လူတွေဟာ ဝတ်ကောင်းစားလှဝတ်လို့ ကားကောင်းကောင်း စီးနေသူတွေ့ရင် အားကျကြတယ်။ သူ့ကိုအားကျတဲ့အချိန်တည်းမှာပဲ မိမိကိုယ်မိမိ သိမ်ငယ်စိတ်ဝင်လာတယ်။ သူ့ကို လူတော်တစ်ယောက်လို့မြင်ပြီး ကိုယ်ကတော့ လူညံ့တစ်ယောက်လို့် ခံစားလိုက်ရတယ်။ ဒါဟာ မဖြစ်သင့်တဲ့အရာပါ။
တစ်နေ့မှာ ကျနော်ဟာ မြို့တစ်မြို့ကို သွာ့းဖို တစ်ယောက်တည်း ကားမောင်းထွက်သွားတယ်။လမ်းမှာ ကားဟာ ရွှံဗွက်အိုင်တခုထဲ ကျသွားပြီး ကားနောက်ဘီ၂လုံးဟာ ဗွက်အိုင်ထဲမှာ နစ်နေတယ်။ ကားကို ဗွက်အိုင်ထဲက ရုန်းထွက်နိုင်ဖို့ ကားကိုစက်နှိုးရုံးတာ ၄၅မိနစ်ကြာအထိ ရုန်းမထွက်နိုင်တာနဲ့ လက်လျှော့လိုက်ပီး ကားပျက်ရင် ဆွဲပေးတဲ့ ကုမ္ပဏီကို ဖုန်းလှမ်းဆက်တယ်။ တစ်ဖက်က ဖုန်းမကိုင်ပါဘူး။ ၁၅မိနစ်လောက် ဖုန်းဆက်ပေမယ့်လဲ ဖုန်းဆက်မရပါ။
ကျနော်လဲ စိတ်ပျက်လက်ပျက်နဲ့ နေပူကျဲကျဲ အောက် ကားကိုမှီရင် ရပ်နေပါတယ်။ အနားကို ကားတစိစီး ရောက်လာတယ်။ ကားက တိုယိုတာ ပစ်ကပ်ကားဟောင်း တစ်စီးပါ။ ကားပေါ်ကဆင်းလာသူဟာလည်း အဝတ်အစားစုတ်စုတ်ပြတ်ပြတ် ဝတ်ထားပါတယ်။ ကျနော် သူ့ကိုမြင်မြင်ချင်း အထင်သေးစိတ်ဝင်ပြီး စကားပြောချင်စိတ်မရှိတာနဲ့ တစ်ဖက်ကို မျက်နှာ လွှဲနေပါတယ်။
သူက အနားကပ်လာပြီး ဘာဖြစ်နေတာလဲလို့ မေးပါတယ်။ ကျနော်က စကားမပြောဘဲ ဗွက်အိုင်ထဲ နစ်နေတဲ့ ကားဘီတွေကိုပဲ လက်ညိုးထိုးပြလိုက်တယ်။ သူက ကူညီပါရစေ ။ သူလုပ်ကြည့်ပေးမယ်လို့ပြောတယ်။ ကျနော်က ကျနော်မာစီးဒီးကားကို တက်မမောင်းစေချင်လို့ မလိုပါဘူး လို့ပြောလိုက်တယ်။ ကျနော့်ကားကို မမောင်းစေချင်ဘူး ဆိုတာကို သူရိပ်စားမိတော့ သူက ကားကို မမောင်းပါဘူး။ အပြင်ကနေပဲ လုပ်ပေးမှာပါလို့. ပြောလို့ ကျနော်လဲ မတတ်သာဘဲ သဘောတူလိုက်တယ်။
သူကဗွက်ထဲနစ်နေတဲ့ ကားဘီကို လက်နဲ့ အားစိုက်ပြီး လှည့်လိုက်တယ်။ အနေအထားတစ်ခုရောက်တော့ သူက ကားကိုမောင်းကြည့်ဖို့ ပြောလို့ ကျနော် ကားထဲဝင်ပြီး စက်နှိုးမောင်း ထွက်လိုက်တယ် ၅မိနစ်လောက် ကားကိုရုံးးထွက်ရင်းနဲ့. ဗွက်အိုင်ထဲက ထွက်လာနိုင်တယ်။ ကျနော်က ကျေးဇူး တင်လွန်းလို့ ပိုက်ဆံ ဘယ်လောက်ပေးရမလဲ ပြောတယ်။ သူက ပေးစရာမလိုပါဘူး၊ စေတနာနဲ့ ကူညီတာပါတဲ့။ ဒါနဲ့ ခုလို လုပ်နိုင်တဲ့ ပညာကို ဘယ်က တတ်တာလဲလို့ မေးတော့ သူက ငယ်ငယ်ကတည်းက ရွာမှာ ထွန်စက်တွေ၊ကားတွေ ဗွက်ထဲနစ်ရင် အမြဲ ကူညီပေးလို့ ကျွမ်းကျင်နေတာပါတဲ့။
အဲဒီနေ့မှာပဲ ကျွန်တော် ဘဝသင်ခန်းးစာတစ်ခုကို ရလိုက်ပါတယ်။လူတွေကို သူတို့ရဲ့ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှုကို ကြည့်ပီး အထင်မသေးဖို့ရယ်၊လူတိုင်းမှာ ကို့ထက်သာတဲ့ အရည်အချင်း အနည်းဆုံး တစ်ခုတော့ရှိကြတယ်ဆိုတာပါ။
သူများလိုမကြီးပွားလို့၊ မအောင်မြင်လို့၊ ကားကောင်းမစီးနိုင်လို့ သူတို့နဲ့ နှိုင်းယှည်ပြီး စိတ်ဓာတ်ကျမနေပါနဲ့။ သူတို့မှာမရှိတဲ့ အရည်အချင်းတစ်ခုကို ကိုယ့်မှာ ရှိနေတယ်ဆိုတာသိပြီး အဲဒီအရည်အချင်းကို ပိုပြီး တိုးတက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။
HFS A-15