ကြပါစေ
လူသားတိုင်း ဂါရဝတရား လက်ကိုင်ထားနိုင်ကြပါစေ။