ကိုယ်ဝန်ဆာင်မိန်းမလေးတွေအတွက်....ဒီလို စိတ်လက် မအီ မသာ ဖြစ်ခြင်း ကလည်း ဗိုက်ထဲ၌ ကလေးလေး ရှိနေသည် ဆိုသည့် သက်သေ ဖြစ်ပါ၏ ကိုယ်ရဲ့ စိတ်ကို အပေါင်း လက္ခဏာ ပဲဆောင် ထားပြီး ခန္ဓာကိုယ် ကိုလည်း လုံးဝ မလုပ် နိုင်တာကို မလုပ်ခိုင်း ပဲနှင့် ဤ ဝေဒနာ အား ကျော်လွှား ကြရအောင်။လိုက်ဖတ်ကြည့်နော်....
ဘယ်ချိန်မှာအော့အန်မှုစတင်တာလဲ...အာ့အန် မှုသည် တဦးနှင့် တဦး ကွာခြားချက် ရှိပေ မဲ့လည်း အထူး သဖြင့် ဘယ်လို ရောဂါ အခြေ အနေကဘယ်လို အချိန် မျိုးတွင် ဖြစ်လွယ် လဲဆို တာကို သိထားလျှင် ဖြေရှင်း ရမည့် နည်းလမ်း ကိုလည်း ဆက်စပ် သိရှိ နိုင်ပုံ ရပါသည်။မျှော်လင့် မထားသည့် ကိစ္စ ဖြစ်ပေ မဲ့လည်း ဒီလို ဖြစ်ရခြင်း အကြောင်း အရင်းနှင့် ပတ်သက်၍ အဓိက အချက်ကို တိတိ ကျကျ အဖြေ ပေးနိုင်သော သတ်မှတ်ချက် မရှိသေး ပါဘူး။ ဖြစ်နိုင်ခြေ များသည့် ရှင်းလင်းချက် ကတော့..ယိုစိမ့် လာသော HCG ဟိုမုန်းသည် အန်ချင် စိတ်အား နှိုးဆွ သောကြောင့်
ဟ်ာမုန်း ပြောင်းလဲ မှုကြောင့် အာရုံကြော စနစ်၏ ဟန်ချက်များ ပျက်လာ သောကြောင့်သုတ်ပိုး ဝင်ရောက် မှုနှင့် သန္ဓေ သားအား မိခင် ခန္ဓာ ကိုယ်မှ နေ၍ မတူ ညီသော ပြောင်းလဲမှု တခု အဖြစ် မှတ်ယူပြီး တုံ့ပြန် သောကြောင့် ဓာတ်မ တည့်မှု ဖြစ်လာ သည့်အတွက်စိတ်ပိုင်း ဆိုင်ရာနှင့် ဆိုင်သော ကိစ္စ များကလည်း အကြောင်း ရင်းတ ရပ်နေဖြင့် စဉ်းစား လို့ရ ပါသည်။ ဖြစ်ပေါ် လာသော အကြောင်း ရင်းက သတ်မှတ်ချက် မရှိ သေးသည့် အတွက် ဒီလို လုပ်လိုက် ရင်တော့ ပျောက်မည် ဆိုသည့် အထူး ပြုလုပ် ထားသည့် ဆေးလို မျိုးလည်း ရှာမ တွေ့သေး ပါဘူး ဆိုတာပဲ ဖြစ်ပါသည်။အဆင်ပြေပါစေနော်...
နောက်ထပ်လက္ခဏာတွေလဲဆက်ဖတ်ပေးပါအုံး...အတော် များများ ကတော့ ကိုယ်ဝန် စရှိ ချိန်၌ မြင်နိုင် သော ရောဂါ အခြေ အနေ ဖြစ်ပြီး လက္ခဏာ ပြတာ မြန်သည့် သူကတော့ ""ရာသီသွေး ဆင်းတာ နောက်ကျ နေပါလား"" လို့ထင် လိုက်သည့် အချိန် လောက်က စပြီး စတင် နေခြင်း များလည်း ရှိပါသည်။ ကိုယ်ဝန် ၄ပတ် လောက်က စ၍ ၁၅ပတ်လောက်ထိ ဆက်လက် ဖြစ်ပေါ် နေခြင်းများ ရှိပြီး အပြင်း ထန်ဆုံး အချိန် ကတော့ ၈-၉ပတ် ကအများဆုံး ဖြစ်ပါသည်။မားလည်မယ်လို့ထင်ပါတယ်...
ဆက်လေ့လာပါအုံးနော်....ဒါပေမဲ့ တဦးနှင့် တဦး အချိန် ကာလ မတူညီ မှုများလည်း ရှိပြီး ၁၀ပတ် လောက်နှင့် ပြီးသွားတဲ့ သူများလည်း ရှိသလို ကိုယ်ဝန် ရှိပြီး တော်တော်လေး ကြာတဲ့ အထိ ဆက်လက် ဖြစ်ပေါ် နေသူလည်း ရှိပါတယ်။ထို့အပြင် ဒီဝေဒနာကို လုံးဝ မခံ စားရဘူး ဆိုသော သူများလည်း ရှိပါတယ်။သူ၏ အဓိက ရောဂါ အခြေ အနေ ကတော့ ""အန်ခြင်း၊ အန်ချင် သလို ဖြစ်ခြင်း"" တို့ဖြစ်သည်။ များသော အားဖြင့် ကတော့ မနက် အိပ်ယာ ထသည့် အချိန် ဗိုက်ထဲ၌ ဘာမှ မရှိသည့် အခါ ရောဂါ အခြေ အနေက ပြင်းလာ သလို ဖြစ်ပေမဲ့ ဒါလဲ တဦးနှင့်တဦး အမျိုးမျိုး ဖြစ်၏။အဆင်ပြေကြပါစေ...
မကြောက်နဲ့နော်...အဓိက ဖြစ်သည့် လက္ခဏာ များကတော့ အောက်ဖော် ပြပါ အတိုင်း ဖြစ်ပါသည်။..သဘာဝပဲလေ....အစာအိမ် နာသလို ဖြစ်၍ အန်ချင် သလို ဖြစ်လာပြီး မခံနိုင် သည့်အဆုံး အန်ချခြင်း၊ ဗိုက်ထဲ၌ အစာ မရှိ သည့်အ ချိန်၌ အန်စရာ အစာလည်း မရှိ သောကြောင့် ဆိုးရွားသည့် ရောဂါ အခြေ အနေ တခု ဖြစ်လာသည်။ တဖန် ပါးစပ် ထဲ၌ အစား မရှိလျှင် အန်ချင်စိတ် ဖြစ်သည့် ရောဂါမျိုး ရှိသော သူများလည်း ရှိပါသည်။ အလို အလျှောက် ထိန်းချုပ် ပေးသည့် အကြော များက တည်ငြိမ်မှု မရှိ ဖြစ်လာ၍ ဖြစ်ပေါ် လာခြင်း ဖြစ်ပါသည်။ အရင်က ဘာမှ မဖြစ် ခဲ့သော အနံ့ များက နံလာပြီး ထမင်း ချက်သည့် အနံ့၊ ဟင်းချက်နံ့ များက ယနေ့ အထိကို မွှေးတယ်လို့ ထင်ခဲ့ ပေမဲ့လည်း ရုတ်တရက် မသက် မသာ ခံစားလာ ရသူ များလည်း ရှိပါသည်။ဒီနေ့ထိ ကြိုက်ခဲ့သော အရာ များကရုတ်တရက် စားလို့ မရ ဖြစ်လာခြင်း၊ မကြိုက် ခဲ့သော အရာ များကို အကြောင်းမဲ့ စားချင် လာခြင်းများ ရှိတတ် သည်။ ခန္ဓာကိုယ် ပင်ပန်း နွမ်းနယ်ခြင်း၊ ဘယ်လောက်ပဲ အိပ်အိပ် အိပ်ချင်စိတ် မပျောက်ခြင်း ဖြစ်သည်။ ဒီလိုပဲကိုယ်ဝန်ရှိလာရင် အိပ်ချင်နေမှာ ခလေးကလဲအိပ်ချင်တာကိုး..အကြောလဲတတ်တယ်လေ...
ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်လဲသိပ်မရှည်ကြဘူးတဲ့...ရာသီ သွေးဆင်း သည့်အ ခါ၌ ကိုက်သ လိုမျိုး ခေါင်းကိုက်ခြင်း၊ စိတ်မရှည် ဖြစ်လာခြင်း သည်လည်း ကိုယ်ဝန်ဆောင် လက္ခဏာ ရောဂါ ထဲ၌ အတော် များများ တွေ့ရ ပါသည်။ ပထမ ဆုံးက""မဖြစ်နိုင် တာကို မလုပ်ခြင်း"" ဆိုတာ သည် ဒီအချိန်၌ အရေး ကြီးဆုံး ဖြစ်သည်။အန်ချင် ပေမဲ့လည်း ဗိုက်ဆာလျှင် စားချင် တာကို စားပြီး၊ ခန္ဓာကိုယ် ပင်ပန်း နွမ်းနယ် သည့်အခါ အနားယူ နိုင်မည့် ပတ်ဝန်း ကျင်ကို စဉ်းစား ကြည့်ရအောင။အော့အန်မှုကြောင့် အစား အသောက်ကို ထင်သလို စားလို့ မရလျှင် ကလေး ကျန်းမာစွာ မဖွံ့ဖြိုး ဘူးလား။ ဆိုပြီး စိတ်ပူ စရာ ရှိပါသည်။ ဒါပေမဲ့ ကိစ္စ မရှိပါဘူး။ ကိုယ်ဝန် ရှိစ ကိုယ်ဝန် ရောဂါ စဖြစ် ချိန်က ကလေးငယ်သည် သေးငယ် လွန်းသေး သည့် အတွက် ဒီလောက်ထိ အဟာရ များများ မလိုအပ် သေးပါဘူး။တဖန် ကလေး ငယ်၏ လိုအပ်သော အဟာရသည် ကလေး ငယ်ထံသို့ ဦးစားပေး အနေဖြင့် ရောက်ရှိ နိုင်သော ဖွဲ့စည်းပုံ ဖြစ်နေ ခြင်းက ကိုယ်ဝန် တခု၏ ဆန်းကြယ်မှု ဖြစ်ပါသည်။ ကလေး ဆီသို့ လိုအပ်သော folic acid (ဘီတာမင် B အမျိုး အစား) အစ ရှိသော ဘီတာ မင်ဓာတ် ရယူ ဖို့ရန် လိုအပ် ပေမဲ့လည်း တခြား စားချင်တဲ့ အစား အစာ ကိုတော့ စားချင် သလောက် စားကြ ရအောင်။..အရေးကြီးပါတယ်နော်။
အော့တာအန်တာတွေကိုမကြောက်ပါနဲပ...ဖြေရှင်းမယ်လေတဦးနှင့် တဦး မတူညီ ပေမဲ့လည်း ဤအ ချိန်ကို ကျော်ဖြတ် နိုင်မည့် အခြေခံ အချက် များကို စုစည်း ထားကြ ရအောင်။ ဤ ဝေဒနာ ခံစား နေရသော အခါ၌ အဟာရ ပမာန နှင့် ညီမျှ မှုသည် အဲ့ဒီလောက် စိတ်ထဲ မထားလဲ ရသည့် အချိန် ကာလလို့ ဆိုပေ မဲ့လည်း စားချင်စိတ် မရှိ ပေမဲ့လည်း မိခင်၏ ခန္ဓာကိုယ် အားရှိ ဖို့ရန် အတွက် စားနိုင်သည့် အချိန်တွင် နည်းနည်း ပဲဖြစ်ဖြစ် စားထား ရအောင်။ ခြွင်းချက် ကတော့ ယခု တလော ကိုယ်ဝန် စရှိ ချိန်၌ folic acid မလုံ လောက်ခြင်းက ကိုယ်ဝန် ပျက်ကျခြင်း၊ ကိုယ်လက် အင်္ဂါ ချို့ယွင်းခြင်း များဖြစ်ပေါ် စေသည့် အကြောင်း အချက်ကြောင့် ဆိုသော သုတေ သန မှတ်တမ်း များ မြင့်တက် လာပါသည်။အရင်က ကိုယ်ဝန် ရှိချိန်၌ ဘာရယ် မဟုတ် စားချင် လာသော fast food နှင့် junk food ပဲဆိုလည်း OK ပေမဲ့
ဒီအချိန် မှာတော့ တတ်နိုင် သလောက် folic acid နှင့် folic acid ရရှိ ဖို့ရန် လိုအပ်သော ဗီတာမင် B12၊ ဗီတာမင် B6၊ ဗီတာမင် C များကို သေချာစွာ ယူဖို့ လိုအပ် ပါသည်။ folic acid သည် စတော် ဘယ်ရီ၊ ရှောက်ချိုသီး၊ ဟင်းနုနွယ်၊ ပန်းဂေါ် ဖီစိမ်း တို့၌ ပါဝင် ပါသည်။ ကိုယ်ဝန်နာ ဖြစ်ပြီး ဒီအစား အစာများ မဝင်လျှင် folic acid ပါဝင်သည့် multivitamin ဖြင့် ဖြည့်စွက် လျှင်ရ ပါသည်။ ရေဓာတ် မလုံ လောက်လျှင် ရေဓာတ် ဆုံးရှုံးမှု အခြေ အနေ ဖြစ်ပေါ်ပြီး ဆီးပျစ် လာသော ကြောင့် ရေဓာတ် ဖြည့်ပေး ကြရအောင်။ မင်န လာဓာတ် ကြွယ်ဝပြီး ရေစုပ် ယူမှု ကောင်းသော ion drink သောက်ဖို့ တိုက်တွန်း ပါသည်။ ခါင်းအုံးနားမှာချက်ချင်းစားလို့ရနိုင်သည့်အစာများကို မနက် အိပ်ရာထ ကတည်းက အန်ချင်စိတ် ဖြစ်လာလျှင် တနေ့ တာလုံး ပင်ပန်း နွမ်းနယ် နေမည်။ ခေါင်းအုံး နား၌ ဘီစကစ်၊ ခရပ်ကာ အစ ရှိသော လွယ်လင့် တကူ ပါးစပ် ထဲထည့် နိုင်သော အရာကို ပြင်ဆင် ထားပြီး မျက်လုံး ပွင့်တာနှင့် အိပ်ရက်သား စား၍ ထလျှင် အတော်လေး သက်သက် သာသာနှင့် ကျော်လွှား နိုင်မည်။...သိပြီမှတ်လား....ဘာမှကြောက်စရာမလိုဘူးနော်...ဖိုက်တင်း....
ကိုယ်ဝန်ဆောင်နေစဉ်မှာ မနိုင်ဝန်တွေမထမ်းပါနဲ့နော်....ကိုယ်ဝန် လက္ခဏာ ရောဂါ ဖြစ်ချိန်၌ အနံ့ မခံ နိုင်သည့် ခံစားမှု များဖြစ်သော ထမင်း ဟင်းချက်နံ့၊ ရုံးတက် ရုံးဆင်း ချိန်ရထား ထဲက အနံ့ များကို မခံ နိုင်သော ကိစ္စ များလည်း ရှိသည်။ ထိုအ ချိန်တွင် မိခင် လောင်းရော၊ ကလေးရော အခြေ အနေသည် မတည် ငြိမ်သေးပါ။ ထို့ကြောင့် မနိုင်ဝန် မထမ်း ခြင်းသည် လိုက်နာ ရမည့် ကိစ္စ တခု ဖြစ်သည်။ကိုယ်ဝန် ရောဂါ လက္ခဏာ ဖြစ်လျှင် ဟင်းပြောင်း ချက်ခိုင်းခြင်း အသင့် ချက်စား ဟင်းလျာများ၊ ချက်ပြီးသား ရယ်ဒီမိတ် ဟင်းလျာများ စားခြင်းဖြင့် ကျော်ဖြတ် ကျမည်။ကိုယ်ဝန်နာ ရောဂါသည် စိတ်ပိုင်း ဆိုင်ရာ ကြောင့် ဖြစ်ပေါ် လာတာ များသည့် အတွက် သူငယ်ချင်း များနှင့် တွေ့၍ စကား ပြောခြင်း၊ ကိုယ်ကြိုက် နှစ်သက်သော ကိစ္စ များကို လုပ်ပြီး စိတ်ကို ဖြေဖျောက် ခြင်းဖြင့် သက်သာ လာမည်။ကိုယ်ဝန် ရှိစ အော့အန် မှုကို ဆိုးရွားစွာ ခံစား ရပေ မဲ့လည်း အစာ စားနိုင် သေးလျှင်၊ နေ့စဉ် ဘဝ၌ ကြီးမားသည့် ဆုံးရှုံး မှုမရှိ သေးလျှင် တော့ ကိစ္စ မရှိ ပါဘူး။ ဒါပေမဲ့ အောက်ဖော်ပြပါ ""hyperemesis gravidarum""လို့ ခေါ်သော နက်နဲသည့် အခြေ အနေ ဖြစ်လာလျှင် အမေကော ကလေးပါ ဆိုးရိမ် ရသောကြောင့် ဆရာဝန် ပြသင့် ပါသည်။" ကျေနပ်ကြလားမသိဘူးနော်....အချစ်လေးတွေရေ.......
နောက်ဆုံးအနေနဲ့ပြောချင်တာလေးကတော့...ကုသပုံ နည်းလမ်း များကတော့ ဆေးပုလင်း ချိတ်ပြီး ရေဓာတ် နှင့် အဟာရ ဓာတ်ဖြည့်ခြင်း၊ folid acid ပါသော ဗီတာ မင်ဆေး ပေးခြင်း၊ အချိန် အခါ ပေါ်လိုက်၍ စိတ်ငြိမ် ဆေးနှင့် အအန် ရပ်ဆေး ပေးခြင်း အစ ရှိသည် တို့ဖြစ်သည်။ ရောဂါ အခြေ အနေ ပေါ်မူ တည်၍ ဆေးရုံ သွားရုံဖြင့် ပြီးသလို၊ ဆေးရုံ တက်ဖို့ လိုအပ် သောအခါ များလည်း ရှိသည်။တဖန် ကိုယ်ဝန် ဆောင်ချိန် တဝက် နောက်ပိုင်း မှာလည်း အစာ စားချင်စိတ် မရှိ တာတို့ ဆက်ဖြစ် လျှင် ကလေး အပေါ်အကျိုး သက်ရောက်မှု ဖြစ်ပြီး စိတ်ပူ ရသောကြောင့် စစ်ဆေးမှု ခံယူ ချိန်၌ ဆရာ ဝန်နှင့် ဆွေးနွေး ကြည့်ရအောင်။အားလုံးကျေးဇူးတင်ပါတယ်နော်...baby ပြောတာလေးတွေလိုက်နာပါ..baby ကဆရာဝန်တစ်ယောက်ပါ...