ဒုက္ခတို့၏ အမြတ်နိုးဆုံးနေရာတွင် ရှင်သန်နေထိုင်ခဲ့ပါသည်။
မိမိ ရှာဖွေရာခဲ့ရာသော အပြုံးကြည်လဲ့လဲ့တို့အား ပျော်ရွှင်ခြင်းဟု သတ်မှတ်ခဲ့ပါလျှင် ထိုပျော်ရွှင်ခြင်းတို့အတွက် ပေးဆပ်ခဲ့ရသော ရင်ကွဲနာတို့ကိုလည်း အောက်မေ့ရပါသည်။
ချိုမြိန်ဖွယ်ကောင်းသော သုခတို့အတွက် ဒုက္ခတို့ မွမ်းမံအုပ်စိုးသော နေထိုင်ရာနေရာတွင် အလယ်အက် ဖောက်ထွက်ခဲ့သော ကံကောင်းခြင်းတို့အားလည်း အပိုင်းအစအဖြစ် လက်ခံရရှိတတ်လေ့ရှိ၏..
နာကျည်းဖွယ် လောကဓံဟု ခေါ်ဆိုရသည်များအား အချို့ ပေါ့ရွှတ်စွာ ရယ်သွမ်းသွေးကြသည့်အခါ ရောယောင် ရယ်မောလိုက်မိသေးသည်..။
ထိုအတွက် ငိုကြွေးခဲ့ရသည့် မျက်ရည်စက်တို့အား လွန်စွာ အားနာမိသည်။
ဖြစ်ခြင်းအတွက် ပျက်ခြင်းရှိမည်ဟူသော ကံ၏ ယုံကြည်ရာတို့တွင် မြှုပ်နှံထားခဲ့သော ဖြေဆေးတို့သည်လည်း ဝေဒနာတိုင်းအတွက် ကုထုံးတော့ မဖြစ်ခဲ့။
ဆန့်ကျင်မှုတို့ကြားတွင် သည်းထိတ်ရင်ဖို ဖြတ်သန်းရသော ဒုက္ခတို့၏ အမြတ်နိုးဆုံးနေရပ်တွင် သုခကို အလောတကြီး ရှာဖွေလျက် ရှင်သန်နေထိုင်ဆဲ ဖြစ်ပါသည်....။
I'm ATM.
MSU 021.