အပိုင်း ၁ ဖတ်ရှုရန်
ဦးကျော်တစ်ယောက် သူရည်ရွယ်ထားသည့်အတိုင်းနောက်တစ်နေ့ နံနက်၌ ဝိုင်းဝန်းကူညီတတ်သည့်လူငယ်လေးများနှင့်တွေ့ဆုံ၍ လမ်းမီးတိုင်လေးများပြုလုပ်ရန် တိုင်ပင်ကြလေသည်။
"လုပ်တာက ဟုတ်ပါပြီဦးကျော် မှောင်တဲ့နေရာတလျှောက်လုံး အကုန်လုပ်မယ်ဆိုရင် ၁၄တိုင်၁၅တိုင်လောက် လုပ်ရမယ်ထင်တယ်ဗျ"
"တိုင်အတွက်ကုန်ကျငွေရယ် ကြိုးဆွဲဖို့၊ကြွေသီးတပ်တာတွေ၊ဖန်ချောင်းတွေဆင်ဖို့ရယ်ဆို ကုန်ကျစရိတ်က မနည်းဘူး ဦးကျော်ရေ"
ဦးဇော်ကြီး ပြောသည်လည်းမှန်ပေသည်။ရပ်ကွပ်အစမှ လမ်းထိပ်ထိအရောက်ဆိုလျှင် ခန့်မှန်းခြေအားဖြင့် ကုန်ကျငွေဆယ်သိန်းခန့်ရှိမည်။
"ကွန်ကရစ်လမ်းမကြီးတောင်ဖြစ်အောင်လုပ်လာကြပြီးပြီဘဲဦးဇော်ရယ်။ဒီမီးတိုင်လေးလောက်တော့ ကျုပ်တို့မလုပ်နိုင်စရာအကြောင်းမရှိပါဘူး"
ဟုတ်ပေသည်။
.
ပေပေါင်း ၁၈၀၀၊၂၀၀၀နီးပါးရှိသည့်လမ်းလေးအားပင် ကွန်ကရစ်လမ်းလေးဖြစ်အောင်လုပ်ခဲ့ကြပြီးဖြစ်လေသည်။ ဤလမ်းလေးအကြောင်းအား ကျွန်ုပ်၏ "ဒါနလမ်းလေး" စာစု၌ ရေးသားခဲ့ပြီးဖြစ်သည်။
ကျန်လူငယ်လေးများကား ဝင်ရောက်ပြောဆိုခြင်းမရှိကြပေ။ဦးကျော်နှင့် ဦးဇော်တို့နှစ်ဦးသာ ဒိုင်ခံ၍ဆွေးနွေးနေကြလေ၏။
လူငယ်လေးတို့ကား ဤကဲ့သို့ ဆွေးနွေးလျှင်သာ ဝင်ရောက်မပြောဆိုကြသော်လည်း ကိစ္စတစ်ခုစတင်လုပ်ဆောင်ပြီဆိုသည်နှင့် အားကြိုးမာန်တက် လုပ်ကိုင်တတ်ကြလေ၏။လွန်စွာအားကိုးရသူများပင်။
" ဒီလိုလုပ်မယ်ဗျာ မီးတိုင်လုပ်ဖို့ ကျွန်တော်က၅သိန်းမတည်လိုက်မယ်။ ကျန်တာကို ကိုယ့်ရပ်ကွပ်သူ၊ရပ်ကွပ်သားတွေထဲက လှူချင်တဲ့လူရှိရင် အလှူခံကြတာပေါ့။ "
"လမ်းလုပ်စဉ်အခါ၌ကလည်း ဦးကျော်ယခုလိုပင် စတင်၍မတည်ငွေထည့်ခဲ့လေသည်။
"ဟုတ်ပြီလေ။ကျန်တာကို ကျွန်တော်နဲ့ ကလေးတွေအလှူခံလိုက်ပါ့မယ်"
ဦးကျော်မှ မတည်ငွေ၅သိန်း၊ဦးဇော်ကြီးနှင့် လလူငယ်တစ်သိုက် အလှူခံ၍ရသည့်ငွေတို့ဖြင့်ပေါင်းလိုက်ရာ ၁၁သိန်းပင်ကျော်လွန်ရရှိလေသည်။ ဤနေရာ၌ ဦးဇော်ကြီး၏ အပါးနပ်စွာပြောဆိုတတ်မှုကို ချီးကျူးရပေမည်။သူ၏လိမ်မာပါးနပ်စွာပြောဆိုတတ်မှုကြောင့် အလှူငွေ တော်တော်များများရရှိခဲ့သည်မဟုတ်ပေလော။
.
Crd-org-source
.
Msc No 179
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။