** တံစဉ်း ***
စိတ်တွေ သိပ်ကိုမွှန်းကြပ်လာတဲ့အခါ
ကိုယ့်အတွက် ပြီးပြည့်စုံတဲ့
စကားလုံးတစ်ခုလေး ရချင်တယ်
ကိုယ့်ရင် တစ်ခြမ်းလုံး ပြိုပျက်ကြေမွလို့
ခံစားချက်တွေ သေဆုံးကုန်ပါစေ
အဲ့ဒီစကားလုံးအနားမှာ
မိန်းမောလို့နေလိုက်ချင်တယ်..
ပစ္စုန်ပ္ပန် မှာနေရင်း
မနက်ဖြန်အကြောင်း စိတ်ရောက်နေဖြစ်တဲ့ သောကထဲမှာ
ပဝေသဏီကပျော်စရာလေးတွေဆီမှာပဲ
ခိုစီးနေရ
ပစ္စုန်ပ္ပန် တိုင်းကို လှပချင်မိတဲ့ အတ္တကပဲ ကြီးမားလွန်းခဲ့...
မရေရာခြင်းကိုသေချာ၊သေချာခြင်းကိုမရေရာဖြစ်တဲ့
မျှတတဲ့ အဆုံးအဖြတ်တွေထဲမှာ
Hippyတွေကပဲ
အားကျဖို့ကောင်းနေတတ်ပြန်တယ်..
ငါ့အတွက်
လွတ်လပ်တဲ့ ကဗျာတစ်ပုဒ်ကို
ဖန်တီးပေးလိုက်ပါအုံး..Hippyရေ..
အတုအယောင်တွေ
ငါ့ပေါ်လောင်းချပစ်ပြီးမှတောင်ပံတွေကို
တိပြတ်ပြီးတေးသီကပြခိုင်းတဲ့
အဲ့ဒီ ညံ့သက်တဲ့ ရက်စက်မှုတွေကို
ငါ မချစ်ဘူး...
ပြီးတော့...ငါ့မှာကြေကွဲတေးနဲ့ အလွမ်းအဆွေးတွေကိုပဲ ရတော့တယ်....
ငါ ....ချစ်တဲ့အရာတွေနဲ့
ငါ့ကို ကင်းကွာ မြှုပ်နှံ၊လောကဓံဆိုပြီး နှစ်သိမ့်ပစ်ကြတဲ့အခါ
ပိုကောင်းတဲ့အရာတွေကို
လက်သင့်ခံဖို့
ငါ့စိတ်နဲ့ငါ တူးဆွ ကြေကွဲ
ဖရိုဖရဲနဲ့လေ...
ကမ္ဘာသားအချို့ရဲ့
အဆိုးဆုံးဝေဒနာတို့အလယ်မှာ
ငါဟာ
Cropse flower ဖြစ်ခွင့်ရတာကပဲ
ကံကောင်းလွန်းလို့....
(ကိုယ့်ကိုယ်ကို ချစ်ပါ
သို့သော် သူတပါးအပေါ် မလွှမ်းမိုးချင်ပါနဲ့ )
ကျယ်ပြန့် ကျယ်လောင် မဟစ်အော်ရဲခဲ့တဲ့ ပုံပြင်ဆန်းထဲမှာ
ငါ့အပေါ် မှာလေးပဲ
ကွက်ပြီး မိုးစိုရတယ်...
( ငါ့ ထီးတွေ မလုံခြုံဘူး )
ငါ ပိုင်ဆိုင်ချင်တာက
သမ္မာသမတ်
ငါ့ကိုလာပေးတာက
အတ္တဟိတ
အဲ့ဒီဘေးနားက ထွက်ပေါက်မှာ
ဆူးနွယ်ပိတ်ပေါင်းအပြည့်
ငါ့ဆီမှာကတော့ လက်ချည်းဗလာ....
ငါ ပိုင်ဆိုင်ချင်တာ ဓားတစ်လက်
ဒါပေမဲ့ သံတွေရဲ့ ထိခတ်သံကို
ငါကြောက်နေရတုန်း ...
ဟုတ်တယ်..ကြောက်နေရတုန်းပဲ။
I'm ATM.
SMT37
FB_IMG_1518223383809.jpg