Myanmar Steemit Community မှာ အဖွဲ့ဝင်များအားလုံး မင်္ဂလာပါခင်ဗျာ။ လူမှန်ရင်အချစ်နဲ့မကင်းနိုင် လို့ဆိုကြတဲ့အတိုင်း အခု ဒီစာကိုဖတ်နေသူများအားလုံးလည်း အချစ်နဲ့ ဘယ်ကင်းနိုင်ကြမလဲလေနော်။ ဒါပေမယ့် ရတာမလို လိုတာမရဖြစ်နေတဲ့ ဒီလောကကြီးထဲမှာ အချစ်ရေးအဆင်မပြေတာတွေအလိုမကျတာလေးတွေ ဖြစ်လာတဲ့ အခါ မီတွယ်ရာ နည်းလမ်းလေးတွေကို ရှာဖွေစုဆောင်းမိတတ်ကြပါတယ်။ ဒီနည်းဟာ ကျွန်တော်ကိုယ်တိုင်လည်း အခက်အခဲကြုံချိန်မှာ အချစ်ရေးကံကောင်းအောင်သုံးစွဲဖူးပြီး အဆင်လည်းပြေခဲ့တာကြောင့် နည်းလမ်းလေးကို မျှပေးလိုက်ပါတယ်နော်။ ဒါပေမယ့်တစ်ခုတော့ သတိပေးလိုက်ပါရစေ။
မှော်နည်းလမ်းများဟာအချစ်စစ်ကိုတော့ မဆောင်ကျဉ်းနိုင်ပါခင်ဗျာ
ဒီအစီအရင်ဟာ အချစ်နဲ့ပတ်သတ်တဲ့ ကိစ္စအတော်များများမှာ အသုံးတည့်ပြီးတော့ အရှေ့တိုင်း ဟိန္နူနည်းလမ်းတစ်ခုပဲဖြစ်ပြီး ယန္တရားဖွဲ့ကာ လမင်းစွမ်းအင်ပေါင်းစပ်ပြီင်္း အချစ်ကို အရယူနိုင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ အရှေ့ကဖော်ပြခဲ့တဲ့ မှော်နည်းလမ်းတွေနဲ့ လုံးဝကွဲထွက်နေမှာဖြစ်ပြီး သက်ရောက်မှုကလည်း အရင်ဖော်ပြခဲ့တဲ့နည်းလမ်းတွေထက် ပိုမိုအစွမ်းထက်ပါတယ်။ ပထမဆုံးအနေနဲ့ လပြည့်ညရဲ့ ည(၁၂)နာရီအချိန်မှာ လရောင်ကျရောက်ရာ ကွင်းပြင်တစ်နေရာမှာ စားပွဲတစ်ခုကိုထားပါ။ စားပွဲပေါ်မှာ အခုပြထားတဲ့ ယန္တရားပုံလေးကိုဖြန့်ခင်းပါ။ တစ်ခုသတိထားရမှာကတော့ ယန္တရားပေါ်ကို လရောင်က ကောင်းစွာကျရောက်နေရပါမယ်။
ပြီးနောက်မှာတော့ ပုံပေါ်ကို လက်ဖဝါးနှစ်ဖက် ဖြန့်ခင်းကာ အောက်ပါ မန္တရားကို ရွတ်ဆိုပေးပါ။
"ဥုံ - နမော ဘဂါဗာတေး ဗာဆူဒေးဗာရ နာမဟ"
သုံးကြိမ်ရွတ်ဆိုရမှာဖြစ်ပြီး နူးညံ့ပျော့ပျောင်းတဲ့ အသံနဲ့ရွတ်ဆိုပေးရမှာပါ။ အဲ့ဒီလိုရွတ်ဆိုပြီးနောက်မှာ လမင်းဆီမှစွမ်းအင်များ ယန္တရားမှတစ်ဆင့် မိမိလက်ဖဝါး၊ လက်ဖဝါးမှတစ်ဆင့်မိမိနှလုံးသားထဲသို့ စီးဝင်နေတယ်လို့ အာရုံပြုထားရင် မိမိထံသို့ လေပြင်းပြင်းတစ်ချက် တိုက်ခတ်လာသည်အထိစောင့်ပါ။ လေပြင်းပြင်းတစ်ချက်တိုက်ခတ်လာပါက စိတ်ကိုလျော့ထားကာ မိမိတောင်းဆိုလိုသော အချစ်ဆုတောင်းကိုတောင်းပါ။ ဥပမာအားဖြင့် -
" (---) ရဲ့အချစ်ကိုရပါစေ .."
"သူနဲ့ငါ့ရဲ့အချစ်တွေ ထာဝရတည်တံ့ပါစေ"
"သူနဲ့ဖောက်ပြန်နေတဲ့သူ သူနဲ့ပြတ်သွားပါစေ"
"ငါ့အချစ်ရေးကံကောင်းပါစေ"
စသဖြင့် မိမိနှစ်သက်သလို ဆုတောင်းနိုင်ပါတယ်။ ပြီးနောက်မှာတော့ ယန္တရားအင်းချပ်ကို ပြန်သိမ်းကာ နောက်လပြည့်ညမှာ အစီအရင်ကို ပြန်လုပ်လိုက ပြန်လုပ်နိုင်ပါတယ်။
အချစ်ရေးနဲ့ ပတ်သတ်လို့ မိမိတို့အလိုရှိရာကို ဆောင်ကျဉ်းပေးနိုင်မယ့် မှော်အစီအရင်တစ်ခုဖြစ်တာကြောင့် အချစ်ရေးမှာ အဆင်ပြေစေလိုသူများ လုပ်ကြည့်နိုင်ကြစေဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine
MSC-136