မင်းမှာဖြေရှင်းမရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင်ရှိနေမယ်။
လူတွေက မင်းကိုအပြစ်တွေဘယ်လောက်ပဲပြောပြော
လူတွေက မင်းကို ဘယ်လောက်နှိမ်နှိမ်
အခုအချိန်မှာ မင်းဘယ်လောက်နာကျင်နေပါစေ
မင်းလျှောက်ရမယ့် လမ်းကို ဆက်သွားရမှာပဲ။
မင်းဟာ သန်မာနေတဲ့သူဖြစ်ဖို့ဆိုရင်
တစ်ချို့လူတွေရဲ့အမြင်တွေဝေဖန်မှုတွေကို ဂရုမစိုက်နဲ့။
သူတို့တွေက မင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ၊နာကျင်မှုတွေ
မင်းလဲကျခဲ့ရတာတွေကို မသိကြဘူး။