မင်္ဂလာပါ အောင်မြင်ချင်သူ မိတ်ဆွေတို့ရေ...
ပြည့်စုံသောဘဝကို ရောက်ရှိဖို့ ခေါင်းဆောင်မှု
စွမ်းရည် မြှင့်တင်ရန် ဆောင်ရွက်ရမည့် အချက်
များထဲမှ စေတနာ ၊ စိတ်စေတသိတ်ကို ကောင်းစွာ
ကျင့်ကြံရမည့် အကြောင်းကို မျှဝေပေးပါမယ်။
(5) Generosity - စေတနာ
မိတ်ဆွေတို့ဟာ အောင်မြင်ပြည့်စုံသောဘဝ ကို
ရရှိဖို့ ခေါင်းဆောင်မှု ပညာကို သင်ယူကျင့်ကြံရာမှာ
စေတနာ ထားတတ်ဖို့လည်း လိုပါတယ်။
စေတနာ ဆိုတာ စိတ်ထဲမှာ အရင်းခံပါတယ်။ မိမိ
တို့၏ စိတ်ထဲမှ စတင်ပြီး တခြားလူသူတစ်ပါးကို
ကောင်းစာစေချင်တာ၊ ကောင်းစားအောင် လုပ်ဆောင်
ပေးတာ၊ လုပ်ပေးရတာကို ကျေနပ်သာယာနေတာ
တွေဟာ စေတနာပါပဲ။ တစ်ကယ်က စေတနာ ဆို
တာ မိမိ အကျိုး အတွက် ပြုမူဆောင်ရွက်တာ
မဟုတ်ပါဘူး။ ဒါပေမယ့် မိမိရဲ့ ဆောင်ရွက်မှုဟာ စေတနာ
သုံးတန် မြောက်ရင် မိမိသည်လည်း အကျိုးကျေးဇူး ခံစားရ
တာပါပဲ။
ဒီမှာ စေတနာ သုံးတန်မြောက် ဆောင်ရွက်နိုင်စေဖို့
ကာလသုံးတန်မှာ စိတ်ထားတတ်အောင် ပြောပြပေး
ပါမယ်။ မိတ်ဆွေတို့ဟာ မိမိနှင့် ပတ်သက်ဆက်နွှယ်
နေသော တခြားလူတွေရဲ့ အကြောင်းကို နားလည်
သိရှိထားရပါမယ်။ ဒါမှ သူတို့တွေရဲ့ လိုအပ်ချက်တွေ
ကို မိမိက ဘာတွေများ ကူညီပေးနိုင်မလဲ ဆိုတာ
သိရမှာပါ။
မိတ်ဆွေတို့က အခြားလူတစ်ဦးကို ကူညီတော့မယ်
ဆိုရင် (Before) ဆောင်ရွက်မပေးခင်မှာ ထိုသူ့
(သူတို့) အပေါ် ကောင်းစေချင်တဲ့ စိတ်ပဲ ရှိရပါမယ်။ ပြန်လည်
အကျိုး မျှော်ကိုးတာမျိုး မရှိရပါဘူး။
အကျိုး မျှော်မိသည့်အတွက် စေတနာ မသန့်တော့
သလို မရလျှင် ပူပန်မှုလည်း ရတတ်ပါတယ်။
(Present) ဆောင်ရွက်နေစဉ် ကာလမှာလည်း
ထိုသူ့ (သူတို့)အတွက်ပဲ စိတ်ပါလက်ပါ ပြုမူနေ ရပါမယ်။
စိတ်ပါလက်ပါ မရှိက ဆောင်ရွက်ပေးမှု
အထမမြောက်ဘဲ ရှိတတ်လို့ပါ။
(After) ဆောင်ရွက်ပေးပြီး ကာလမှာလည်း ထိုသူ
(သူတို့) ပြေလည်ကောင်းမွန်သွားတဲ့ အတွက်
ကျေနပ်သာယာမှုပီတိ ပွားနေနိုင်ရပါမယ်။ ထိုသူ
(သူတို့) ရဲ့ နောက်ဆက်တွဲ အပြုအမူ မကောင်း
ခဲ့ရင်လည်း မကျေနပ်ဒေါသ ဖြစ်တာမျိုး မရှိရပါဘူး။
ဒါဆိုရင်တော့ မိတ်ဆွေတို့ဟာ(Multiple Result)
ဆပွားအကျိုးရလဒ်တွေ ခံစားရရှိမှာ ဧကန်ပါပဲ။
ဟုတ်ပါတယ်... မိတ်ဆွေတို့ဟာ အခြားလူတွေအား
ပေးကမ်းကူညီ ဆောင်ရွက်တဲ့အခါ စေတနာသုံးတန်
မြောက်ဖို့ လိုပါတယ်။ ဒါမှ မိတ်ဆွေတို့မှာ အခြားလူ
တွေရဲ့ ဝိုင်းဝန်းပူးပေါင်းပါဝင်မှု များပြားလာကာ
အောင်မြင်မှု ရပေလိမ့်မည်။
(6) Enthusiasm - စိတ်အားထက်သန်မှု
လူတစ်ယောက်မှာ ကန့်သတ်မဲ့စိတ်အားထက်သန်မှု
တွေ ရှိနေရင် အောင်မြင်မှုတွေ ရရှိမှာပါ။ ဟုတ်ပါ
တယ်... အေးတိအေးစက်၊ မှိုင်တိမှိုင်တိုင် နေတတ်
တဲ့လူနှင့် တတ်တတ်ကြွကြွ နေတတ်တဲ့လူ...
ဘယ်သူ အောင်မြင်မှု ရမယ် ထင်ပါသလဲ။
အေးစက်မှိုင်တွေနေတဲ့သူဟာ မီးပေါင် မပြည့်တဲ့
ရေနွေးငွေ့ရထားလိုပဲ လိုရာခရီးကို ရောက်မှာ
မဟုတ်ပါဘူး။ နောက် ပညာတတ်ပြီး မအောင်မြင်
ကြသူတွေဟာလည်း စိတ်အားထက်သန်မှု မရှိကြ
လို့ပါပဲ။ ဒါကြောင့် မိတ်ဆွေတို့ဟာ အောင်မြင်သော
ခေါင်းဆောင် ဖြစ်ရန် အလို့ငှါ စိတ်အားထက်သန်စွာ
ပြုမူတတ်ကြရပါမယ်။
စိတ်အားထက်သန်မှု ဆိုတာ တစ်ဦးမှတစ်ဦးသို့
ကူးစက်တတ်ပါတယ်။ မိတ်ဆွေတို့လည်း စိတ်အား
ထက်သန်စွာ အလုပ်ကိစ္စတွေကို ဆောင်ရွက်ချင်
တယ် ဆိုရင် စိတ်အားထက်သန် တတ်ကြွပျော်ရွှင်
နေသူတွေနဲ့ ပေါင်းသင်းရပါမယ်။
မိတ်ဆွေတို့မှာ ကြီးမားတဲ့ ဆန္ဒ ရှိနေခဲ့ရင်လည်း
စိတ်အားထက်သန်မှုဟာ ဖြစ်လာနိုင်ပါတယ်။
ဟုတ်ပါတယ်။ Big Desire - ကြီးမားတဲ့ဆန္ဒ
ရှိတဲ့အလျောက် Big Ambition - ကြီးမားတဲ့
ရည်ရွယ်ချက်တွေ ချမှတ်တတ်ကြပါတယ်။
Big Ambition ကို တတ်ကြွလှုပ်ရှားမှု -
Activity ထည့်လိုက်တဲ့အခါ Enthusiasm -
စိတ်အားထက်သန်မှု ဆိုတာ ဖြစ်ပေါ်လာပါတယ်။
ဒီစိတ်အားထက်သန်မှုက အခြားလူတွေကို
Attraction - ဆွဲဆောင်မှု ရှိစေပါတယ်။ အဲဒီ
အခါမှာတော့ မိတ်ဆွေတို့နှင့် ပူးပေါင်းချင်သူ
အခြားမိတ်ဆွေတွေ တိုးပွားလာကာ Successful
Leader ဖြစ်လာမှာပါပဲ။
ဆက်ရန်...
(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ.....
With Kindness
MSC - 193
Hein Khant Maung ပြုစု ရေးသားသည်။