လူအမျိုးမျိုး စိတ်အဖုံဖုံရှိသည့်အလျောက် အာရုံ မျိုးစုံကို
တွေ့ကြုံခံစား နေကြရပါတယ်။
အမြင်အာရုံ အကြားအာရုံမျိုးစုံကြားမှာ မှ ကောင်းသောအရာ ဆိုးသောအရာများကို လွှဲရှောင်လို့မရပေမဲ့ မြင်တတ်
ခံစားတတ်အောင် ဥပက္ခောဆိုသော တရားများကို
လက်ကိုင်ထားရှိနိုင်ဖို့အတွက် စိတ်ကို ရဲရဲ ဝံဝံ ပြတ်ပြတ် သားသား လုပ်ဆောင် စွမ်းဆောင်နိုင်ဖို့တော့လိုအပ်ပါမယ်။
ဒီလိုစိတ် ထားရှိဖို့ ဆိုတာလည်း တရားနှင့်သာစိတ်ကို
ဖြတ်တောက်ဖို့ ရနိုင်တာပါ။
ကျွန်တော်တို့တွေဟာ လူသတ္တဝါ တွေဖြစ်တဲ့အတွက် တစ်နေ့မှာ
မလွှဲမသွေ နာကြ အိုကြ သေကြရမှာမို့ သူနဲ့မတူ
တမူထူးခြားနေတယ်ဆ်ုတာတွေက ဘာမှမဟုတ်ပါဘူး။
ဒီအသိတရားကို လက်ကိုင်ထားရင် လက်ရှိ ကြုံတွေ့နေရ
သည်များကို သည်းခံစိတ်ဖြင့် ဖြတ်သန်း နိုင်သောတရားများ
ရရှိနိုင်ကြပါစေခင်ဗျာ။
SMT-28
Original Writter#nanwaiwaimyint
Photo#Credit