Bisacodyl(ဘီဆာကိုဒိုင်း)
ဆေးအသုံးပြုရန်ရောဂါ
ဘီဆာကိုဒိုင်းဆေးဟာ ဝမ်းနှုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။အူလမ်းကြောင်းလှုပ်ရှားမှုများအောင် လှုံ့ဆော်ပေးခြင်းဖြင့် ဝမ်းသွားစေသောဆေးတစ်မျိုးဖြစ်ပါတယ်။
ဆေးအညွှန်း
ဝမ်းချုပ်၍ ဝမ်းကျစ်သွားလျှင် သွေးယိုနိုင်သော လိပ်ခေါင်းရောဂါ၊ဝမ်းညှစ်သွားရလျှင် ဖြစ်တတ်သော နှလုံးသွေးကြောကျဉ်းရောတွေအတွက် အသုံးပြုနိုင်ပါတယ်။ဝမ်းပိတ်ဆေးများကြောင့် ဝမ်းချုပ်ခြင်း၊သံချခြင်းများအတွက်လဲ အသုံးပြုနိုင်ပါတယ်။
ဆေးအသုံးပြုပုံလမ်းညွှန်
ဝမ်းချုပ်နေလျှင် ဝမ်းသွားရန် စားဆေး 5mg-10mg ညအိပ်ရာဝင်သောက်ပေးရပါမည်။အသက်ဆယ်နှစ်အောက်ကလေးများ 5mg သာတိုက်ရပါမည်။
ဘေးထွက်ဆိုးကျိုး
ဝမ်းဗိုက်ရစ်ဆွဲပြီး နာတတ်ပါသည်။အချိန်ကြာမြင့်စွာသုံးစွဲသင့်သောဆေးမျိုးမဟုတ်ပါ။အချိန်ကြာမြင့်စွားသုံးစွဲလျှင် အူမကြီးညှစ်အားနည်းသည်အထိ ဖြစ်တတ်ပါသည်။
အားလုံးသိရှိနိုင်ရန် ဆေးပညာဗစုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ
အားလုံးကျန်းမာရွှင်လန်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Photo:Credit
A-11