ရှက်ကြောက်ခြင်း
မည်သူမဆို လူတစ်ယောက်က ဘယ်လိုတော်ကြောင်းကို တချိန်လုံး ကြားချင်နေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် အဲလူကိုယ်တိုင်က ထုတ်ပြောလာတာမျိုးပေါ့။ သင့်ရဲ့အလုပ်ကသာ သင်ဘာဖြစ်တယ်ဆိုတာ ပြောပြပါစေ။ ကိုယ်ငါးချဉ်ကိုယ်ချဉ်တဲ့ သူ မဖြစ်ပါစေနဲ့။ မိမိကိုယ်ကို ယုံကြည်မှုဆိုတာ အကြီးကျယ်ဆုံးသော အကျင့်စရိုက်တစ်ခုပါ။ ဒါပေမယ့် အရှက်အကြောက်စိတ်နဲ့ ယှဉ်တွဲပြီး ထိန်းသိမ်းထားရပါတယ်။
ဒီအရည်အချင်းတွေက စွန့်ဦးတီထွင်သူတွေနဲ့၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပေး အားထုတ်ဖို့ ဆန္ဒပြင်းပြတဲ့ ခေါင်းဆောင်တွေအတွက် စွမ်းအားမြင့် လက်နက်ကိရိယာတွေဖြစ်နိုင်ပါတယ်။