လယ်တောယာတောထဲမှာ ရုန်းကန်လှုပ်ရှားနေရတာဟာ ကျနော်တို့လယ်သမားတွေရဲ့ ဘဝပါ။
အာရုံကျဉ်းလို့အလင်းရောက်ပီဆိုနဲ့ ထွန်တုံးနဲ့ထွန်ထမ်းပိုးကိုလှည်းပေါ်တင် နွားနှစ်ကောင်ဘယ်ညာဆင်လို့ လယ်တော ယာတောသို့ လုပ်ငန်းခွင်ထွက်ကြတဲ့ လယ်ယာသမားတွေရဲ့ဘဝပါဗျာ။
မိုးလင်းလို့ လယ်တောယာတောရောက်တာနဲ့
နွားညီနောင် ထွန်တုံးဆင်လို့ ထွန်ယက်ကာသီးနှံစိုက်ပျိုးရန်အတွက် ချွေးသံတရွှဲရွှဲနဲ့ နွားနှင့်အတူ ရုန်းကာကြိုးစားခဲ့ရသည့် ကျေးဇူးရှင် တောင်သူလယ်သမားတွေဆိုတာ သိစေချင်ပါတယ်ဗျာ။
သီးနှံများအချိန်မှီ စိုက်ပျိုး ရိတ်သိမ်းနိုင်ရန် နေပူမရှောင် မိုးရွာမရှောင် အလုပ်ခွင်ခဲ့ကြရသည့် တောင်သူလယ်သမားမိသားစုဘဝတွေပါပဲဆိုတာ သိစေချင်လို့ ရေးသားဖော်ကျူးပေးလိုက်ပါတယ်ဗျာ။
Photo:Credit
hfs
A:11