၁။ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အကျပ်အတည်း ဖြစ်နေတယ်လို့  လူတွေက ထင်ကြတယ် ။
ကိုယ်တွေ အယူအဆကတော့ တိုင်းပြည်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အကျပ်အတည်း ဖြစ်နေတာမဟုတ်ဘူး ။ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး လမ်းပြမြေပုံမှာ အကျပ်အတည်း ဖြစ်နေတာ ။
၂။ ငြိမ်းချမ်းရေးကိစ္စမှာ တပ်က ချထားတဲ့  မူ ၆ချက်ရှိတယ် ။
(က) ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိရန် ။
(ခ) သဘောတူစာချုပ်များအတိုင်း ကတိတည်ရန် ။
(ဂ) ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန် ။
(ဃ) ဒေသခံပြည်သူများအပေါ် ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် ။
(င) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာရန် ။
(စ) တို့ တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန် ဆိုတဲ့  အချက် ၆ချက် ဖြစ်တယ် ။
၃။ အချက် ၆ချက်မှာ ပထမ ၅ချက်က ဘယ်သူပဲဖြစ်ဖြစ် ငြင်းရခက်တယ် ။ နံပါတ် ၆အချက်မှာတော့ အကြီးအကျယ် အငြင်းပွားကြတယ် ။
နံပါတ် ၆ အချက်ကို တပ်ကပြောချင်တာက ရှင်းရှင်းလေးပဲ ။ အခြေခံ ဥပဒေ အသစ်ဆွဲတာကို လုံးဝ ( လုံးဝ ) ခွင့်မပြုဘူး ။ ပြင်လို့ ရတယ် ။ ပြင်ချင်လျှင် အခြေခံဥပဒေပါ နည်းလမ်းအတိုင်း ပြင် ။ နိုင်ငံရေးအင်အားစုတွေရော ၊ လက်နက်ကိုင်အဖွဲ့ တွေရော တပ်ရော အားလုံး ညှိနိုင်းပြီး ပြင် ။ အဲဒီသဘောကို ပြောထားတယ် ။
သို့ သော် အံသြစရာကောင်းတာတစ်ခုက စားပွဲဝိုင်းမှာ နံပါတ် ၆ အချက်ကို သဘောထား ကွဲလွဲကျသော်ငြား မြေပြင်မှာ သောက်ပြသနာထတက်လျှင် နံပါတ် ၆ နဲ့  တက်တာ မဟုတ် ။ ကျန်တဲ့  အချက် ငါးချက်နဲ့ ချည်း ပြသနာတက်တယ် ။
သဘောတူစာချုပ်တွေ ရှိတယ် ။ နယ်နိမိတ်တွေ ရှိတယ် ။ လူသစ် မစုဖို့  ဆက်ကြေးမကောက်ဖို့  ဂိတ်တွေ မဖွင့်ဖို့  ပြောတာရှိတယ် ။ အကုန်ချိုးဖောက်တယ် ။ မချိုးဖောက်တဲ့ သူ မရှိဘူး ။ နည်းနည်းချိုးဖောက်သူနဲ့  များများ ချိုးဖောက်သူပဲ ကွာတယ် ။
၎။ သဘောတူညီချက်တွေကို ချိုးဖောက်တိုင်း ပြသနာဖြစ်လားဆိုတော့ အဲဒီလိုလဲ တရားသေ မဟုတ်ဘူး ။ တော်တော်တန်တန်က အောက်ခြေမှာ ညှိနိုင်းပြီး ဖြေရှင်းလိုက်ကြတယ် ။
ကရင်မှာလဲ ဂိတ်ဖွင့်တာတွေ ရှိတယ် ။ နယ်လုံက သွားပြောတော့ ပြန်ရုပ်သွားတယ် ။ နယ်နိမိတ်ကျော်လာတယ် ။ နယ်မြေခံ စစ်ကြောင်းက ဆက်သွယ်ပြီး ပြောတော့ ပြန်ရုပ်သွားတယ် ။
KNPP နဲ့  ဖြစ်စဉ်လို ထိမိခိုက်မိ ဖြစ်ကုန်တာမျိုးတွေလဲ ရှိတာပေါ့လေ ။ ဂိတ် မဖွင့်ရဆိုတာကို ဖွင့်ပြီး တပ်ကယာဉ်တန်းကိုပါ တားစစ်တော့ တပ်ကို လက်နက်ကိုင်အဖွဲ့ က တားစစ်ရမလားဆိုပြီး အောက်ခြေအဆင့်မှာ ပစ်တာခတ်တာတွေဖြစ် အသေအပျောက်တွေ ရှိကုန်ရော ။
သို့ သော် ထားပါ ။ ဒါကပွတ်တိုက်မှုလေးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့  ပြသနာလေးတွေပါပဲ ။
၅။ တကယ့်ပြသနာ အကြီးကြီးဟာ နံပါတ် သုံးအချက် ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်ဆိုတဲ့  အချက်ဖြစ်တယ် ။
နှစ်ဘက် ချကြ ပြုကြတဲ့ အချိန်မှာ တပ်ဟာ အင်အားကြီးတယ် ။ ကျန်လက်နက်ကိုင်တွေက အင်အားနည်းတယ် ပြောက်ကျားနည်းနဲ့ ပဲ ပစ်လိုက် ပြေးလိုက် ဒါမျိုး လုပ်ရတယ် ။
လက်နက်ကိုင်တွေရဲ့  အမာခံနယ်မြေတွေမှာ တပ်က စစ်ကြောင်းတွေက တစ်ချိန်လုံး လှုပ်ရှားနေတယ် ။ မှောင်ခိုလမ်းကြောင်းတွေ ဖြတ်တောက်ခံရတယ် ။ လက်နက်သယ်တဲ့  လမ်းကြောင်းတွေ ပိတ်ဆို့ ခံရတယ် ။
လက်နက်ကိုင်တွေဟာ လူသစ်စုတာ ဆက်ကြေးကောက်တာတွေ အေးအေးဆေးဆေး လုပ်ရခက်တယ် ။ ဒီနေ့ ဒီနေရာမှာ ဆက်ကြေးကောက်လိုက်တာနဲ့  နောက်တစ်ရက်မှာ အဲဒီခွင်ထဲကို စစ်ကြောင်း သုံးလေးခု ၀င်ရှင်းလာတော့တာပဲ ။
ဆိုလိုတာက လက်နက်ကိုင်အဖွဲ့ တွေဟာ အမြဲတန်း လှုပ်ရှားပြေးလွှားနေရတာ များတာကို ပြောတာ ။ ပစ်လိုက် ပြေးလိုက် နောက်က လိုက်ချတဲ့ သူ ၊ ရှေ့ က ပိတ်ဆို့ တဲ့ သူတွေနဲ့  တွေ့ ပြီး တိုက်ပွဲတွေဖြစ်လိုက် ။ တစ်ခါ နောက်ခွင်တစ်ခုထဲ ထပ်ပြေးလိုက် ဒီလို အမြဲ ဖြစ်နေတာကို ဆိုလိုတယ် ။
၅။ အပစ်အခတ်ရပ်လိုက်တာနဲ့  အဲဒီအခြေအနေမျှခြေဟာ ပျက်သွားတယ် ။ တပ်တွေက နောက်ကတစ်ချိန်လုံး ကောက်သင်းကောက် လိုက်ရှင်းနေတာ မခံရတော့ အနားရသွားတယ် ။
လေ့ကျင့်မှုတွေ ပိုလုပ်လို့ ရတယ် ။ လူသစ်စုတာ လက်နက်ခဲယမ်းဖြည့်တင်းတာတွေ ပိုတွင်ကျယ်လာတယ် ။ နယ်မြေခံလူထုကို ပိုပြီး ထိန်းချုပ်လာနိုင်တယ် ။ ဆိုလိုတာက အပစ်ရပ်လိုက်တာကိုက လက်နက်ကိုင်အဖွဲ့ တွေအတွက် အသာစီးရလာတာကို ထောက်ပြချင်တာ ။
ငြိမ်းချမ်းရေးသဘောထားမှန်တဲ့ အဖွဲ့ တွေက ဒီအခြေအနေကို အမြတ်မထုတ်ဘူး ။ ရလျှင်ရသလောက်လေး အခွင့်အရေးယူထားဟ ။ လက်နက်တွေသယ်ထား လူတွေပြန်စုထား အမာခံနယ်မြေတွေ ပြန်တည်ဆောက်ထားဆိုတဲ့ အဖွဲ့ တွေနဲ့ ကျတော့ ဂွက ကျကုန်တယ် ။
၆။ တပ်ဘက်ကတော့ အထက်မှာဆိုခဲ့သလို တော်တော်တန်တန် ကိစ္စတွေ အောက်ခြေမှာပဲ ညှိနိုင်းရှင်းကြတယ် ။
သို့ သော် နယ်ကလဲ ကျော်လာသေး ။ ပြောတော့လဲ ပြန်မဆုတ်တဲ့ အပြင် မခန့် လေးစားက လုပ်သေး ။ မီဒီယာကိုလဲ သူတို့ က ကြိုတင်ဆက်သွယ်ပြီး အသံကောင်းဟစ်သေးဆိုတော့ ငလူးတွေ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးကို အမြတ်ထုတ်တယ် ။ ကျော်လာတဲ့  နယ်မြေ ၀င်ရှင်းကွာ ။ ကျော်လာတဲ့ ကောင်တွေ မောင်းထုတ်ကွာဆိုပြီး ဖြစ်ရော ။
NCA လက်မှတ်ထိုးထားတဲ့  အဖွဲ့ ချင်းတူပေမယ့် တစ်ချို့ အဖွဲ့ တွေ နဲ့ တိုက်ပွဲမဖြစ်ပဲ တစ်ချို့  နဲ့  ဘာကြောင့်တိုက်ပွဲတွေ ဖြစ်ရသလဲ ။
တစ်ချို့ အဖွဲ့ တွေရဲ့  အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွေဟာ အစစအရာရာအဆင်ပြေချောမွေ့ ပြီး တစ်ချို့ ကကျတော့ ဘာလို့ သောက်ပြသနာ တက်ရလဲဆိုလျှင် အထက်ကဆိုခဲ့တဲ့  ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်ဆိုတဲ့  အချက်နဲ့  မြေပြင်မှာ ဘယ်သူက ဘာသောက်ချိုးချိုးသလဲဆိုတဲ့  အခြေအနေတွေ အပေါ်မူတည်တယ် ။
၇။ မနေ့ က NCA ကို အဖွဲ့ နှစ်ဖွဲ့  လက်မှတ်ထပ်ထိုးမယ် ကြေငြာတယ် ။ ကြိုဆိုတယ် ။ လက်ခံတယ် ။ ထိုးရမှာပေါ့ ။ အခုလက်ရှိ ငြိမ်းချမ်းရေး လမ်းပြမြေပုံဟာ ဘာမှားသလဲ ။
လက်နက်ကိုင် လမ်းစဉ်ကို စွန့် လိုကြောင်း ဖော်ပြပါ ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပါ ။ သတ်မှတ်ထားတဲ့  နေရာမှာ နေပါ ။ လူသစ်စုတာ ဆက်ကြေးကောက်တာ မလုပ်နဲ့  ။
ပေါ်လက်တစ်ကယ် ဒိုင်ယာလော့တွေ ဆက်ဆွေးနွေးမယ် ။ သဘောတူညီချက် ရလျှင် လွှတ်တော်တင်မယ် ။ အတည်ပြုမယ် ။ ခြေဥကို ပြင်ဖို့ လို လဲ ပြင်ပေးမယ် ။ ဒါက ဒီနေ့  အစိုးရ နဲ့  တပ်က လက်ခံထားတဲ့  နိုင်ငံရေး လမ်းပြမြေပုံ Road Map ။
ဒီ ငြိမ်းချမ်းရေးနဲ့  နိုင်ငံရေး လမ်းပြမြေပုံ ခရီးရောက်လေ အခြေခံဥပဒေပြင်ဖို့ ကိစ္စ ချောမွေ့ အဆင်ပြေလေပဲ ။
ဒီမြေပုံမှာ တစ်ဆို့ နေလေ အခြေခံဥပဒေပြင်ဖို့  ခက်ခဲလေပဲ ။
၈။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေမှာ တပ်က ၀င်ပြီးနေရာယူထားတဲ့  ပုဒ်မတွေ ရှိတယ် ။
အဲဒီ ပုဒ်မတွေမှာ တစ်ချို့ က တပ်ရဲ့  အိုင်ဒီယိုလော်ဂျီ ၊ တစ်ချို့  က ကျတော့ အိုင်ဒီယိုလော်ဂျီ မဟုတ်ဘူး ။ လတ်တလောကာလ အစိုးရ သုံးလေးဆက်အတွင်း ဖြစ်လာနိုင်တဲ့  နိုင်ငံရေးအခြေအနေ ၊ ဖြစ်လာနိုင်တဲ့  ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအနေအထားတွေကို ချင့်တွက်ပြီး ခေတ္တထည့်ထားတာ ။
တပ်ရဲ့ အိုင်ဒီယိုလော်ဂျီက ဘာလဲဆိုတော့ တို့ တာဝန်အရေးသုံးပါးတို့  ၊ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်က ပါဝင်ရေးတို့ က အိုင်ဒီယိုလော်ဂျီ ။
ကျန်တဲ့ ကာလုံတို့  ၊ တစ်မတ်သားတို့  ၊ ၀န်ကြီးဌာနသုံးခုကို တပ်က ခန့် တာတို့  ၄၃၆တို့  ဘာညာသာရကာတွေက အခြေအနေအရ ယာယီထည့်ထားတာ ။
အိုင်ဒီယိုလော်ဂျီက ညှိဖို့ ခက်တယ် ။ ကျန်တာတွေကတော့ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး အခြအနေပေါ် မူတည်ပြီး အကုန်ပြင်လို့ ရနိုင်တယ် ။
၉။ လိုရင်းကို ဆိုရလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဘယ်ပုဒ်မလေးတွေ ပြင်မယ် ဖျက်မယ်ဆိုတာ အဖုအထစ်လေး အနည်းငယ်ရှိပေမယ့် ပြင်ဆင်ရေးက လုံးဝ ပိတ်ဆို့ နေတဲ့  အနေအထား မဟုတ်ဘူး ။ တပ်ကလဲ မပြင်ဖူး ငြင်းနေတာ မရှိဘူး ။
တကယ် ဖြစ်နေတဲ့  အခက်အခဲက အဲဒီပြင်ဆင်ရေးကိုသွားဖို့  နိုင်ငံရေး အရင်ဆွေးနွေးရမယ် ။ နိုင်ငံရေးဆွေးနွေးနိုင်ဖို့ အပစ်အရင် ရပ်ရမယ် ။ အပစ်အရင်ရပ်ဖို့  NCA အရင် လက်မှတ်ထိုးရမယ် ။ NCA အရင် လက်မှတ်ထိုးဖို့  ကျတော့ မထိုးနိုင်ဘူးဆိုပြီး ဆက်တိုက်နေတဲ့  အဖွဲ့ တွေ ရှိတယ် ။
အဲဒီတိုက်နေတဲ့ ကောင်တွေ သွားမေးကြည့် NCA Processs ကို မကြိုက်လျှင် မင်းတို့ Process က ဘာလဲဆိုတော့လဲ ဘာမှ ရေရေရာရာမရှိ ။ ဘာမှလဲ လောက်လောက်လား မပြောနိုင် ။
ကိုယ်တွေမြင်မိသလောက်တော့ သူတို့  ပရောဆက်ဟာ ဒ်ါအောင်ဆန်းစုကြည်က နှစ်သစ်ကူးဆုတောင်း ပို့ တာကို ကလေးကလား ရွဲ့ စောင်းနေတဲ့  Process ပဲ ။
ရဲမိုး