မေ့ရက်တယ်တော့ ဘယ်ဟုတ်ပါ့မလဲ
တခါတရံ အနီးဆုံးမှာ ရှိနေတာထက်
ခပ်ဝေးဝေးက စီးဆင်းလာတဲ့
မြစ်တစ်စင်းကို ငေးမောနေရတာက
ပိုအရသာ ရှိနေတတ်တယ်လေ။
ဘဝအတွက် အဆုံးအဖြတ် လုံးဝမဟုတ်တဲ့
စာမေးပွဲတစ်ခုမှာ စာစစ်သူနင်ပေးတဲ့
ငါ့ရဲ့ရမှတ်က သုညတဲ့လေ
ငါ ကျေနပ်ပါတယ်ဟာ။
လိုချင်တာကို မရလို့ ငိုကြွေးတတ်တဲ့
ကလေးအရွယ်ကနေ ငါ ကျော်လွန်ခဲ့ပြီးပါပြီ
အရာရာအတွက် အသင့်မပြင်နိုင်သေးပေမဲ့
ဖြစ်သမျှကို လက်ခံဖို့ နားလည်နေပါပြီ။
တိုက်ဆိုင်မှုတွေ ရှိတိုင်း
သတိရနေမိပါသေးတယ်။
မပိုင်ဆိုင်ရခြင်း ဝိသေဿ တစ်ခု
အဖြစ်နဲ့ပေါ့။