... မင်္ဂလာပါ မိတ်ဆွေတို့ရေ ...
ကျွန်တော်သည် စာဖတ်ဝါသနာအိုး တစ်ဦး
ဖြစ်သောကြောင့် ကမ္ဘာတဝန်းရှိ ဟောပြောရေး
စာရေးဆရာ များစွာကို Online ပေါ်မှ
ရှာဖွေကာ Gmail ဖြင့် ဆက်သွယ်ခဲ့ပါတယ်။
အဆက်အသွယ် များစွာ ရရှိခဲ့ပြီး ထို ဆရာ/
ဆရာမများ ထံမှ အောင်မြင်ရေးစာပေ ၊
တတ်ကျမ်း၊ စိတ်ဓာတ်မြှင့်တင်ရေး အဆိုအမိန့်
များစွာကို Gmail မှတဆင့် ရရှိခဲ့သည်မှာ
၃-၄ နှစ်မျှ ကြာခဲ့ပါပြီ။ ထိုစာများကို ကျွန်တော်
သည် အလုံးစုံ မဖတ်ဖြစ်ခဲ့သော်လည်း
သာမန်ကာလျှံကာတော့ ဖတ်ဖြစ်ခဲ့ပါတယ်။
ဤနေ့မနက်တွင်လည်း မိမိ၏ gmail အား
ဖွင့်ကြည့်လိုက်သောအခါ mail တော်တော်များများ
ပို့ထားသည်ကို တွေ့ရှိရပါတယ်။ ထိုအထဲမှ
ဆရာမ Natalie Ledwell ၏ mail ကို
ဖတ်ခဲ့ရာမှ ဘာသာပြန် ပို့စ်တင်ချင်စိတ် ပေါက်
ခဲ့ပါတယ်။ သို့ရာတွင် ပို့ပေးထားသော mail
မှာ စာအားဖြင့် အနည်းငယ်သာ ပါရှိပြီး
စိတ်ညှို့အိပ်မွေ့ချခြင်းဆိုင်ရာ Short Movie
သုံးတွဲ ပါရှိခဲ့ပါတယ်။ ထို့ကြောင့် ကျွန်တော်မှ
အောက်ပါစာတို့အား မှီငြမ်းကိုးကားရုံမျှ
ဘာသာပြန်ဆို ရေးတင်လိုက်ရပါတယ်။ ဓာတ်ပုံများ
သည်လည်း Movie အား Screen Shot
ရိုက်ထားခြင်း ဖြစ်ပါတယ်။ ဤပို့စ်အား ရေးတင်
ရခြင်းဖြင့် ဆရာမ နာတာလီး လတ်ဝဲလ် အား
ဂုဏ်ပြုကျေးဇူး အထူးတင်ရှိပါသည်။
ဆရာမ နာတာလီး ပေးပို့ထားသော mail ၏
ခေါင်းစဉ်မှာ #ကျွန်မကို ကြွေးမြီများမှ လွတ်ကင်း
စေသည့် ဆွဲဆောင်မှုနိယာမ အကြံပြုချက် ၃ ချက်
ဖြစ်ပါသည်။
သင့်ဘဝကို အလျှံပါယ်ပေါကြွယ်ဝခြင်း ဖွံ့ဖြိုး
တိုးတတ်စေရန် ဆွဲဆောင်မှုနိယာမကို အသက်သွင်း
ပေးမည့် ကျွန်မရဲ့ အကြံပြုချက် ၃ ရပ် ကို
ပြောပြရမလား ဟု ဆရာမ နာတာလီး လတ်ဝဲလ်
က အစပျိုးထားပါတယ်။
ဒီအချက်များကို လက်မလွတ်စေချင်ဘူးဟုဆိုကာ...
(၁) ရှင်းလင်းတိကျသော ရည်ရွယ်ချက် တစ်ခု
ချမှတ်ပါ။
သင့်ကို ကိုယ်စားပြုမည့် ချမ်းသာကြွယ်ဝမှု က
ဘာပါလဲ?
သင့်ဘဝထဲသို့ သင်လိုချင်တာတွေကို ဖိတ်ခေါ်ဖို့
တိကျသော ငွေကြေးပမာဏ တစ်ခု သတ်မှတ်
ထားတာ ရှိပါသလား?
သင်လိုချင်တာကို တိတိကျကျ ဆုံးဖြတ်
သတ်မှတ်ချက် ချထားသောအခါ ထိုအရာကို
ဆွဲဆောင်ရယူဖို့ ပိုမို လွယ်ကူစေပါတယ်။
(၂) သင့်မှာ ရှိတာကို အသိအမှတ်ပြု ကျေးဇူးတင်ပါ။
သင့်မှာ မရှိတာတွေကို တောင်းတနေထိုင်ခြင်းထက်
သင့်မှာ ရှိပြီးသား ကြွယ်ဝမှုကိုသာ ဖွံ့ဖြိုးတိုးတတ်
စေရန် သင့်စွမ်းအင်တွေကို အာရုံစူးစိုက်စေပါ။
ကျေးဇူးသိခြင်း၊ ကျေးဇူးတင်ခြင်းသည် ပိုမိုကြီးမား
သော အလျှံပါယ်ပေါကြွယ်ဝခြင်းသို့ ဝင်ပေါက်
ဆိုတာကို သတိရပါ။
(၃) သင့်ရဲ့ မကြွယ်ဝစေသည့် ကန့်သတ်ထားသော ယုံကြည်မှုကို လွှတ်ထုတ်လိုက်ပါ။
သင့်နှလုံးသားက ကမ်းခြေမှာ တိုက်အိမ်ကြီးကြီး
တစ်လုံး ဆောက် နေထိုင်ချင်တယ်...သို့မဟုတ်
ကမ္ဘာလှည့် အပျော်ခရီး ထွက်ချင်တယ်...
ဆိုပါစို့။
ဒါပေမယ့် သင့် မသိစိတ်က ထိုအရာတွေကို
လုပ်ဆောင်နိုင်မည်ဟု အစစ်အမှန် ယုံကြည်မှု
မရှိဘူးဆိုတဲ့နောက် အပေါ်က နှစ်ချက် ရှိခဲ့တောင်
ထိုအရာတွေ ဖြစ်လာဖို့ အခွင့်အရေးများလည်း
သင် ဘယ်တော့မှ ရရှိမှာ မဟုတ်ပါဘူး။
ဘာကြောင့်လည်းဆိုတော့ စကြဝဠာထဲက
ပျော်ရွှင်ဖွယ်၊ အလျှံပါယ်ဖြစ်ခြင်းနှင့် ချစ်မေတ္တာ
တွေ အားလုံး သင့်အား ကြွယ်ဝစေမည်ဟူသော
ယုံကြည်ချက်က အရေးပါလို့ပါပဲ။
ခုတော့၊ တခါတရံမှာ (ကျွန်မတို့ရဲ့ မသိစိတ်
ထဲမှာ အတွင်းကျကျ) ဒီ ကန့်သတ်ထားသော ယုံကြည်မှုတွေဟာ ကျွန်မတို့ လိုချင်၊ ဆောင်ရွက်
ချင်တဲ့ ငြိမ်းချမ်းရေး၊ စွဲမက်မြတ်နိုးမှုနှင့် ဖြစ်နိုင်ခြေများကို ကျွန်မတို့ မဖန်တီးနိုင်ဘူး
ဆိုသော အကြောင်းပြချက်ပါပဲ။
ပြီးတော့ ကျွန်မတို့ရဲ့ အမြင့်မားဆုံး
ကောင်းမြတ်မှုကို အထောက်အပံ့ မပြုနိုင်တဲ့ အပျက်သဘောဆိုင်ရာ အလေ့အကျင့်တွေကို
မကြာခဏ ဆိုသလို ဖွံ့ဖြိုးစေတာကြောင့်လည်း ပါပါတယ်။
ဒီအရာတွေ ဖြစ်ပျက်ပြီးသောအခါမှာတော့
ကျွန်မဟာ စိတ်ညှို့အိပ်မွေ့ချခြင်း ကို အသုံးပြု
ခဲ့ပါတယ်။
ဘာကြောင့်ပါလဲ?
ဘာကြောင့်လဲ ဆိုတော့ ထိုအရာက သင့်ရဲ့
မသိစိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားပြီး
ပြဿနာအခက်အခဲ မပါရှိဘဲ သင့်ရဲ့ ယုံကြည်မှု
ကို ပြောင်းလဲပေးနိုင်သော အမြန်ဆုံး ကိရိယာ
တန်ဆာပလာတစ်ခု ဖြစ်လို့ပါ။
ဒီနောက်ပိုင်း စာများကတော့ စိတ်ညှို့အိပ်မွေ့ချခြင်း
ကို နားလည်သိမြင်စေဖို့ရန် သူမရဲ့
Hypnosis mp3 audio တွေကို ရွေးချယ်
နားဆင်ဖို့ ရေးထားပါတယ်။
Hypnosis အကြောင်းများသည် လေးနက်
သောကြောင့် ဤမျှသာ တင်ပေးလိုက်ရပါတယ်။
ဘာသာပြန်သူ... Hein Khant Maung