မင်္ဂလာပါ မိတ်ဆွေတို့ရေ...
အောင်မြင်သောသူတွေဟာ စာဖတ်ကြပါတယ်။
စာဖတ်ပြီး မအောင်မြင်ကြတဲ့သူတွေက
ဘာကြောင့်ပါလဲ။
တကယ်တော့ အောင်မြင်မှု ရရှိကြသူတွေဟာ
ဖတ်ခဲ့မှတ်ခဲ့တဲ့ စာတွေ၊ ဗဟုသုတတွေကို
လက်တွေ့အသုံးချ လုပ်ဆောင်လို့ပါပဲ။
ဒါကြောင့် မိတ်ဆွေတို့ အောင်မြင်စေရန် အလို့ငှါ
သတိပေးနှိုးဆော်စာလေး ရေးပေးလိုက်ပါတယ်။
သင်ယူထားတွေကို လက်တွေ့လေ့ကျင့်
လုပ်ဆောင်ပါ။ လက်တွေ့လုပ်ဆောင်မှု
မရှိသော အသိပညာတွေဟာ သတင်း
အချက်အလက်မျှသာမို့ ဘာမှ ဖြစ်မြောက်
လာမှာ မဟုတ်ပါဘူး။
သင်ယူထားတဲ့ အသိပညာတွေကို
လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ
အန္တရာယ်အတားအဆီးတွေကို ကျော်ဖြတ်နိုင်လာပြီး
လက်ရှိထက်ပိုမိုတဲ့ စွမ်းရည်တွေမြင့်တတ်လာပါမယ်။
ထိုမှတဆင့် အောင်မြင်မှုကို ဆုပ်ကိုင်နိုင်မှာပဲပေါ့။
သိပြီး မလုပ်သေးတာဟာ
တကယ်မသိသေးလို့ပါပဲ။
ဗဟုသုတဟာ စွမ်းအားတစ်ရပ်
ဆိုပေမယ့် သိတယ်ဆိုတာတွေက
တကယ်တော့ ကြားဖူး မြင်ဖူး
တွေ့ဖူး ဖတ်ဖူးတဲ့ အဆင့်လောက်သာမို့
ဘာမှလည်း ထူးထူးခြားခြား
ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။
သိထားတာတွေဖြင့် လက်တွေ့လေ့ကျင့်
လုပ်ဆောင်မှသာ ထူးခြားဆန်းပြားတဲ့
အောင်မြင်မှုတွေ ရရှိမှာပါ။
ပိုမိုကြီးမားသော အောင်မြင်မှု တည်မြဲချင်ရင်တော့
အသိမှ လက်တွေ့လုပ်ဆောင်ပြီး
အတွေ့အကြုံကောင်းတွေကို
တခြားသူတွေအား မျှဝေရင်း
ဆက်လက်စွမ်းဆောင်နေရပါမယ်။
ဟိန်းခန့်မောင်
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193