မင်္ဂလာပါ မိတ်ဆွေတို့ရေ.....
ဒီနေ့မှာဖြင့် မိတ်ဆွေတို့အား အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့်
ပတ်သက်၍ ဗဟုသုတ ရစေရန် အလို့ငှါ လည်းကောင်း၊
အသင်းအဖွဲ့ ဖွဲ့မည့်သူများအတွက် တစ်ဘက်တစ်လှမ်းမှ
အသုံးဝင်စေရန် အလို့ငှါ လည်းကောင်း ...
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ အချို့အား
ဓာတ်ပုံရိုက်ယူ၍ တင်ပြပေးလိုက်ပါတယ်။
ဤဥပဒေ အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရေးဆွဲခဲ့၍ ၂၀၁၄ ခုနှစ်တွင်
သမ္မတဟောင်း ဦးသိန်းစိန် မှ လက်မှတ်ရေးထိုးကာ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၁။)
မြန်မာသက္ကရစ် ၁၃၇၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)တွင် ပြည်ထောင်စုလွှတ်တော်
သည် ပြဋ္ဌာန်းခဲ့ပါသည်။
ကျွန်တော်သည် ဤဥပဒေအား ချပြရသည်မှာ...
ယနေ့ခေတ် ကမ္ဘာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး
ဆောင်ရွက်ဖွယ်ကိစ္စရပ်တိုင်းတွင် အသင်းအဖွဲ့ ဖွဲ့စည်း
ဆောင်ရွက်သူများသည် တစ်သီးပုဂ္ဂလ ဆောင်ရွက်သူများထက်
လွန်စွာ သာလွန် အောင်မြင်နေကြသောကြောင့် ဖြစ်ပါသည်။
ယနေ့ခေတ်တွင် အောင်မြင်မှု ကြီးကြီးမားမား ရစေရန် အလို့ငှါ
Team Work သည် မရှိမဖြစ် အရေးပါ အရာရောက်နေ
သောကြောင့် ဖြစ်ပါသည်။
ယခုရက်ပိုင်းတွင် ဤ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မှတ်ပုံတင်ခြင်း
ဆိုင်ရာ ဥပဒေကို Steemit ပေါ် တင်ပြရခြင်း အကြောင်း
အချက်တစ်ခုကတော့...
ကျွန်တော်သည် Steemit Platform ပေါ် လျှောက်လှမ်း၍ Online Money ဟု ခေါ်လို့ရသော Steem Token နှင့် Steem Dollar (SBD $) ရယူရာတွင် Myanmar
Steemit Community (MSC)၏ အကူအညီကို
ရယူလျက် ရှိပါတယ်။
၎င်းအဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် တရားဝင် အဖွဲ့အစည်း
အဖြစ် တည်ထောင်ရန် ကြံဆောင်လျက် ရှိပေသည်။
၎င်းအဖွဲ့အစည်းမှ ဦးဆောင်သူများသည် ယခု ကျွန်တော်
တင်ပြသော ဥပဒေအား သိပြီးသားလည်း ဖြစ်နိုင်ပါသည်။
သို့သော် မသိသေးသော သူများလည်း ရှိနိုင်ပါသည်။ ယခု
လတ်တလောကာလ မှာလို တရားဝင် မှတ်ပုံ မတင်လည်း
နေလို့ ဖြစ်သည်ဟု ထင်သူများလည်း ရှိနေနိုင်ပါသည်။ ထို့ကြောင့်
အဖွဲ့ဝင် ခေါင်းဆောင်များနှင့် အဖွဲ့တော်သားများ ပိုမိုသိရှိနားလည်
စေရန် ဤအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေကို
ကျွန်တော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေး
ဝန်ကြီးဌာနမှ ဥပဒေစာအုပ်အား ငှါးယူကာ အချက်အလက်အချို့
ဓာတ်ပုံရိုက်၍ တင်ပြလိုက်ရပါသည်။
ပထမဦးစွာ အသင်းအဖွဲ့ ဖွဲ့စည်း၍ မြန်မာနိုင်ငံတွင် တရားဝင်
အဖွဲ့အစည်း ဖြစ်လာလျှင် အဘယ်သို့သော အကျိုးကျေးဇူးများ ရရှိ
နိုင်သည်ကို ဖော်ပြပေးပါမည်။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်း
ဆိုင်ရာဥပဒေ အခန်း ၈ တွင် အသင်းအဖွဲ့များအား အကာအကွယ်
ပေခြင်းနှင့် အကျိုးခံစားခွင့်များကို ပုဒ်မ ၂၅။ ၂၆။ ၂၇။ ၂၈။ ၂၉။
ဟူ၍ ငါးမျိုး ရှိပါတယ်။ အောက်ပါပုံတွင် အသေးစိတ်ဖတ်ရှုပါရန်...
အထက်ပါ အကျိုးခံစားခွင့်များကို MSC အနေဖြင့် တရားဝင်
အသင်းအဖွဲ့ မှတ်ပုံတင်ပြီးသောအခါတွင် လက်တွေ့ကျကျ
ဆောင်ရွက် အသုံးပြုနိုင်လာမည် ဖြစ်ပါသည်။
ဒုတိယအနေဖြင့် ပြည်ထောင်စုသမ္မတနိုင်ငံတော်မှ ဤ
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေကို ထုတ်ပြန်
ရခြင်း ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ထို့နောက် မှတ်ပုံတင်ရေးအဖွဲ့အား ဖွဲ့စည်းကာ လုပ်ငန်း
တာဝန်များ ခွဲဝေချထားမှုကို အခန်း ၃ ပုဒ်မ ၄။ တွင်
ဖော်ပြထားပါတယ်။
အထက်ပါ အဖွဲ့မျာ၏ ဖွဲ့စည်းပုံကိုတော့ စာအလွန်ရှည်သွားမည်
ဖြစ်သောကြောင့် ချန်လှပ်ထားခဲ့ပါတယ်။ထိုအထဲမှ မှတ်ပုံတင်
ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များကိုတော့ ပုဒ်မ ၆။ တွင်
ချပြထားပါတယ်။
အထက်ပါ အကြောင်းအရာ ဥပဒေပုဒ်မများမှာ အသင်းအဖွဲ့များ
မှန်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းရခြင်းနှင့် ဖွဲ့စည်းရခြင်း
အကြောင်းအချက် အချို့ ဖြစ်ပါသည်။
နောက်တစ်ပိုင်းတွင်မှ ပြည်တွင်းအသင်းအဖွဲ့များ အနေဖြင့်
မည်သို့မည်ပုံ မှတ်ပုံတင်ရရန် လုပ်ဆောင် ဖွဲ့စည်း လျှောက်
ထားရမည်ကို တင်ပြပါမည်။
မြန်မာစတီးမစ်အဖွဲ့အစည်း အောင်မြင်ပါစေ။