ဒီနိုင်ငံကနင်ထွက်သွားတော့မယ်ဆို အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလဲငိုလို့။ ဒီနိုင်ငံကနင်ထွက်သွားတော့မယ်ဆို အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလဲငိုလို့။
Photo credit original image source
ချစ်သူတွေတော့မဟုတ်ပါငါတို့ သူငယ်ချင်းတွေထပ်ပို။အဲ့လိုကြွေအောင်တကယ်မင်းခြွေတတ်လို့။မင်းအားရင်အပျင်းပြေဖတ်ဖို့ Email တွေပို့ထားမယ်။ဟိုမှာအခြေအနေ ဘယ်လိုများလဲ။ရည်းစားရပြီလားပြောနော် ငါ့တို့ကိုလျှုမထားနဲ့။သူ့ရည်ရွယ်ချက်က ရေမြေခြားမှာပညာရှာဖို့။ပြီးရင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီးအကျိုးပြုချင်တာပါဆို။ချီးကျူးပါတယ်သူငယ်ချင်းရယ် ငါ့မှာရင်နာနာကို ဟိုမှာဘယ်သူနဲ့တွေ့တွေ့ အမြဲနှုတ်ဆက်နော် မင်္ဂလာပါလို့။တစ်ပါတ်တစ်ခါဖုန်းနဲ့အလွမ်းသယ်ရင်း အတူငိုမိတယ်။ဟန်ဆောင်ပြီးထမရယ်ပါနဲ့ နင့်အကြောင်းငါ့ထက်ဘယ်သာပိုသိလဲ။သူမရှိတုန်း လမ်းသွားလမ်းလာကောင်မလေးတွေက်ု ကြူသလိုမကြည့်နဲ့။စိတ်ချ ငါကနင်ပြန်လာမယ့်အချိန်ထိ လူပျိုကြီးပဲ။ရန်ကုန်မြို့မှာမိုးတွေ မှိုင်းပြပြရွာရင် အလွမ်းတွေ လှိုင်းထကြ နှိုင်းဆမရနာကျင်။ရိုင်းသွားသမျှ ရာဇဝင်တွေလို တိုင်းတစ်ပါးသားရှာမချစ်ဖို့ ငါတို့သူငယ်ချင်းတွေ ဝိုင်းတားကြမှာအသင့်။သူ့နှလုံးသား ကျွန်တော့်တစ်ယောက်ထဲအမြစ်တွယ်။တစ်သက်လုံးအတွက် မဟောင်းတဲ့စကားဖြစ်မယ်။နေလို့မှကောင်းရဲ့လားအချစ်ရယ်။အရမ်းသတိရနေတယ်။ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့နောက်ကွယ်။နေသာကျသွားကြမှာလဲကြောင်တယ်။အားလုံးစောင့်နေတယ်။ယုံကြည်ရင်နင်အမြန် ပြန်လာကွယ်။နေလို့မှကောင်းရဲ့လားအချစ်ရယ်။
ကျွန်တော်တို့သူငယ်ချင်းတွေစုံရင် သူ့အကြောင်းပါပဲ။သူတို့သူငယ်ချင်းတွေစုံရင် ပြောမှာ ဘယ်သူ့အကြောင်းပါမလဲ။နင်ကျန်းမာပါစေ။အိပ်ကပ်လေးထဲမှာ ငါဆုတောင်းစာထည့် ကြိုးနဲ့ချည်ပြီး လွှတ်ဖို့ မိုးပျံပူဖေါင်းရှာဝယ်။အိုးဒီရက် ဒီနေ့တော့ တစ်နေကုန်ကြွေပြီပေါ့။နင့်မွေးနေ့ငါရောက်တယ် ရွှေတိဂုံစေတီပေါ် ။အဲ့ဒီ့မှာ ပန်းရေချမ်းဆီမီးကပ် လှူပြီးကုသိုလ်ယူ။ခိုတွေလည်း အစာကျွေးအမျှဝေတော့။ဘုံဘဝ ပုံဏ္ဏက ဗြမ္ဗာတွေနဲ့ ခုနှစ်ရက်သားသမီးများ ရစေသောဝ်။နောက်လဆိုရင် Show တွေရှိတယ်။မျှော်စင်ကျွန်းထဲမှာ။သဲထဲရေသွန်ဖြစ်ပြီ နင်နဲ့အတူပျော်ချင် လွန်းခဲ့သမျှ။အခြားသူငယ်ချင်းတွေထက်ကိုပိုပြီး အဖော်မင်လွန်းတဲ့ငါ အညံ့တွေပျောက်အောင် ခေါင်းလျှော်ပစ်မယ် တလျော်ကင်ပွန်းနဲ့ကွာ။လောကဓံရိုက်ချက်တွေကြားထဲ တစ်ခါတလေ Side effect တွေများလဲ တစ်စိုက်မက်မက်စာပဲ ကြိုးစားကွာ Night Club တွေမသွားနဲ့။နောက်ဆုံးမှာချင်တာကတော့ ဘယ်နေရာရောက်ရောက် မြန်မာဆိုတာမမေ့နဲ့။အို နင်ပြန်လာမယ်ဆို ထိပ်ဆုံးကလာကြိုမှာအပြေးကို။သူ့နှလုံးသား ကျွန်တော့်တစ်ယောက်ထဲအမြစ်တွယ်။တစ်သက်လုံးအတွက် မဟောင်းတဲ့စကားဖြစ်မယ်။နေလို့မှကောင်းရဲ့လားအချစ်ရယ်။အရမ်းသတိရနေတယ်။ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့နောက်ကွယ်။နေသာကျသွားကြမှာလဲကြောင်တယ်။အားလုံးစောင့်နေတယ်။ယုံကြည်ရင်နင်အမြန် ပြန်လာကွယ်။နေလို့မှကောင်းရဲ့လားအချစ်ရယ်။
အလုပ်တွေကြိုးစားနေပြီဗျို့။လေယာဉ်ပျံကြီးစီးပြီး နင့်ဆီလာလည်မလို့။တော်ကြာအရည်အချင်းမရှိလို့နင်ထားခဲ့မှာစိုး။အလုပ်တွေကြိုးစားနေပြီဗျို့။လေယာဉ်ပျံကြီးစီးပြီးသူ့ကိုပြန်ခေါ်မလို့။အလုပ်တွေကြိုးစားနေပြီဗျို့ တော်ကြာအထင်သေးပြီးတော့ နင်ထားခဲ့မှာစိုး။ကျွန်တော့်အမှားတွေသူ့ကိုပြန်သွားမတိုင်ပါနဲ့။ကျွန်တော့်အမှားတွေသူ့ကိုပြန် သွားမတိုင်ပါနဲ့။သူစိတ်ဆိုးလို့ ဖုန်းမကိုင်ရင် မခံစားနိုင်ပါတကယ်။ဖုန်းပြောရင်းသီချင်းတွေဆိုပြလျှက်ပေါ့ဗျာ။သူ့ရင်ခွင်မဟုတ်ရင် မခိုနားတတ်တော့ပါ။ဖုန်းပြောရင်းသီချင်းတွေ ဆိုပြလျှက်ပေါ့ဗျာ။ပြန်လာရင်အရင်လို ဘို ကျား သေနတ် ဆော့မှာ။သူ့နှလုံးသား ကျွန်တော့်တစ်ယောက်ထဲအမြစ်တွယ်။တစ်သက်လုံးအတွက် မဟောင်းတဲ့စကားဖြစ်မယ်။နေလို့မှကောင်းရဲ့လားအချစ်ရယ်။အရမ်းသတိရနေတယ်။ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့နောက်ကွယ်။နေသာကျသွားကြမှာလဲကြောင်တယ်။အားလုံးစောင့်နေတယ်။ယုံကြည်ရင်နင်အမြန် ပြန်လာကွယ်။နေလို့မှကောင်းရဲ့လားအချစ်ရယ်။