INTRODUCING WITH MY LANGUAGE
မင်္ဂလာပါ..စတီးမစ်ချစ်သူတို့ရေ
ကျွန်တော့် နာမည် မိုးတိမ်လင်း လို့ခေါ်ပါတယ်။
စတီးမစ်နာမည် ပေါ့။
ဒီစတီးမစ်ကို စတွေ့တာ ရက်ပိုင်းလေးပဲရှိပါသေးတယ်။Twitterမှာ တွေ့လိုက်ရတာပါ။
ဒါနဲ့ ချက်ချင်း မန်ဘာလုပ်ပြီး ဝင်လိုက်တယ်။
ဝင်ခွင့်ရလာတော့ ဝမ်းသာတယ်။
စတီးမစ်ကို သဘောကျမိတဲ့အကြောင်းကတော့
စမတ်ကျကျ မျှဝေလို့ရတာလေးကိုပါပဲ။
ဗရုတ်သုတ်ခ သိပ်မရှိပဲ ခပ်သန့်သန့်ဆန်နေတာလေးကိုရောပေါ့။
မြန်မာတွေလဲရှိမယ်ဆိုတာတွေးတော့တွေးမိတယ်။
ဒါပေမယ့် စတီးမစ်အကြောင်း မြန်မာပြောတာ တခါမှမကြားဖူးဘူးခင်ဗျ။ဒီလိုနဲ့ ပို့စ်တင်လိုက် မန့်လိုက်နဲ့ နေလာတာ ဒီနေ့နဲ့ဆို ၄ရက်ပဲရှိသေးတယ်။
ဖီးလ်တော့ တော်တော်ဖြစ်တယ်ဗျ။
မထင်မှတ်ပဲ အမျိုးတွေနဲ့ဆုံရလို့ ပိုပြီးဝမ်းသာမိပါတယ်ခင်ဗျ။အမျိုးတွေကို ပြောပြစရာရှိတာလေးတချို့အား မိတ်ဆက်ရင်း ပြောပြပါရစေ။ီလိုဗျ။ဒ
မနေ့က ရွှေတိဂုံဘုရားနဲ့ ပတ်သက်တဲ့အကြောင်းလေးတင်မိတယ်။အဲဒီလို လေးနက်တဲ့ကိစ္စရပ်တွေ သမိုင်းကြောင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ကိုယ့်ဘာသာရေးရင် ပေါ့သွားမှာ စိုးသလို အဓိပ္ပာယ်လွဲကုန်မှာလဲ စိုးတာပေါ့။
အဲဒါနဲ့ အရင်းမြစ်ရှာပြီး source ပေးတင်တာပေါ့။
သူပင်ဂိုလေးကိုလဲ copy လုပ်ပြီး အဖွင့်လေးမှာထည့်တင်တယ်ပေါ့ဗျာ။
အဲဒီမှာ အောက်က ညီလေးတယောက်က လာမန့်တယ်။သူက မြန်မာဖောင့်နဲ့မန့်ထားတော့ သိပ်နားမလည်ဘူး။မြန်မာဖေစ့်ဘုခ်အဖွဲ့ရှိတယ်။
လမ်းညွှန်စာအုပ်ရှိတယ်ဆိုပြီး ဒေါင်းလုပ်လင့်လေး
ချပေးသွားတယ်။ သူအင်္ဂလိပ်စာလုံးလေးတွေ ညှပ်ထားတာကိုတော့ နားလည်တယ်။မြန်မာလိုကျတော့ ကျွန်တော့်ဖုန်းမှာ မပေါ်ဘူး။ ကျွန်တော်လဲ ပြန်ပြောလိုက်တယ်။ လမ်းညွှန်ပေးလို့ ကျေးဇူးပါလို့။
နောက်ထပ် အကိုတစ်ယောက်က လာမန့်ပြန်တယ်။သူက ဘာပြောလဲဆိုတော့
အထက်က ညီလေးပြောတာကို သူကထပ်ပြောပြတာပါ။
ဆိုတော့ သူ့ပြောပုံကြောင့် ကျွန်တော် နဲနဲတင်းသွားတယ်ဗျ။ကော်ပီလုပ်တဲ့အတွက် ဆောရီးပဲ ဘာညာဆိုတော့ တင်းမိတာပေါ့။
ဒါနဲ့ ကျွန်တော်ပြန်မန့်တာပေါ့။ခင်ဗျား ဆောရီးတာ မရီးတာ ကျုပ်မသိဘူးလို့ ကျုပ်က အဖိုးခရချင်လွန်းလှလို့ ရေးတာမဟုတ်ဘူးလို့ ဆိုပြီး
ခပ်ဘုဘုပဲ ပြန်ပြောမိတာပေါ့။ဟုတ်တယ်ဗျ။
တကယ်ဆို ဒီလိုဒီလိုလေးဆို ပိုသင့်တယ်။ပိုကောင်းမယ် ဆိုပြီးပြောလာရင် တမျိုးပေါ့ဗျာ။အခုကပြည့်ပြည့်စုံစုံနားမလည်သေးတဲ့ တဖက်သားကို နှိမ်သလိုလို ကျင်သလိုလို သဘောသက်သွားတော့
ပြန်ပြောမိတာပေါ့။သူကတော့ ဘယ်လိုသဘောနဲ့ပြောလဲတော့ မသိဘူးပေါ့ခင်ဗျ။ထားပါတော့။
(ဒီပိုစ့်ကိုတော့ LAPTOP တော့နဲ့ သုံးပြီး မြန်မာလိုမြင်နိုင်ပါပြီ။ရေးနိုင်ပါပြီခင်ဗျာ)
ဒါလဲမပြီးသေးဘူးဗျ :):) နောက်ထက် အကိုတစ်ယောက်လာမန့်ပြန်ရောဗျာ...စိတ်ထဲလဲတွေးမိတာက..အော် ဖေ့စ်ဘုတ်ခ်မှာပဲ အာရုံနောက်တတ်တယ်မှတ်တာ..ဒီမှာလဲ နောက်တာပဲဟ၊ လို့ :-D
သူပြောတာလဲကြည့်ဦး
နာမည်တော့ မထည့်တော့ပါဘူးဗျာ။
သူထပ်လာမန့်တော့ ကျွန်တော် ပိုတင်းသွားတာပေါ့။အာ့နဲ့ ကျွန်တော်လဲ --ခင်ဗျားက စတီးမစ်ပိုင်ရှင်လား။ကိုယ်ကိစ္စကိုဂရုစိုက် ကျုပ်ဘာမှလာပြောမနေနဲ့--ဘာညာ ပြန်ပြောမိကုန်တာပေါ့ဗျာ။
တကယ်တမ်းက ဒီလိုပြန်မပြောသင့်မှန်း သိတော့သိပါတယ်ခင်ဗျ။သူကလဲ ခုလိုမပြောပဲ ဒါလေးတွေက ဒီလိုရှိတယ်.. ဒါကို ဒီလိုလုပ်ရင် ကောင်းတာပေါ့ ဆိုလာရင် ကျွန်တော်လဲ လိုက်ပြီးစဉ်းစားပေးမိမှာပါ။ ခုတော့ သူ့လေသံကြီးကြောင့် ကျွန်တော်လဲ ပြောမိပြောရာ ပြောချမိကုန်တာပေါ့။
နောက်တစ်ခုက ကော်ပီဆိုတဲ့ အပေါ်မှာ ကျွန်တော့်အယူအဆလေးပြောချင်တယ်။လုံးဝ မလေးမစား ခရက်မပေး ဘာမပေးဆိုရင် အဖျက်ဆန်တဲ့ ကော်ပီသမားပေါ့။နောက်တမျိုးက ကော်ပီတော့ယူတယ်။ ခရက်ဒစ် သို့မဟုတ် အညွှန်းပေးတယ်ဆိုရင် ဒါလုပ်နိုင်ပါတယ်။ကျွန်တော်လဲ ဒုတိယပုံစံနဲ့ ကော်ပီလုပ်တာပေါ့။ဟုတ်တယ်လေ။
ချွေးနဲ့သွေးနဲ့ အပင်ပန်းခံပြီး ဖန်တီးထားတဲ့ မူရင်းပုဂ္ဂိုလ်တွေကို လေးစားသမှုရှိရမှာပေါ။တန်ဖိုးကို နားလည်ရမှာပေါ့နော်။ကျွန်တော် အဲဒီလို နားလည်ထားလို့ ပို့စ်မှာ soure လေးပေးတာ လင့်ခ်က အလုပ်မလုပ်ဖြစ်နေတာကို မသိပဲ ပြောလာကြတော့ အဲလိုအဲလို မပြောချင်တာတွေ ပြောမိကုန်တော့တာပါပဲခင်ဗျာ။ကဲ ကဲ ရှိခဲ့တာရှိပါစေတော့ဗျာ။
တကယ်ဆိုမြန်မာတွေအချင်းချင်းကို အရမ်းညီညွှတ်စေချင်ပါတယ်ဗျာ။အဆင့်အတန်းရှိရှိလဲ ဖြစ်စေချင်ပါတယ်။ဒါ ကျွန်တော်ဆန္ဒအမှန်ပါပဲ။
(ထို့ကြာင့် ကျွန်တော် @Builderbသည်
မည်သူ့ကိုမျှ သြဇာအာဏာ မပေးတတ်သလို
ကျွန်ုပ်ဆန္ဒမရှိပဲ မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းရဲ့ ထိန်းချုပ်လမ်းညွှန်ခြင်းကိုမျှ ခံယူမည် မဟုတ်ပါ။
အကျိုးလိုလို့ ညောင်ရေလောင်း စိတ်မျိုးလဲမရှိပါ။
ကျွန်ုပ်အား အမှန်တကယ်ဖြူစင်စွာ ခင်မင်သူများရဲ့
အားပေးမှုကို ခံယူရင်း ကျွန်ုပ်စိတ်မှ အလိုလျောက်ခင်မင်မိသူများကို ဖေးမကူညီရင်း စတီးမစ်နဲ့အတူ အမြဲရှိဖို့ ရည်သန်မိပါသည်။)
စတီးမစ်မိတ်ဆွေ အားလုံးကို လေးစားပါတယ်။
နောင်များလဲ ကိုယ်တိုင်သိကျွမ်းနားလည်သမျှလေးတွေကို ကိုယ်ပိုင်ပို့စ်အဖြစ် မျှဝေပေးသွားမှာဖြစ်သလို
ကိုယ်မနိုင်နင်းတဲ့ အကြောင်းအရာများကိုတော့
တတ်ကျွမ်းနားလည်သူများထံမှတဆင့် (အသိအမှတ်ပြုကာ) ပြန်လည်မျှဝေပေးသွားပါ့မယ်ဆိုတာ ပြောရင်နဲ့ မိတ်ဆက်ခြင်း ပိုစ့်လေးကို ရပ်ဦးမယ်ဗျ။ကျေးဇူးတင်ပါတ်ခင်ဗျ။ယ
အားလုံးအားလုံး လိုအင်ပြည့်ဝနိုင်ကြပါစေ။
Whatever,I will living together with STEEMIT