*** ဆို့နင့် ***
ရက်စက်သူတို့ ရဲ့
ဓားသွေးပွဲကိုတစ်ချက်လေးပဲ
ချောင်းကြည့်လိုက်မိတယ်....
ကျွန်မရဲ့ သွေးပျက်ကမ္ဘာ
တစ်ခြမ်းစာလောက်က
တဝုန်းဝုန်းပြိုကျ
အိမ်မက်တွေ ဖွာလန်ကြဲခဲ့ရတယ်...
နှလုံးသားကိုသွန်ချ
ကောင်းနိုးရာရာ
စကားလုံးတွေကို
လိုက်လံကောက်မိတော့လည်း
အတိုအစတွေသာ ရခဲ့....
လက်တွင်းမှာ ဆုပ်မိတိုင်း စူးရှကုန်တယ်..
ဘယ်ဟာကမှ တစ်ခုမပြည့်ဘူး..
ကျွန်မ ...ဘယ်လို စတင်တပ်ဆင်ရမလဲ??
ကျွန်မ ....
ဟိုး.....အဝေးကြီးအထိ ပြေးပြီး
နောက်ပြန်လှန့်ကြည့်လိုက်မိတယ်.....
ဖုန်းဆိုးကန္တာရတွေကနေတောင် လွန်မြောက်....
ကျွန်မ ခံစားချက်တွေဆီက
လွတ်မြောက်ပြီလို့....
ကြွေးကြော်လိုက်ဖို့ အရှိုက်..
နှလုံးခုန်သံကို ကြားလိုက်ရတယ်...
အဲ့ဒီ နှလုံးသားစက်ကွင်းရဲ့ဝန်းကျင်မှာ
ဓား လှံ လေး မြှား တွေနဲ့
ဟာသလေးက တစ်ခွက်....
ကျွန်မ.....
##I'm ATM. 