ရာမရယ် သီတာရယ် ဒဿရယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ အချစ်ကြီး အစွဲလမ်းကြီးတဲ့ အသက်ပေးချစ်ရဲသောဒဿနေရာကနေ ခံစားသီဆိုထားတဲ့ ဦးလွှမ်းမိုးရဲ့ကျော်ကြားသောတေးသီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
သီတာမင်းသမီးလေးကို လိုချင်တပ်မက်မောသူ
ရာမ မင်းသားလေးနဲ့ မယှဉ်နိုင် အချစ်ပြိုင်ပွဲမှာ
မယ်သီတာကိုစွဲလမ်းမိတဲ့ အသဲကြမ်းနဲ့လူကြမ်း
မယ်သီတာကိုဆုံးရှုံးသွားလို့ နှလုံးသားများလောင်ကျွမ်း
အချစ်ရှုံးသမား ဒဿဂီရိ အချစ်ရှုံးသမား ဒဿဂီရိ
မယ်သီတာဒဿပေါ်မှာ အထင်တော်လွဲလျော့လေသလား
ကျိန်စာသင့်ခဲ့လေရှာ ဘယ်ဘဝရှေးရေစက်များ
လူတကာအမုန်းတော်ခံသမား

ဂန္ဒဝင်မြောက်တဲ့ အချစ်ဇာတ်လမ်း စံတင်လောက်တဲ့အချစ်
ဇာတ်လမ်း သီတာမုန်းတဲ့ အချစ်လူကြမ်း
လူတကာမုန်းတဲ့ အချစ်လူကြမ်း ယာမမင်းနဲ့စစ်ဇာတ်လမ်း
မရဏမင်းနဲ့အချစ်လက်ကမ်း

ဒြာဝီယံလူမျိုးအပေါင်းတို့ရဲ့ ထီးဆောင်းမင်းဘုရင်တစ်ပါး
လကာင်္ဒီပသူရဲကောင်းတစ်ဦးနဲ့ အရိယံမျိုးနွယ်ပွား
သီတာဒေဝီမင်းသမီးလေးအပေါ်ထားတဲ့ မေတ္တာတရား
စာနာပါသည် ဒဿမင်းရဲ့နှလုံးသား ဝိဥာဏ်အား