မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီရက်ပိုင်း Steemit နှင့် ပတ်သက်၍ စိတ်မလန်းချင်ပါ...
မိမိအကောင့်အား steemit user account များစွာမှ
Upvote ပေးနေခဲ့ကြခြင်းသည် မိမိအတွက် အကျိုးရလဒ်
ရှိပါသည်....သို့သော် ၎င်း၏ ဘေးထွက်ဆိုးကျိုး အနေဖြင့်
Steemcleaners အဖွဲ့မှ မိမိအား အပျက်သဘောအမြင်ဖြင့်
မျက်စိကျလာသည် ထင်ပါသည်....
လွန်ခဲ့သော ၃ရက်လောက်ကစ၍ Down Vote ရရှိခဲ့ပါသည်။
မိမိသည် steemit ကို မျှော်လင့်ချက်တစ်ခုထား၍
အားသည့်အချိန်တိုင်းအား ၎င်းPlatform ပေါ်တွင်
အာရုံစိုက်ကာ SP စုခဲ့ပါသည်....
သို့သော် ယခုအခါတွင်ကား ကံအားလျော်စွာ
ပြဿနာတစ်ခု ကြုံနေရပါသည်.....
Discord channel တွင် ဖြေရှင်းပါသော်လည်း
၎င်းအဖွဲ့အစည်းမှာ အရေးတယူ ဖြေရှင်းခွင့် မသာပေ...
သို့ဖြစ်ပါ၍ မိမိသည်လည်း steemit ၌ Post တင်နေခြင်း
ကို ရပ်နားထားရမည်လားဟု စိတ်ကူးမိပါသည်။
မိတ်ဆွေအချို့မှလည်း ပို့စ်တင် နားထားဖို့ အကြံပြုပါသည်...
သို့သော် မိမိသည်ကား ပြဿနာကို ထိုင်စောင့်မနေတတ်ပေ...
ပြဿနာကို မေ့ပျောက်မထားနိုင်ပေ...
ပြဿနာကြောင့် မိမိ လုပ်လက်စများကိုလည်း
ရပ်မပစ်ချင်ပါပေ...

ထို့ကြောင့် Post တင်ကြည့်ဖို့ စိတ်ကူးလိုက်ပါသည်။
Post ကလည်း တင်ချင်သည်....
SNAX.ONE ၏ Snax Bounty Program
ကိုလည်း ပါဝင်ဆင်နွှဲလိုသည်....
Steem Bounty Program မှာ မေ ၃၁ တွင်
ပြီးဆုံးမည် ဖြစ်သည်.... သို့ဖြစ်၍ ဒီကြားထဲ မပါဝင်လိုက်ရမှာ
စိုးမိပါသည်... SNAX ၏ တန်ဖိုးမှာ မည်မျှရှိမည်
မိမိ မသိရသေးပါ....အကျိုးတရား ကြီးသည်သေးသည်ထက်
မိမိသည် လုပ်စရာရှိတာကို လုပ်နိုင်စွမ်းသလောက်
လုပ်နေချင်သူသာ ဖြစ်သည်။
တော်တန်ရုံ အခက်အခဲ ပြဿနာလောက်ဖြင့်
မိမိ လျှောက်လှမ်းနေသော ခြေလှမ်းများကို ရပ်မပစ်တတ်ပေ...
ထို့ကြောင့် ယခု Post တင်လိုက်ပါတော့သည်။
အကျိုးဆက် အနေဖြင့် ဘာတွေ ထပ်ဖြစ်လာမည် မသိပါ...
မိမိကိုယ်တိုင်က အမှားအယွင်း ပြုလုပ်ထားသည် မဟုတ်၍
နောက်တွန့် ရပ်တန့်မနေချင်ပါ...
မိမိ မမှားသော အရာအတွက် ဆုံးရှုံးမှုလည်း မဖြစ်ချင်ပါ...
မိမိ လုပ်စရာ ရှိသည်ကို ဆက်လုပ်နေသည့် အတွက်
ဘာတွေ ဖြစ်လာနိုင်မလဲ.....ဘာပဲ ဖြစ်ဖြစ် ရင်ဆိုင်ရပါမည်။
အခက်အခဲမျာကို ကျော်ဖြတ်ရပါမည်....
သို့အတွက် စိတ်ထဲ၌ ဖြစ်လာသမျှကို ဖြေရှင်းရန်
ကြံစည်ထားလိုက်ပါတော့သည်....
အမှား မလုပ်မိဘဲ အခက် ကြုံရသည့် မိမိအား
MSC Pro က ဘယ်လို ဆုံးဖြတ်ပေးလေမလဲ....
Steemcleaner ကရော ဘယ်လို ထပ် အရေးယူနိုင်မလဲ...
သိလိုစိတ်ဖြင့် ဤပို့စ်ကို ရေးသားတင်လိုက်ရခြင်းလည်း
ဖြစ်ပါသည်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ.....
MSC- 193