ရှစ်ရက်မြောက်သောနေ့ အခြေအနေနဲ့ ခံစားမှုတစ်ချို့
ဒီနေ့က ရှစ်ရက်ပြည့်မြောက်သောနေ့ပေါ့ ခုချိန်ထိတော့ အားလုံး အဆင်ပြေနေတုန်းပါဘဲ
တိုးတက်မှုတွေကတော့ အားရစရာပါဘဲ။ ထူးထူးခြားခြားတော့ ဘာမှ ထပ်ပြီး မခံစားရပါဘူး
မေ့တော့ မမေ့နိုင်သေးဘူး သတိရနေတုန်းဘဲ အရင်လို ငမ်းငမ်းတက်တော့ မဟုတ်တော့ဘူးပေါ့
လွန်ခဲ့သော ဆယ့်ခြောက်နှစ်ကတည်းက တစ်ရက်တစ်လေမှ ကိုယ်နဲ့မခွဲမခွါ အတူရှိလာခဲ့တဲ့သူပါဘဲ
အခုလို ရုတ်တရက် အဆက်ဖြတ်လိုက်ရတော့ နဲနဲတော့ ရင်ဘက်နာမှာ သဘာဝကျပါတယ် ဒါပေမယ့်လည်းလေ
အားလုံးကောင်းသွားဖို့အတွက် သူ့ကို ဒီနေရာမှာချန် ထားခဲ့ရမယ်မဟုတ်လား နှုတ်ဆက်ပါတယ် သူငယ်ချင်းရေ.........
သူ့နဲ့ စတင်ရင်းနှီးတော့ ကိုယ့်အသက်က အတော်ကိုငယ်သေးတယ် အတွေ့အကြုံတွေလည်း နုနယ်သေးတယ်
အတွေးအခေါ်တွေလည်း အလွန်ကို အားနည်းပါသေးတယ်။ ဒါပေမယ့်...... ကျန်းမာသန်စွမ်းမှုနဲ့ ရဲတင်းသွက်လက်မှုက
အမြင့်ဆုံးမှာရှိတယ်လေ။ ငယ်ဂုဏ် ငယ်မာနဆိုတာ အရာရာကို ဘာမထိသကဲ့သို့ ရှိနေခဲ့တာပေါ့။
ရှေ့ရေးနောင်ရေး ဘာမှ သိပ်တွေးမနေတက်ပါဘူး။ လက်ရှိ လွတ်လပ်မှုနဲ့ လူငယ်အခွင့်အရေးကို အငမ်းမရ သောက်သုံး
ချင်နေတဲ့ သူတစ်ယောက်လိုပေါ့။ အဲ့ဒီ အခြေအနေ အဲ့ဒီအသက်အရွယ်မှာ သူ့ကို စတင်ရင်းနှီးခဲ့တယ်
ဆေးလိပ်လေးခဲပြီး လမ်းဘေးပလက်ဖေါင်း အုတ်ခုံလေးမှ အပေါင်းအသင်းတွေနဲ့ ညနေစောင်းတိုင်း နေရာယူရတဲ့ဖီလင်က
ခုပြန်တွေးရင်တောင် ကြည်နူးစရာပါ။ ဘာမှမရှိသလို ဘာမှလည်း မသိဘူး။ လောကဆိုတာ ဘ၀တစ်ခုရင်းနှီးပြီးရတဲ့
ပျော်စရာနေရာတစ်ခုလို့ ထင်နေခဲ့သောကာလတစ်ခုပေါ့။ အပေါင်းအသင်းတွေကပြောတယ် ဆေးလိပ်တစ်ဖွာ ဥာဏ်တစ်ထွာတဲ့
စိတ်ကူးစိတ်သန်းတွေ ကောင်းတယ် မင်းစိတ်ညစ်စရာတွေ လွင့်ပျောက်လွယ်တယ် မင်းအတွက် အဖေါ်တစ်ယောက်လို မင်းကို
ကူညီနိုင်တယ်တဲ့။ တကယ်လည်း သူတို့ ပြောသလို ကြိုက်နှစ်သက်စရာတွေ ဖြစ်ခဲ့ဖူးပါတယ်။
ဆေးလိပ်ကကောင်းကျိုးတွေကို ပေးစွမ်းနိုင်တယ်ဆိုတာ ဟုတ်ပါတယ် အတွေးအခေါ်သစ်တွေကို ဖန်တီးပေးနိုင်တယ်
စိတ်ခံစားချက်တွေကို သစ်လွင်စေတက်ပြန်တယ် စိတ်လှည့်စားမှုလို့လည်း ဆိုနိုင်ပါတယ် စိတ်ရှုပ်ထွေးတဲ့အခါ
စိတ်ဓါတ်ကျတဲ့အခါ ၀မ်းနည်းပူဆွေးရတဲ့အခါတွေမှာ အလွယ်ကူဆုံး ထွက်ပေါက်တစ်ခု ပေးစွမ်းနိုင်ခဲ့တယ် အဲ့ဒီလိုအခက်အခဲတွေက
ကိုယ့်ကို လွတ်မြောက်စေခဲ့တယ်လေ။ အဲ့ဒါတွေက ဆေးလိပ်ကနေရတဲ့ နီကိုတင်း အစွမ်းတွေဘဲပေါ့
ကောင်းကျိုးလေးတွေရှိသလို ဆိုးကျိုးတွေလည်း များစွာရှိနေပြန်ပါတယ် အကျိုးထက် အပြစ်ပိုလို့သာ သူ့နဲ့ နှုတ်ဆက်လမ်းခွဲရခြင်းဆိုတာ
ဖြစ်လာရတာပေါ့။
ကျန်းမာရေး စာစောင်တစ်ခုမှာ ဖတ်လိုက်ရတဲ့ ဆေးလိပ်ဆိုးကျိုးလေးတွေ မှတ်မိသလောက် ပြောပြမယ်
ခွဲစိတ်ဆရာဝန်တွေပြောတာက ဆေးလိပ်သောက်တဲ့သူဟာ အဆုတ်တစ်ခုတည်း ထိခိုက်တာ မဟုတ်ပါဘူးတဲ့ အဆုတ် အပြင်ကို နောက်ထပ်
ထိခိုက်တာတွေက အသည်းနဲ့ အူမကြီးကို ပြင်းစွာ ထိခိုက်စေတယ် ပြီးတော့ ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအားလုံးနီးပါးကို ထိခိုက်ပျက်စီးစေ
ပါတယ်လို့ ဆိုပါတယ်။ ရင်ဘက်လေးအောင့်တာလောက်ဘဲ ခံစားရတယ်ထင်ခဲ့တာပေါ့ အရင်တုန်းက အခုတော့ အားလုံးနီးပါး ကို ထိခိုက်နေ
တယ်လို့သိလိုက်ရတယ်။ ကင်ဆာ ရောဂါ ဆယ်မျိုးကျော်လောက်ကို လည်း အလွယ်တကူ ဖြစ်စေရန် အထောက်အပံ့များစွာ ဖြစ်စေပြန်တယ်လို့
သိရပါတယ်။
အဲ့ဒီလို ဆိုးကျိုးတွေကို မခံစားချင်ရင် ဆေးလိပ်ကို ချက်ချင်းဖြတ်လိုက်ပါတဲ့ ဒါဆိုရင်တော့ ဆေးလိပ်ကြောင့်ပျက်စီးနေတဲ့ ပျက်စီး
ဆဲ အစိတ်အပိုင်းအားလုံးကို ခန္ဓာကိုယ်က သဘာဝနည်းနဲ့ ပြန်လည် ပြုပြင်ပေးပါလိမ့်မယ်တဲ့ ဒီအချက်ကို အတော်သဘောကျသွားတယ်
ဒိထက် ပိုသဘောကျစေတဲ့ နောက်တစ်ချက်ကိုလည်း သိလိုက်ရတယ်။ အသက်သုံးဆယ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ်ခဲ့မယ်ဆိုရင်တဲ့ ဆေးလိပ်
မဖြတ်ဘဲ ဆက်သောက်နေသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကြောင့် သေဆုံးခြင်းကနေ
ကိုးဆယ်ရာခိုင်နှုန်းကျော်လောက်ထိအောင်ကို လျှော့နည်း သွားစေနိုင်ပါတယ်ဆိုတာကို သုတေသန စစ်တမ်းများအရ အတည်ပြုထားချက်တွေ
ရှိပါတယ်တဲ့ ။ ဒါဆိုရင်တော့ ဒီအချိန်က သိပ်နောက်မကျသေးဘူးလေ အပြေးလိုက်ရင်တော့ မှီနိုင်ပါသေးတယ်။ သူငယ်ချင်းရေ မင်းကို ငါ့အသက်
ထက်တော့ ပိုမချစ်နိုင်ပါဘူးကွာ ဒီကနေဘဲ လမ်းခွဲကြပါစို့လေ.......................
Photo Credit : Original source