ချစ်သူရေ
မင်းနေတဲ့မင်းရဲ့ကမ္ဘာမှာ
အလမ္မယ်ဆရာတစ်ယောက်ရဲ့
ပုလွေတေးသွားအတိုင်း
စည်းချက်ညီစွာ ကခုန်နိုင်ဖို့
အမြဲ သတိထားပြီး
နေထိုင် ကျန်နေရစ်ခဲ့ပါ။
ကိုယ်ကတော့ အိမ်မက်တွေ
အကောင်ထည်ဖော်မယ်
စိတ်ကူးတွေနဲ့
ကကြိုးမစုံလင်တဲ့
မြင်းရထားကိုနှင်ရင်း
ကန္တာရ ခရီးလမ်း
ကြမ်းကြမ်းတမ်းတမ်းအတွက်
ပြင်ဆင်ထားပြီးပါပြီ။
ပြန်ဆုံကြဖို့လား
ကံမကုန်ရင် ပြန်ဆုံကြမယ်လို့ပဲ
ပြောခဲ့ပါရစေဟာ။
လမင်းရယ် မငိုပါနဲ့နော်
မင်းတိမ်တိုက်ကြား မဝင်ခင်
ငါပဲ အရင်ထွက်သွားပါရစေနော်။
ကိုယ်သွားတော့မယ်
သေချာပါတယ်
ပြန်လာဖြစ်တော့မှာမဟုတ်လို့
တောင်ဇလပ်တွေ မြင်တိုင်း
အမြဲ သတိတရတော့ ရှိနေမှာပါ။