မသန့်ရှင်းရေ၊မသန့်ရှင်းသောအစားအစာများနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးနဲမှုကြောင့် ဖြစ်ရပါသည်။
ရောဂါလက္ခဏာ
ပထမတစ်ပါတ်...
လူနာ၏ကိုယ်အပူချိန်သည် တစ်ရက်ထက်တစ်ရက် မြင့်တက်လာမည်။
အဖျားတက်သော်လည်း သွေးခုန်နှုန်းမြန်ခြင်း မရှိပေ။
အစာစားချင်စိတ်မရှိဖြစ်မည်။
ပါးစပ်၊လျှာ၊ခြောက်သွေ့ခြင်းများဖြစ်မည်။
လွန်စွာခေါင်းကိုက်မည်။
အစပိုင်းတွင် ဝမ်းချုပ်ခြင်းဖြစ်မည်။
ဒုတိယတစ်ပါတ်...
ကိုယ်အပူချိန်မကျပဲ အဖျားဆက်တက်နေမည်။
ခေါင်းကိုခြင်းအနည်းငယ် သက်သာလာမည်။
စိတ်မကြည်မလင်ထိုင်းမှိုင်းလာပြီး တစ်ခါတစ်ရံ သတိလစ်တတ်သည်။
ဝမ်းသွားလွယ်မည်။
စိမ်းဝါရောင်အရည်များ ပဲပြုတ်ရေကဲ့သို့ ဝမ်းသွားလျှင် အနံ့မကောင်းပါ။
ဒုတိယတစ်ပါတ်နောက်ဆုံးရက်များတွင် အူအတွင်းမှသွေးယိုစီးထွက်လာမည်။
ဝမ်းဗိုက်ထဲတွင်လည်း ပို၍နာလာမည်။
တတိယတစ်ပါတ်...
လူနာသည် အလွန်အားနည်းပြီး ဖျားနေမည်။
ဂယောင်ကတမ်းလည်း ပြောနေမည်။
သွေးခုန်နှုန်းအားနည်းပြီး မြန်နေမည်။
တစ်ခါတစ်ရံ ဝမ်းသွားမည်။
မကုသလျှင် အသက်ဆုံးရှုံးနိုင်ပါသည်။
တတိယတစ်ပါတ်တွင် လူနာသည် (toxemia)ရောဂါရပါမည်။
toxemiaဆိုသည်မှာ ဖျားနာခြင်းကြောင့် သွေးဆိပ်တက်သော အားနည်းရောဂါဟုခေါ်ပါသည်။
စတုတ္ထတစ်ပါတ်...
လူနာသည် နလန်ထစကာလသို့ ကူးပြောင်းလာမည်။
အပူချိန်မှန်မှန်ကျလာပြီး မူလအပူချိန်သို့ ပြန်ရောက်ရှိလာမည်။
စိတ်ကြည်မှု ရရှိလာမည်။
Treament(ကုသနည်း)
အူကိုအနားပေးရမည်။
အရည်ကို နည်းနည်းနှင့် ခဏခဏသောက်ရမည်။
ပုလင်းကြီး Drip D/W နှင့် D/S ကို လူနာအခြေအနေကြည့်၍ သွင်းပေးရပါမည်။
အကြောဆေး 50% Glucose(2)amp stat(ချက်ချင်း) သို့မဟုတ် 6 hourly(၆နာရီခြား) prn(လိုအပ်သလို)ထိုးသွင်းပေးရပါမည်။
Oral (သောက်ဆေး)
Chloramphenicol (2)QID(တစ်နေ့၎ကြိမ်) 14 Day
Cifran 500mg (1)BD(တစ်နေ့၂ကြိမ်) 10 Day or 5 Day အထိတိုက်ကျွေးပေးရပါမည်။
အားလုံးသိရှိနိုင်ရန် ကျန်းမာရေးဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါသည်။
စိတ္တသုခ ကာယသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
Photo:Credit