ဈေးအတက်နဲ့အကျအကြောင်း ရောက်တက်ရာရာ ရေးပါဦးမည်။အမှန်တကယ်တော့ ဈေးကွက်ကို ဘာမှန်းမသိပါ။
ကိုယ်သိသည်ကား စာရေးလျှင် ပါဝါတက်မည်။ ပါဝါတက်လျှင် အလုပ်တွေတွင်ကျယ်စွာလုပ်နိုင်မည်။ဒီအတွက် ရှာဖွေ
နေခြင်းသာဖြစ်သည်။ပါဝါဆိုသည်ကား အများကြိုက်သော အများနှင့်ဆိုင်သော ရေသောက်မြစ်ဖြစ်နေလေသည်။
ပါဝါ မရချင်သူမရှိ မတိုးချင်သူမရှိ ။ပါဝါ ရအောင် စွမ်းနိုင်သမျှကြိုးစားကြရလေသည်။ ပါဝါဆိုတာကြီးကလည်း မူယာ
မာယာများလိုက်ပါဘိ။ မသိနားမလည်တုန်းကတော့ သူ့ဟာလေးနှင့်သူ တက်လို့နေသေးသည်။ နည်းနည်းလောက်သိ
လာလို့ သူ့အာရုံစိုက်လုပ်ခါမှ အတက်ကနှေးလေတော့သည်။ ဈေးတွေကလည်း ကပြောင်းကပြန်ဖြစ်နေလိုက်သေးသည်
သေချာတာတော့ အရင်ထက် ပါဝါ ရဖို့ခက်ခဲလာတာပါ။ နောက်ဆိုဒီထက်ပိုခက်လေမည်ဟုလည်း မြင်နေရချေပြီ။
အဲ့ဒီလိုခက်သည့်အချိန်သည် ရွှေခေတ်ရောက်သည့်အချိန်ဖြစ်ပါလိမ့်မည်။ ရှားပါးသောအရာသည် တန်ဖိုးရှိစမြဲဖြစ်လေ
သည်။ အလွယ်တကူပေါများစွာရနေလျှင်တော့ ထိုအရာသည် တန်ဖိုးများစွာ မရှိ လူတွေတန်ဖိုးမထားသည်ကား သဘာ
ဝပင်ဖြစ်ပါသည်။
ပါဝါလေး တက်လာအောင် စာရေးရသည်။ စာရေးတိုင်းတော့ ပါဝါတက်သည်မဟုတ်သေး။ ဘုတ်ပေးခံရဖို့လည်းလိုသေး
သည်။မျက်နှာမြင်ချစ်ခင် အသံကြားသနားသည့်ဆုနှင့် ပြည့်စုံသူအတွက်တော့ ဒီနယ်မြေသည် သူ့အတွက် ရွှေထီးဆောင်း
နိုင်မည့်နေရာဖြစ်လေသည်။ကိုယ်တွေတော့ ဘ၀တစ်လျှောက်လုံး ဘယ်အရာမှ အလွယ်တကူရခဲ့ဖူးခြင်းမရှိသည့်အတွက်
ကိုယ့်အကြောင်းကိုယ်သိသည်။ ဘယ်အလုပ်ဖြစ်ဖြစ် သူများထက် နှစ်ဆကြိုးစားရလေ့ရှိသည်။ သို့မှသာ သက်သောင့်သက်
သာလုပ်လို့ အဆင်ပြေသူများကို မှီရုံလေးလိုက်နိုင်သည့် အခြေအနေဖြစ်သည်။ သို့အတွက် ဒီစတင်းနယ်မြေသစ်ထဲတွင်
စတင်လုပ်ကိုင်တည်းက ကြိုးစားမှုကို အရှိန်မလျှော့ရန် အမြဲသတိထားခဲ့ရလေသည်။ရင်လောက်တင်မှ ခါးလောက်ကျသည်
လား ဒူးလောက်တင်မှ ရင်လောက်ကျသည်လား မသဲကွဲပါဘူး။သေချာသည်ကား မကြိုးစားလို့မဖြစ်ပါ ဆိုသည့်အသိပင်
ဖြစ်လေသည်။
အပြောင်းအလဲဆိုသည်ကား အမြဲတမ်းဖြစ်ပေါ်နေတက်သည်။ သိသာစွာပြောင်းလဲခြင်းနှင့် မသိမသာ တဖြည်းဖြည်းပြောင်း
လဲခြင်းသာကွာခြားသည်။ငလျှင်လှုပ်တာတွေ ရေကြီးတာတွေ မီးလောင်တာတွေ လေမုန်တိုင်းတိုက်တာတွေ ဒါတွေသည်
ထင်သာမြင်သာရှိသည့် ရာသီဥတုနှင့်ဘေးအန်တရာယ်များရဲ့ပြောင်းလဲခြင်းဖြစ်သည်။မသိမသာပြောင်းလဲနေသည်များ
လည်းရှိသည်။ အိမ်ရှေ့က သစ်ခွပင်လေး ရွက်လှပင်လေး ဂမုန်းပင်လေးတွေကို သတိထားစောင့်ကြည့်မိသည်။ သူတို့
တဖြည်းဖြည်းချင်းကြီးထွားလာသည်။ ပန်းများပွင့်ကြသည်။ ခြောက်သွေ့သွားကြသည်။နောက်တစ်ဖန်ပြန်လည်လို့ အတက်
များထွက်ကာပွားများစည်ပင်လာပြန်လေသည်။သူတို့ပြောင်းလဲခြင်းသည်ကား မီးလောင်တာ ငလျှင်လှုပ်တာလောက်တော့
မမြန်ပါလေ ဒါပေမယ့်တဖြည်းဖြည်း နှေးကွေးစွာပြောင်းလဲနေသည်ကတော့ အသေအချာဖြစ်လေသည်။ ထိုသဘောများ
အတိုင်းပင်ဖြစ်သည်။ ပြောင်းလဲခြင်းနဲ့အတူ ပျက်စီးခြင်း ဖြစ်တည်ခြင်း တိုးများခြင်း လျှော့ပါးခြင်း စသည့်ဆန့်ကျင်ဘက်
အခြင်းအရာတို့သည် ဖြစ်ပေါ်လို့လာရပေသည်။ အပြောင်းအလဲကိုမြင်ပြီး သိပြီး ထိုအပြောင်းအလဲနောက်ကို နေရာမှန်စွာ
လိုက်ပါနိုင်မည်ဆိုလျှင် ဆန့်ကျင်ဘက်နှစ်ခုမှ တစ်ခုတော့အပိုင်ရပါလိမ့်မည်။ သူ့ဟာသူပြောင်းပါစေ ကိုယ်နှင့်မဆိုင်သလို
နေလျှင်လည်း မလွတ်ပါလေ ပြောင်းလဲခြင်းကတော့ ရပ်တန့်သွားမည်မဟုတ် ပြောင်းလဲခြင်းကပေးသည့်ကိုယ်အတွက်
ခွဲတမ်း အကျိုးဆက်အတိုင်း ကိုတော့ရရှိခံစား စံစားရပေဦးမည်။
ဈေးနှုန်းများသည်ပြောင်းလဲလျှက်ရှိသည်။တက်လိုက် ကျလိုက်နှင့် မတည်မြဲသဘောအတိုင်း သွားလိုရာသွားလို့နေလေ
သည်။သူသွားချင်တာသွားသည်က အကြောင်းမဟုတ်။ ကိုယ်တွေက သူ့နောက်လိုက်လို့ ရှိတာလေးတွေ ပစ်ထည့်နေရ
သည်။ရေလိုက်လွဲလျှင်လည်း အတွဲလိုက်သာ လွဲတက်သည့်အတိုင်း အလွဲများတန်းစီလိုနေချေသည်။ ရှိတာလေးတွေက
ထန်းလျှက်လုံးလေးတွေလို ဆပ်ပြာခဲလေးတွေလို ကြာလေပါးလေ သေးလေ ဖြစ်လို့လာနေပြီ။အပြောင်းအလဲရဲ့အကျိုး
ဆက်သည် အစဉ်အမြဲ၇ိုက်ခက်နေမည်သာဖြစ်သည်။ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေ ရလို့နေပေမည်။
ပြောင်းလဲခြင်းကြောင့် တိုးတက်ကြီးပွားခြင်းရှိသလို လျှော့ပါးပျောက်ဆုံးနည်းပါးခြင်းလည်းရှိနေမည်။
ဘယ်လိုတုံ့ပြန်လျှင် အဆင်ပြေလို့ အကျိုးများပါ့မည်နည်း။အခွင့်အရေးဆိုသည့် ခရီးသွားသူကြီးသည် ပြောင်းလဲခြင်း
ရထားကြီးစီးလို့လာနေလေပြီ။ အိမ်အလည်ခေါ်နိုင်ရန်အတွက် သူကြိုက်သည့် သူသဘောကျမည့်ခရီးဦးကြိုမှုလေးပြုမှဖြစ်ပေ
တော့မည်။