မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီနေ့တော့ဖြင့် ဆောင်းကနေ နွေအကူး
လေရူးလေးတွေထ ဥဩသံလေး စကြားရတော့
စာတိုပေစ ကဗျာလေး ရေးတင်လိုက်ပါတယ်...

ရာသီတွေ ပြောင်းတိုင်း
- အလွမ်းမဲ့ သီကျူးသော
ဥဩငှက်ငယ်ရဲ့ တေးသံချို
သဘာဝရဲ့ အလှတရား
ရာသီတိုင်းဟာ...
ချစ်တတ်သူတိုင်း အတွက်
သာယာမှုတွေ လွမ်းဆွေးမှုတွေ အပြည့်အဝ
ဖြစ်သမျှ ပျက်
ပျက်သမျှ ပြန်ဖြစ်နိုင်လား
အဝိဇ္ဇာ ဖုံးလွှမ်းထားသ၍
ဝေခွဲမရ ဒဿနတို့နဲ့
ရသတစ်ပုဒ် ဖန်တီးလိုက်လေတဲ့
နွေဦးလက်ဆောင်မွန်
တသဲ့သဲ့ ဆွတ်ပျံ့ပျံ့ ကြားလိုက် အခိုက်
လေရူးကလေး ဝင်အသော့
လွင့်မျောသွား အတွေးတစ်စ
ဒီတစ်ကြိမ် ဒီတစ်နွေ
အချစ်နဲ့ ခပ်ဝေးဝေးပဲ
ဆက်ဆက်နေရဦးမလား
သံသရာ လည်တယ် ဆိုတာ
မူလကို ပြန်ရောက်နိုင်သလား
တွေ့ ဆုံ ကွဲ ပြီး
ပြန် တွေ့ ဆုံ မှာလား
ရာသီကတော့ တစ်ပတ် လည်ခဲ့ပြီ.....။
....... ဟိန်းခန့်မောင် .........
တကယ်စင်စစ်လည်း မကြာသောအချိန်ကာလလေးမှာ
အချစ်နဲ့ ခွဲနေရဦးမယ်ဗျာ😁

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193