Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/%e1%80%9b%e1%80%90%e1%80%ac%e1%80%9a%e1%80%b0%e1%80%95%e1%80%ab%e1%80%99%e1%80%9a%e1%80%b9
https://steemmonsters.com/?p=mana_well
ပြီးခဲ့သော နှစ်ရက်ဆီက ရထားတာလေးပါ ဒါကိုတော့ မျှော်လင့်မထားတဲ့အချိန်မှာရလာတာပါဘဲ ဒါလေးက တကယ့်ကို ထူးဆန်းတဲ့ အရာလေးပေါ့ သူ့ကြောင့် ထင်မှတ်မထားတာတွေ ဖြစ်လာတက်ပါတယ် သူကတကယ့်ကို မျက်လှည့်ဆန်သော အရာလေးပါ သူ့နောက်က ကံကောင်းခြင်းတွေကို မြင်တွေ့ရလာရင် မကြာခဏ ဒါလေးကိုရချင်လာပါလိမ့်မယ် အစတော့ သိပ်နားမလည်ဘူး မိတ်ဆွေတစ်ယောက်က ပြောပြလို့ ကိုယ်လည်း ဒါလေးကိုမျှော်တာဘဲ သို့ပေမယ့် မျှော်နေတုန်းတော့ သူက ရမလာ ရောက်မလာခဲ့ပါဘူး ကိုယ်က မေ့လောက်ပြီဆိုတဲ့အခါ ရောက်လာတက်သလားတောင် မေးရပါဦးမယ်
အခုတော့ ဒီကောင်လေးကောင်းမှုနဲ့ စတင်းတစ်ရာကျော်တန် ကဒ်လေး တစ်ခု ရလိုက်တယ်ပေါ့ ဒေါ်လာနဲ့တွက်ရင်တော့ ဒေါ်လာနှစ်ဆယ်ဝန်းကျင်တန်မှာပါ အတိအကျတော့ ပြောမရနိုင်ဘူး ဈေးကွက်က ကြိုက်ရောင်းကြိုက်ဝယ်ဆိုတော့ များများလိုချင် အချိန်စောင့်ပြီးေ၇ာင်းပေါ့ ဒီလိုမှမဟုတ် ကိုယ်က အရင်လိုပြီး လောရင်တော့ ဈေးချပြီး အောက်ဈေးနဲ့ ပေါပေါ့ရောင်း မြန်မြန်ထွက်တာပေါ့ အဲ့ဒီမှာ ကိုယ်က လောနေတာလည်းမဟုတ်သလို အရင်လည်းလိုနေသလိုလည်းရှိတော့ ပျမ်းမျှဈေးနဲ့ ဈေးကွက်တင်ရတာပေါ့ အဲ့သလိုလုပ်တော့ အချိန်အားဖြင့် သုံးရက်ကျော်လောက် စောင့်ခဲ့ရတယ် မဆိုးပါဘူး ဆယ့်ခုနှစ်ဒေါ်လာမှာ အရောင်းအ၀ယ်ဖြစ်တယ်
https://steemmonsters.com/
အခုလို ကံကောင်းခြင်းလေးတွေနဲ့ သီဖွဲ့ထားလေသော စတင်းမွန်းစတားဂိမ်းကိုတော့ အစွဲကြီးစွဲလို့နေပါတယ် မကြာခဏဆိုသလိုလေး ကံကောင်းခြင်းတွေ ရောက်ရောက်လာစေချင်ပါတယ် တစ်ခါတစ်ရံတော့ ကံကိုချည့်အားကိုးနေလို့ မရပြန်ပါဘူး သင့်တင့်လျှောက်ပါတ်တဲ့ကြိုးစားအားထုတ်မှုလေးတွေနဲ့လည်း ပံ့ပိုး ကျားကန်ပေးရတာပေါ့ ကိုယ်လုပ်နိုင်စွမ်းတာတော့ ၀ိရိယအားလေး စိုက်တယ်ပေါ့ အဲ့သလိုနဲ့ စတီးမစ်ရဲ့ အချို့နေရာတွေမှာ မြှုပ်ကွယ်နေတဲ့အရာတွေကို ကြည့်တက်လာခဲ့ရတာဘဲ လိုချင်တာတွေမရသော်လည်း ရတာလေးတွေတော့ ယူတက်ရပါတယ် နောက်ထွက်တဲ့ဂိမ်းတွေက သူ့ကို မမှီသေးတာသေချာပါတယ်
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/%e1%80%9b%e1%80%90%e1%80%ac%e1%80%9a%e1%80%b0%e1%80%95%e1%80%ab%e1%80%99%e1%80%9a%e1%80%b9