အခန်း(၄)မှအဆက်-
စာအုပ်ဖတ်ရင်းပင်
စားပွဲထိုးလေးလာချပေးသော
လက်ဖက်ထမင်းကိုခပ်သွက်သွက်
စားလိုက် အအေးပုလင်းကို
တစ်ငုံသောက်လိုက်နဲ့ ဝင်း၏ဘဝ
အတွက်တော့သုခဘုံတမျှပင်
ဖြစ်ပါသည်။သို့သော်ကြာရှည်မခံ
လိုက်ဘဲသုခဘုံကိုပျက်စီးစေမည့်
အသံများသည်မဖိတ်ခေါ်ဘဲ
ရောက်ရှိလာပါတော့သည်။
"ဝူး ဝူး……ဝူး ဝူး"
ဆိုင်ကယ်သုံးစီးကိုစက်သတ်ပြီး
ကျောင်းသားသုံးယောက်တို့သည်
ဆိုင်ထဲသို့လျင်မြင်စွာဝင်လာပါတော့
သည်။သိလိုက်ပါပြီ။ဝေယံပိုင်ဖြိုးတို့
အုပ်စုပင်ဖြစ်မည်။ဟိုကြည့်ဒီကြည့်
ဖြင့်-
"အဲ့ဒါမှာ ဒုက္ခပဲ တစ်ဝိုင်းမှလည်း
မလွတ်ဘူး"
ထူးအောင်ကျော် ကပြောလိုက်လေသည်။
"မင်းတို့ငါပြောသားပဲ ဒီချိန်လူကျတတ်မှန်းသိရဲ့သားနဲ့
စောစောသွားရအောင်ဆိုမှ
တစ်ယောက်ကလည်း လိုင်းပေါ်ကမဆင်းနိုင်
နောက်တစ်ယောက်ကလည်း
Gameဆော့မပျက်နဲ့
အခုတော့ ထိုင်စရာနေရာတောင်
မရှိတော့ဘူးမလား?"ဟူ၍ဝေထွန်းက
လွှတ်ဟောက်လေတော့သည်။
"ကဲပါကွာ ဘယ်သူ့မှအပြစ်တင်မနေ
ပါနဲ့တော့ အတန်းချိန်လည်းနောက်
ကျတော့မယ် မြန်မြန်စားရဖို့အရေး
ကြီးတယ် ကိုယ်နဲ့သိတဲ့သူဝိုင်းလေး
ဘာလေးမရှိဘူးလား? ကြည့်ပါဦး"
"အေး ငါလည်းကြည့်နေတာပဲ"
"ဟိုး သစ်ပင်အောက်မှာတော့
ကောင်မလေးတစ်ယောက်တည်း
ထိုင်နေတာတွေ့တယ်"
"လာကွာ ဘာပဲဖြစ်ဖြစ် ပြောတော့
ကြည့်ရမှာပဲ"
"ဟုတ်မှလည်းလုပ်ပါမောင်ဝေယံ
ရယ် ပါးတွေယားပါတယ်နော်"
"မင်းကလည်း စစ်မရောက်ခင်
မြားကုန်မနေစမ်းပါနဲ့ ပြောတတ်ရင်
လေယာဉ်ပျံတောင်အလကားစီးရ
ပါတယ်"
"အေးပါကွာ ဒါဆိုလည်း မင်းရှေ့က
သွား ငါတို့နှစ်ယောက်ကနောက်က
လိုက်မယ်"
"သြော် တော်တော်တရားကျစရာ
ကောင်းတဲ့သူငယ်ချင်းတွေပဲ"
ပြောပြောဆိုဆိုနဲ့ပင်ထိုကောင်မလေး
ရှိရာဝိုင်းသို့လှမ်းလာလိုက်ပါသည်။
အနားသို့ရောက်သောအခါ
"အစ်မ အစ်မ"
မျက်မှန်ထူကြီးအောက်မှမျက်စိ
တို့သည်တစ်ချက်မော့ကြည့်လိုက်
လေသည်။ထိုအခါဝေထွန်းမှ
"ဟေ့ကောင် အဲ့ဒါအစ်မ မဟုတ်ဘူး
ငါတို့အခန်းထဲကလေ"
"ဝင်းလဲ့ဖြူ မလား?"
ထူးလေးမှဝင်ထောက်လိုက်လေ
သည်။
"ဟုတ်တယ် ဘာကိစ္စရှိလို့လဲ"
"ဒီလိုပါဟာ Canteenမှာဝိုင်းတွေ
အကုန်ပြည့်နေတာနင်လည်းအမြင်ပဲ
အတန်းချိန်ကလည်း(၁၅)မိနစ်
လောက်ဘဲလိုတော့လို့ ဒီဝိုင်းမှာ
ငါတို့ထိုင်လို့ရမလား?"
"ပုံမှန်အတိုင်းဆိုရင်တော့ ငါက
တစ်ယောက်တည်းအေးဆေးနေချင်
တာလေ အခုလိုအခြေအနေမျိုးမှာ
တော့ခွင့်ပြုပါတယ် ဒီဆိုင်ကငါပိုင်
တာလည်းမဟုတ်ဘူးလေ ထိုင်ပါ"
ခုံသုံးခုံကိုလျင်မြန်စွာယူ၍
ရောက်မလာသေးသောစားပွဲထိုးကို
စောင့်မနေဘဲ Canteen၏မီးဖိုထဲ
အထိကြားစေရန် မှာစရာရှိတာများ
ကိုသုံးယောက်သားအော်ဟစ်မှာယူ
ကြလေတော့သည်။
ထို့နောက်အစားအစာများရောက်
လာသောအခါ မိန်းကလေးတစ်ယောက်ဘေးနား
တွင်ရှိနေသည်ဟူသောအတွေးကို
မေ့ဖျောက်ကာ သွက်လက်စွာ
သုံးယောက်သားတက်ညီလက်ညီ
စားကြပါတော့သည်။
စားပြီးသောအခါမှ
"မိတ်ဆက်မနေတော့ဘူးဟာ
တစ်ခန်းတည်းသူငယ်ချင်းတွေပဲ
ငါတို့နာမည်တွေတော့သိမှာပါ
နင့်ကိုမသိတာခွင့်လွှတ်ပါဟာ
အခန်းထဲမှာမိန်းကလေးတွေက
အများကြီးဆိုတော့ မသိနိုင်ဘူးလေ"
"ဟုတ်ပါပြီ ငါနားလည်ပါတယ်"
"နင်နဲ့တွေ့လို့ပေါ့ဟာ မဟုတ်ရင်
ငါတို့မှာဟိုစကားပုံလို ဘာအိနြေ္ဒမရ
ဆိုလားဘဲ အဲ့လိုဖြစ်နေမှာ"
"ဟား နင်တို့အဖွဲ့ကတော့အတန်းထဲ
မှာလည်းဟာသတွေတော်တော်
ပြောတယ်နော် တီချယ်တွေရဲ့အချစ်တော်တွေလည်း
ဟုတ်တယ်"
"ဟဲဟဲ ဒါကတော့ကျောင်းသားဘဝ
အနှစ်သာရပဲလေ"
"ကဲကဲ အတန်းနောက်ကျတော့မယ်
စားပြီးကြပြီမလား? သွားရအောင်လေ"
"မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ ငါရှင်းလိုက်မယ်လေ"
"မလုပ်ပါနဲ့ဟာ အားနာစရာကြီး"
"နေပါစေ ငါတို့ကခင်တတ်ပါတယ်"
"ဟုတ်ပါပြီ ဒါဆိုလည်းသွားကြစို့"
အတန်းထဲတွင်မသိသူမရှိသော
ယောကျာ်းလေးသုံးယောက်နှင့်
တစ်ယောက်တည်းအေးအေးဆေး
ဆေးနေတတ်သောမိန်းကလေးတို့
အတူတူအတန်းထဲဝင်လာသောအခါ
ပုံမှန်မဟုတ်သောအခြေအနေဖြစ်၍
အခန်းထဲမှရှိသမျှလူများအနည်းငယ်
တော့အံ့အားသင့်တာတီးတိုးပြောနေ
ကြပါတော့သည်။သို့သော်လည်း
ကျွန်ုပ်အတွက်ဒီနေ့အဖို့
မိန်းကလေးသူငယ်ချင်းတစ်ဦး
အမှတ်မထင်ရရှိခဲ့ခြင်းကြောင့်
ကျေနပ်ခြင်းများစွာတို့ဖြစ်ပေါ်မိ
ပါတော့သည်။
အခန်း(၄)
မနေ့တစ်နေ့ကမှပင်
အမိတက္ကသိုလ်ကြီးဆီသို့ရောက်ရှိ
လာခဲ့သည်ဟုထင်မှတ်ရသော်လည်း
သုံးလတာအချိန်များ
ကုန်ဆုံးသွားသောအခါ
ပထမပညာသင်နှစ်၏စာမေးပွဲကြီးကို
ရင်ဆိုင်တွေ့ကြုံလာရပါတော့
သည်။ဒီလိုနဲ့ပင် စာမေးပွဲကြီးပြီးဆုံး
သွားသည့်အချိန်၌နေရပ်ဌာနီအသီး
သီးဆီသို့ပြန်ကြသောကြောင့်
ကျောင်းကြီးထဲတွင် နွေရာသီ၏
ရှေ့ပြေးပုံဆောင်ဖြစ်သောသစ်ရွက်
ခြောက်များသည်လေရူးနှင့်အတူ
ဆော့ကစားလျက် တက္ကသိုလ်ဝန်း
အတွင်းမင်းမူစိုးမိုးကျန်ရစ်နေပါ
တော့သည်။ကျွန်ုပ်မောင်ဝေယံ
သည်လည်းနွေရာသီ၏ဖြစ်စဉ်အ
တိုင်းတောင်လွမ်းရမလို မြောက်လွမ်း
ရတော့မလိုဖြစ်နေကာထိုင်လိုက်
ထလိုက်ဖြင့်မျောက်မီးခဲကိုင်မိသည့်
ပမာ ဂဏာမငြိမ်ဖြစ်နေပါတော့
သည်။ထိုအချိန်တွင်ဝေထွန်းကို
သတိရလာ၍
"ငါ့ကောင်ကြီး ဘာလုပ်နေတယ်မသိဘူး
အပျင်းပြေဖုန်းဆက်ဦးမှ"
Contacts listမှWai Htunဟူသော
Nameကိုရှာ၍ဖုန်းခေါ်လိုက်ပါ
သည်။
"တူ……တူ……"
"Hello သားကြီးပြော"
"ဘာမှမဟုတ်ပါဘူးကွာ ပျင်းလို့
ဆက်လိုက်တာပါ မင်းရောဘာတွေ
လုပ်နေတုန်း"
"ငါကတော့စုလှိုင်ထွန်းနဲ့ခုတလော
အဆင်ပြေနေတာ ဒါနဲ့မင်းဟိုဘာလဲ
codeတွေလေကွာ"
"Programmingပါဟ"
"အေး မင်းပြောတဲ့ဟာတွေမလုပ်
တော့ဘူးလား?"
"လုပ်တော့လုပ်တာပေါ့ ဒီလောက်
ရာသီဥတုကပူနေတာ ဦးနှောက်ကို
အနားပေးဦးမှပေါ့ ဒါနဲ့ခုနက
ပြောတာလေးစကားလမ်းကြောင်း
မလွှဲပါနဲ့ စုလှိုင်ထွန်းဆိုတာက
ဘယ်သူလဲဟ"
"ငါတို့အခန်းထဲကလေ"
"ဟေ ဟုတ်လား?"
"မင်းကိုငါပြတယ်လေ Uptown
Girlsတွေထဲကတစ်ယောက်ဆိုတာ"
"အေး မင်းပြောမှသတိရတယ်
မင်းထည့်ပေးတဲ့Fileတွေမကြည့်
ရသေးဘူး စာမေးပွဲတွင်းကတည်းက
laptopကိုကိုင်မိမှာဆိုးလို့
သေတ္တာထဲထည့်သိမ်းထားတာ"
"ဒါဆိုကြည့်လိုက်ဦး ဒါနဲ့မင်းအကုန်
ကြည့်လိုက်ဦးလေကွာ မင်းကြိုက်တဲ့
သူပါရင်Facebook Accountနှင့်
Phone Noပါတာပဲ နည်းနည်းပါးပါး
အပျင်းပြေလှုပ်ရှားပေါ့ကွာ"
"အေးအေး အဲ့ဒါဆိုအခုဘဲကြည့်
မယ်ကွာ မင်းပြောတဲ့ကောင်မလေးကို
အရင်ကြည့်လိုက်မယ်"
"မင်းကလည်း ချက်ချက်ကြီးနော်"
"ကဲပါကွာ ဒါပဲ ငါနောက်မှဖုန်းပြန်
ဆက်လိုက်မယ်"
"အေးအေး ဒါပဲနော် Bye Bye"
ဖုန်းချပြီးChargerကိုယူ၍ဖုန်းကို
အားသွင်းထားလိုက်ပါသည်။
laptopတင်ထားသောစားပွဲဆီသို့
သွားကာPowerဖွင့်လိုက်ပါတော့
သည်ခဏအကြာWindowတက်လာ၍
Programများနှင့်Softwareများ
Runနေရာမှငြိမ်သွားသည်အထိ
စောင့်ကာဝေထွန်းထည့်ပေးသော
File များကိုရှာဖွေမိပါတော့သည်။
"Uptown Girls"ဟူသောFolder
တစ်ခုကိုတွေ့၍ဖွင့်လိုက်ရာ
HHH
HHMT
SLMO
YSH
TTS
EMNK
HTRS
ဟူ၍Folder(8)ခုကိုအစဉ်လိုက်
တွေ့ရပါတော့သည်။
ထိုအထဲမှHHHဆိုသည့်Folderကို
အရင်ဖွင့်မိရာဝေထွန်းပြောသော
ကောင်မလေး၏ပုံကိုတွေ့ရပါသည်။
ခုမှဘဲမျက်မှန်းတန်းမိတော့သည်။
ကိုယ့်အခန်းထဲကပပင်ဖြစ်၏။
မိန်းကလေး(၈၀)နှင့်ယောက်ျားလေး
(၂၀)ဟူ၍လေးပုံပုံတစ်ပုံမျှဖြစ်သော
Emajorတွင်မိန်းကလေးအားလုံး၏
အမည်များကိုသိရန်ဆိုသည်မှာ
တော်ရုံတန်ရုံလိုက်စားမှုဖြင့်တော့
မဖြစ်နိုင်ပေ။ထို့နောက်
Facebook Accountကိုကြည့်၍
Hsu Hlaing Htunဟုရိုက်ရှာကာ
Addလိုက်ပါသည်။ကိုယ့်သူငယ်ချင်းရဲ့
ကောင်မလေးဆိုတော့လည်း
ကိုယ့်သူငယ်ချင်းပဲပေါ့။
Timeပေါ်ရှိposeအမျိုးမျိုးနဲ့
ပုံများသည်laptop screenပေါ်၌
ကြည်လင်ပြတ်သားစွာပေါ်လာ
လေတော့သည်။
"ဒီကောင် ဘယ်ချိန်ကတည်းက
မြင်ထားတယ်မသိဘူး ရွေးတတ်သားပဲ"
ဟူ၍တစ်ယောက်
တည်းစိတ်ထဲမှမှတ်ချက်ချလိုက်ပါ
တော့သည်။
ဆက်လက်စောင့်စားဖတ်ရှုပါရန်-
Credit Photos:Google and Facebook
Written by:Aung Thar Kyaw
MSC-138