*** နားခိုချိန် တစ်ခဏ၌ ***
ငါ့ကိုယ်ပိုင် ငါကိုယ်တိုင်
ထာဝရပိုင်ဆိုင်ခွင့်ရခဲ့သည်ရှိသော်ခြောက်ပေအိမ်တစ်လုံးကို
အပ်နှင်းဖို့မသင့် ။
ရှင်သန်လတ်ဆတ်နေဆဲ
နှလုံးသွေးတို့
အမြဲတစေနုပျိုနေခဲ့သည်ရှိသော်
ဇရာ၏ ကခုန်ပျော်မြူးခြင်းတို့
ငါ့ခန္ဓာမှာ သက်ရောက်ဖို့မသင့်။
။ပျော် ရွှင်ခြင်းတို့အိပ်စက်ခြင်းမဲ့
နာရီတိုင်းမငိုက်မြည်းခဲ့သည်ရှိသော်
မျက်ရည်စက်တို့
နှလုံးသွေးမှ
ဖြတ်သန်းစီးဆင်းစေဖို့မသင့် ။
သမုဒယတို့ သွယ်ယှက်ခြင်းမှ
အဖြေရှာခက်
ဝင်္ကပါအလယ်အထိ နက်ရှိုင်းခဲ့သည်ရှိသော်
မီးပင်လယ်လောက်
ရင်သို့ဝင်ရောက်နှောင့်ယှက်စေဖို့မသင့်။မွေးဖွားခြင်းနှင့်သေဆုံြး ခင်းကြားမှာ
ငါဟာ ခဏ နားခိုခွင့်ရသူဖြစ်ခဲ့သည်ရှိသော်
ခရီးဆက်ရန်မေ့ဖို့မသင့် ။