မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီနေ့မှာတော့ ဒေသန္တရဗဟုသုတ အနေဖြင့်ရော
တောလည်တောင်တတ် ဝါသနာပါသူတွေ အတွက်ရော
သင့်တင့်ကောင်းမွန်သာယာသော နေရာလေးတစ်ခုကို
ပုံလေးတွေဖြင့် တင်ပြလိုက်ပါတယ်။
ထိုနေရာမှာ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းရွာကြီး
အနီးရှိ ဓာတ်တော်ချိုင့်ရေတံခွန်တောင် ဖြစ်ပါသည်။
ဓာတ်တော်ချိုင့်ရေတံခွန်မှာ လေးဆင့် ရှိပါသည်။
ထိုနေ့က ကျွန်တော်တို့ ဇနီးမောင်နှံသည်
နံနက်စောစော စစ်ကိုင်းမြို့မှ ထွက်လာခဲ့၍
အနီးစခန်းသို့ မနက် ၈ နာရီ ထိုးခါနီး၌
ရောက်ရှိခဲ့ပါသည်။
ထိုမှ ရေတံခွန်လေးဆင့် ကို သွားရောက်ကြည့်ရှု
လေ့လာရန် တောတွင်းခရီးနှင်ရပါသည်။
ထိုဒေသမှ လမ်းကြောင်းပြ ကလေးအချို့ကိုလည်း
လမ်းပြရန် ခေါ်ဆောင်ခဲ့ရပါတယ်။
တောတွင်းခရီး ဖြစ်၍ လမ်းပြ မပါပါက
ရေတံခွန် လေးဆင့်လုံးကို မရောက်နိုင်သလို
မျက်စိလည် လမ်းမှားလည်း ဖြစ်နိုင်ပါသည်။
ကျွန်တော်တို့တွင် လမ်းပြကလေးများ သုံးယောက်
ပါလာခဲ့ပါသည်။ ထိုလမ်းပြကလေးများကို
မုန့်ဖိုး တစ်သောင်း ပေးရပါတယ်။
နိုင်ငံခြားသားများကို လိုက်ပို့ရလျှင် ၃..၄ သောင်း ရသည်ဟု သူတို့တွေက ပြောပြကြပါတယ်။
ထိုကလေးတွေရဲ့ အကူအညီဖြင့်
ရေတံခွန်လေးဆင့်လုံး ရောက်ရှိခဲ့ကာ
ဓာတ်ပုံများလည်း အများကြီး ရိုက်ယူခဲ့ရပါတယ်။
ရေတံခွန်လေးဆင့် အသွားအပြန် ကြာချိန်မှာ
၎ နာရီ လောက် ရှိပါတယ်။
နေရာတိုင်းတွင် ဓာတ်ပုံရိုက်ရုံမှတပါး
ကြာကြာ အနားမယူခဲ့ရပါ။
တောတောင်စိမ့်စမ်း ရေတံခွန်များမှာ
လွန်စွာ သာယာအေးချမ်း ရှုမဆုံးတဲ့ သဘာဝအလှ
ရှိလှပေသည်။
အဖော်အပေါင်းများစွာဖြင့် အတူသွားရောက်၍
တစ်နေကုန် လည်ပတ်ရလျှင် ပိုမို ပျော်စရာ
ကောင်းပေမည်။
သို့ဖြစ်၍ တောလည်တောင်တတ် ဝါသနာပါသူများ
သွားရောက်လည်ပတ်နိုင်ရန် မျှဝေလိုက်ရာပါတယ်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193