Steemit members အားလုံး မင်္ဂလာပါရှင်။ အောင်မြင်မှု ပန်းတိုင်ကို လိုချင်တဲ့ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု(confident) ရှိဖို့ လိုပါလိမ့်မယ်လို့ မိုထင်တယ်။ ဘာလို့ဆို လုပ်ငန်းခွင် ရောက်နေသူ ဖြစ်ဖြစ်၊ ကျောင်းသား ကျောင်းသူ ဖြစ်ဖြစ်၊ အဖွဲ့စည်းတွင်းမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူနဲ့ မရှိတဲ့သူဟာ ကွာခြားသွားတာပဲ။ အဲဒီမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူတွက် အောင်မြင်မှု ပန်းတိုင် ဖြစ်ချင်တဲ့ ဆန္ဒများ အကောင်အထည် ဖော်ခွင့်ရမှာ အမှန်ပဲလေ။ ဒါကြောင့် အောင်မြင်မှု ပန်းတိုင် လိုချင်တဲ့သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့မလိုပေဘူးလား။
ကျောင်းသား၊ကျောင်းသူ လေးတွေကနေ စပြောရအောင် သူတို့မှာလည်း ရည်မှန်းချက် ပန်းတိုင်ရှိဖို့ လိုသလို ပန်းတိုင်ရောက်ဖို့ ဆိုတာလည်း confident ရှိဖို့ လိုအပ်တာ အသေချာပဲလေ။ ဘာလို့ဆို confident မရှိကြည့်ပါလား စာလေးပဲ ကျက်ကျက် အများနဲ့ ယှဉ်ပြိုင် ယှဉ်ပြိုင် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိမှတော့ ဘာလုပ်လုပ် မလွယ်သလို အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး အောင်မြင်မှု ပန်းတိုင်နဲ့ ဝေးနေမှာ အသေချာပဲလေ။ ကျောင်းနေရွယ်က စပြောတာဆိုတော့ ညီမလေးကိုတောင် သွားသတိရမိတယ်။ ညီမလေးက ဥာဏ်အရမ်းကောင်းတာ လုပ်ရင်လည်း လုပ်သလောက် ဖြစ်နိုင်တယ်။ ဒါပေမယ့် သူကို့ အဆင့်တစ်ရအောင် လုပ်ဖို့ ပြောလိုက်တိုင်း ဘယ်တော့မှ မရဘူးပဲ ပြောတယ်။ အဲဒါ ဘာလို့ဆို သူလုပ်နိုင်စွမ်း ရှိတာကို ဘေးကလူတွေကတော့ ယုံကြည်ပင်မယ့် သူ့ကိုယ်သူ ကျတော့ မယုံကြည်ဘူး confident မရှိဘူး ဖြစ်နေတယ်။ တကယ်ဆို ဘေးလူတွေကတောင် ယုံကြည်မှု ပေးထားသေးတာ သူသာ ကိုယ့်ကို ယုံကြည်မှု ရှိမယ်ဆို ဘာလို့ မဖြစ်နိုင် ရမှာလဲ။ ငါ အဆင့်တစ် ရကိုရ ရမယ်လို့ စိတ်မျိုး confident မျိုး သူမှာရှိရင် ဘာလို့ မဖြစ်နိုင်ရမှာလဲနော်။ ဒါကြောင့် မိုပြောချင်တာ ကျောင်းသား ကျောင်းသူတိုင်း ဘဝတိုက်ပွဲဝင်ဖို့ ခြေလှမ်းကောင်းများ စနိုင်ဖို့ကို ကျောင်းနေရွယ်တည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု လေးထားရှိပြီး ကြိုးစားကြမယ်ဆို စောင့်မျှော်နေတဲ့ ဘဝတိုက်ပွဲမှာ စစ်ကူမလိုဘူး ဆိုတာ သေချာနေပါတယ်နော်။
ကျောင်းနေရွယ် ဖြတ်သန်းခဲ့ပြီးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့လိုမှန်းလည်း မသိခဲ့ဘူး။ ဘဝအခြေအနေကြောင့် ဘဝတိုက်ပွဲ ဝင်ရတော့မယ်။ စားဝတ်နေရေးတွက် ငွေရှာရတော့မယ်သူပဲဖြစ်ဖြစ်၊ တည်ငြိမ်သော ရပ်တည်မှု လိုချင်လို့ လုပ်ငန်းခွင် ဝင်တော့မယ့် သူပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင် လုပ်ရမယ့်သူပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်း အမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် ငွေရှာသူလည်း ငွေရဖို့ ပန်းတိုင်၊ လုပ်ငန်းခွင် ရောက်ရှိနေသူတွေလည်း အလုပ်နှင့်ကိုယ် သဟဇာတ ဖြစ်ဖို့ ဆိုတဲ့ပန်းတိုင်၊ လုပ်ငန်း တစ်ခု အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်မယ့်သူကလည်း နည်းလမ်းကျကျ မှန်မှန်ကန်ကန် အုပ်ချုပ်တတ်ဖို့ ဆိုတဲ့ပန်းတိုင် အစစသော ပန်းတိုင်အသီးသီးကို သွားနေကြသူတိုင်း လိုချင်သူတိုင်း ကတော့ တူညီသော ခံယူချက် ရှိဖို့ လိုတယ် မဟုတ် အဲဒါကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ပါပဲ။
ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့သူ တစ်ယောက်အဖို့ သူတစ်ပါး၏ ယုံကြည်မှု ရဖို့ဆိုတာလည်း မျှော်လင့်လို့ မရပါဘူး။ ဘာလို့ဆို ကိုယ်တောင် ကိုယ့်ကိုယ်ကို မယုံကြည်မှတော့ သူတစ်ပါးကလည်း ကိုယ့်ကို ယုံကြည်ဖို့ လက်ခံဖို့ ဆိုတာ ဘယ်ဖြစ်နိုင်မလဲ ဟုတ်တယ်ဟုတ်။ ဒါကြောင့် ဘာလေးပဲလုပ်လုပ် ကိုယ့်ကိုယ်ကို အရင် ယုံကြည်မှု ရှိအောင် လုပ်ပါ။ ဒါမှလည်း သူတစ်ပါးကလည်း ကိုယ့်ကို ယုံကြည်မှု ရှိပြီး လက်ခံလာမှာ အသေအချာပါ။ မိုလည်း အလုပ်စဝင်ကာစက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူး။ ကိုယ့်ဘာသာ အားငယ်စိတ် ကြောက်ရွံ့စိတ်တွေက ကိုယ့်ကိုယ်ကို လုပ်ငန်းခွင်မှာ မပျော်မရွှင် ဖြစ်အောင် ဖန်တီးမိနေတယ်။ ဒါပေမဲ့ တစ်နေ့ တစ်ခြား အလုပ်ကို အာရုံစိုက်ရင်း လူတိုင်းလုပ်နိုင်တဲ့ အလုပ်ကို ငါဘာလို့မလုပ်နိုင်ရမှာလဲ ဆိုတဲ့ အတွေးဝင်လာတယ်။ အဲဒီ အတွေးကပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် မွေးဖွားပေးခဲ့တာပေါ့။
ဖြစ်ချင်တဲ့ ရည်မှန်းချက် ဖြစ်ရမယ် ဆိုတဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကို confident ရှိရမယ် ဆိုတာ သိလာတာမို့ အခုဆို လုပ်ငန်းခွင်မှာ မိုကို လက်လွှဲထားနိုင်သူ တစ်ယောက်ဖြစ်အောင် မိုကြိုးစားနိုင်ခဲ့ပြီး မိုရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမှုကြောင့် သူတစ်ပါးက ကိုယ့်ကို စိတ်ချ ယုံကြည်မှုကိုပါ ရရှိခဲ့တာပေါ့။ မိုအကြောင်းလေးနဲ့ ယှဉ်ပြီး ပြောပြတယ် ဆိုတာက ကိုယ့်ကိုယ်ကို confident ရှိတဲ့အခါ ဘယ်အရာမဆို လုပ်ရတာ လွယ်ကူသွားသလို အခက်အခဲများ ဝေကွာသွားပြီး ဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်တယ် ဆိုတာလေးပါ။ ဒါကြောင့် ဘယ်လို နေရာ ဘယ်လို အလုပ်မှာပဲ မဆို ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင် ကိုယ်လိုချင်တဲ့ နေရာကို အရောက်သွားချင်တယ် ဆိုရင်တော့ အရင်ဆုံး ကိုယ့်ကိုယ်ကို ယုံကြည်မှု (confident) လေးရှိဖို့ အရေးကြီးပါတယ်လို့နော်။ Steemit members အားလုံးလည်း စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု (confident) ရှိပြီး လိုချင်သော ပန်းတိုင်ကို အရောက်သွားနိုင်သူတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။
Author@aye mo mo(MSC-051)
Photo by google