*** ဖြတ်မျဉ်းတစ်ကြောင်းရဲ့ ခေါင်းလောင်းသံ ***
............................................................................
ထင်မှတ်မထားတဲ့
အခါလွန်ပုံပြင်တစ်ပုဒ်ကို
ကြားမိပြီးတဲ့အခါ
ခံစားရခက်တဲ့အပြုံးကို
ပြုံးလိုက်မိတယ်..
အတိတ်ဆိုတာ ပုံပြင်ဆန်တတ်တဲ့
ဝိဉာဉ်ဆိုပေမဲ့
တကယ်အသက်ရှင်ခဲ့တာကို
ဝန်ခံလိုက်တဲ့အခါ
ကြေကွဲရိပ်နဲ့
အိမ်မက်လေးက လွမ်းစရာရယ်..
ပြောင်းလဲခြင်းလှိုင်းတံပိုးတွေကြားမှာ
သူ့လှေ ကိုယ်လှေ ဦးတည်ကြရင်းနဲ့
သူ့ကမ်း ကိုယ့်ကမ်းက
နီးချင်မှလည်း နီးကြမယ်....
ဘယ်နွံကိုမှ
ဖြတ်မလျှောက်စေချင်မိတဲ့စေတနာဟာ
ဘယ်ခြေတွေကိုမှလည်း
ဆူးမနင်းစေချင်ခဲ့မိတာ တကယ်ပါ....
ငါ့ သတိပေးသံက
အနက်ရောင်ဂီတလောက်
ချိုချင်မှ ချိုမြလိမ့်မယ်
သေချာက သူ့အတွက် ခေါင်းယမ်းမိတာ
စေတနာအတွက်
လွန်းတစ်ပင် ဖြတ်ချင်စိတ်နဲ့ မဟုတ်ခဲ့ဘူး..
ဘယ်လို အသိအမှတ်တွေနဲ့
ကမ္ဘာ့ပြက္ခဒိန်ထဲက
ရက်စွဲတွေကို ငါမသိဘူး..
သေချာတာက
ငါတို့ ပျော်ရွှင်ခဲ့ဖူးသမျှဟာ
တစ်သက်တာ ရာသီစာ....
ဝေးပြီးနောက် မနီးစပ်ခဲ့ကြတဲ့အခါ
တမ်းတနေတာမျိုး မဟုတ်ပေမဲ့
အခါလွန်မိုးကြောင့်
နောင်တတွေနဲ့
မင်း....ကြောင့်ကြနေရမှာကိုတော့
စိုးရိမ်မိတယ် ကွယ်.....။ ။
I'm ATM.