ဒသနစာစုများ
💬💬💬💬
မရေရာတဲ့ ခန့်မှန်းမှုတွေနဲ့ ဘ၀ကို အ
လောင်းအစား မလုပ်ပါနဲ့!!
သရက်ပင်ကိုတော့ တစ်ယောက်တည်း
စိုက်ပါ၊
သရက်သီးကိုတော့ ဝေမျှကျွေးပါ !!
ပညာရဲ့တန်ဖိုးကို ထမင်းငတ်မှသာ
သိတတ်ကြတော့တယ် !!
လသာမှ ဗိုင်းငင်မယ်လို့ တွေးမနေနဲ့ .. လူ့ဘ၀ဆိုတာ တခဏ .. လသာသာ မသာသာ ဗိုင်းငင်ရမှာပဲ!!
ရိုးသားမှု၊
နိုးကြားမှု၊
ကြိုးစားမှုဆိုတဲ့
ဂုဏ်သိက္ခာ .. ဘာနဲ့မှ မလဲနိုင်ဘူး၊ သေသည့်တိုင် တန်ဖိုးထားပါ!!
လူပီသချင်ရင် ရိုးသားဖို့နဲ့ စိတ်ကောင်းရှိဖို့လိုတယ် ဆိုတာကိုတော့ သိထားစေချင်တယ် !!
သည်းခံခြင်းဆိုတာ သတ္တိတစ်မျိုးဖြစ်သလို တန်ခိုးရှိခြင်းတစ်မျိုးလည်း ဖြစ်တယ် !!
ဒီလိုဖြစ်ရတာဟာ ဒီလိုနေခဲ့လို့ပါ .. သူ့လိုဖြစ်ချင်ရင် သူ့လိုကြိုးစားပေါ့!!
အသေချာဆုံး ရင်းနှီးမြုပ်နှံမှုဟာ ကိုယ့်ကိုကိုယ် အားကိုးခြင်းပါပဲ !!
ဒုက္ခဆိုတာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်ရဲ့ အသီးဖြစ်တယ်!!
သူငယ်ချင်းရဲ့ စိတ်ထဲမှာ ဒေါသ၊ အမုန်း၊ အာဃာသတွေ ရှိနေရင် မြိုချလိုက်ပါ!!
မကြာခင်
ပိန် ပိန် လာလိမ့်မယ် !!
ကြိုးစားခြင်းဟာ .. ကောက်ရိုးကို ကြိုး
ဖြစ်စေနိုင်တယ်!!
တဲအိမ်ကို နန်းတော်ဖြစ်စေနိုင်တယ်!!
လူသားကို ဘုရားဖြစ်စေနိုင်တယ်!!
အမှန်တရားသည် လူ့အကြိုက်မလိုက်၊
အောင်မြင်ရန် အလုပ်လုပ်ခြင်းမှတစ်ပါး အခြားမရှိ !!
အပြောကြီးတာဟာ မလုပ်ချင်တာ၊ မလုပ်နိုင်တာကို ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ!!
အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိတယ်။
တစ်ခုက မိဘ၊ တစ်ခုက အချိန်ပဲ!!
သာမန်ဘ၀မျိုးထက်သာချင်ရင်တော့
မာန်တင်းပြီး ကြိုးစားကြရမှာပဲ!!
နောင်တတရားသည် ညံ့ဖျင်းသူတို့နှင့်သာ သက်ဆိုင်သည် !!
ဆင်ခြေပေးတဲ့ ပါးစပ် .. ထမင်း ငတ်
တတ်သည် !!
အချိန်နောက်ကျတတ်သူဟာ ဘ၀မှာ
နောက်ကျစမြဲပဲ !!
အလှသည် အရက်ထက် ဆိုးသည် အလှကို ကြည့်မြင်သူရော အလှပိုင်ရှင်ကိုပါ မူးယစ်စေနိုင်သည် !!
💬💬💬💬💬💬💬💬💬💬💬💬💬💬
Credit to...ကိုတင့်
...................................................
...................................................