ပိုင်ဆိုင်သောအရာ
စိတ်ထဲကို ခဏခဏရောက်လာနေတဲ့
အရာဟာ ကြီးလာလိမ့်မယ်။
မြင့်မြတ်တဲ့စိတ် ခဏခဏ ရောက်လာရင်
စိတ်က ပိုပိုမြင့်မြတ်လာတယ်။
ချမ်းသာတဲ့စိတ် ခဏခဏ ရောက်လာရင်
ပိုချမ်းသာလာတယ်။
စိတ်မှာဖြစ်တာတွေကို သတိနဲ့ဉာဏ် အားကောင်းကောင်းနဲ့ သိနေတဲ့အကျင့် ခဏခဏရောက်လာရင် သတိအား ဥာဏ်အား ပိုကောင်းလာတယ်။
စိတ်ကို သတိလေးကပ်ကပ်ထားရင် Mindful
ခဏခဏဖြစ်ရင် ပိုပြီး စိတ်က စုစည်းညီညွတ် လာတယ်။
ထို့အတူပါပဲ စိတ်ဆင်းရဲစရာ ခဏခဏ
တွေးရင် ပိုပို မပျော်မရွှင်ဖြစ်လာတယ်။
ဟိုလူမကျေနပ် ဒီလူမကျေနပ် ဖြစ်နေတဲ့စိတ် ခဏခဏဖြစ်နေရင် ဒေါသစိတ်ပဲ။
အဖြစ်များတဲ့စိတ်နဲ့
တစ်နေ့တစ်နေ့ နေရလိမ့်မယ်။
ဘာမဆို ဖြတ်လမ်းလိုက်လေ့ရှိတဲ့ စိတ်ရှိရင် တရားရှာတာတောင် ဖြတ်လမ်းနည်းကိုပဲ လိုချင်နေတာပဲ။
စိတ်ကို ရှင်းနေအောင်ထားမယ်။ ကိုယ့်စိတ်ကို ကိုယ်နေ့စဉ်ပြုစုစောင့်ရှောက်မယ် ဆိုသူရဲ့ စိတ်ကလည်း တစ်နေ့တခြား ကြည်လင်လာ
မှာ သေချာပါတယ်။
ကိုယ်မွေးထားတဲ့ အရာမှန်သမျှ ကြီးလာပါလိမ့်မယ်။
Credit : Htet Htet Htun
SMT 8
photo credit; google image