မြန်မာဘာသားစကားကို အသုံးပြုတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ ပိုစ့်တွေကို အသိအမှတ်ပြုပေးဖို့ ဆုကြေး ချီးမြှင့်ပေးဖို့
က လုပ်ဆောင်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
လက်ရွေးစင် စာမူများ

Author: 
လူကိုလူလိုမြင်ဖို့လိုသည်

ဒီပိုစ့်မှာကတော့ စာရေးသူရဲ့ ဂရုဏာ ဒေါသ ကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ စာရေးသူ အနေနဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ တလွဲတွေးနေတဲ့ တလွဲမြင်နေတဲ့ အပေါ်မှာ မချင့်မရဲ ဖြစ်နေမိဟန်တူပါတယ်။ သူနိုင်းယှဉ်ပြသွားတာလေးကလဲ အတော်ကို ကောင်းပါတယ်။ ကိုယ်တိုင်က ခိုးနေ မတရား လုပ်နေပြီးတော့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေတယ် ဆိုတာကတော့ အမြင်မတော်ဆင်တော်နဲ့ ခလောက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓတရားတော်များကို ကိုယ်လို ရာတွေးပြီးပြောဆိုရေးသားခြင်း၊ နိုင်ငံရေးတွင်အ သုံးချခြင်း အကောင်းဆုံးမြတ်တရားကို ဝဒမှိုင်းသဖွယ်အသုံးချနေမှုများကိုကြားရသိရ သည့်အခါပိုလို့ပင် အရှက်ရမိပါသည်။ တကယ်တော့ ဗုဒ္ဓသည် လူ၏အမျိုးအနွယ်ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုများကိုပယ် ထားပြီးဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် အဆင့်အတန်းဟူသည် ကိုယ်ကျင့်သီလပေါ်တွင် သာခွဲခြားထားသည်။ သံဃာတော်များကိုမူဝါအရ သာ အဆင့်ဆင်ရိုသေစေပြီး လူ့ဘဝက ချမ်းသာ ခြင်းအမျိုးမြတ်ခြင်းများသည်။ လူတို့သတ်မှတ် မှုများဖြစ်၍ဘောင်မဝင်ပါ။
လိမ်လည်ခြင်း၊သူများအသက်ကိုအလွယ်တကူ လုပ်ကြံသတ်ဖြတ်နိုင်ခြင်း လုပ်နိုင်သူ ငါးပါးသီလမျှကိုပင်မလုံခြုံသူတို့က သူတို့မှသာ ဗုဒ္ဓတရားတော်နှင့်အညီနေထိုင်သူများဖြစ်ကြောင်း ပြောဆိုကြသည့်အခါ တို့မြန်မာပြည်မှာသာသနာကွယ်ချေပြီကောလို့ ဝမ်းနည်းယူကြုံးမရဖြစ်ရပါလေသည်။
ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ သူ့ကို ကယ်တင်ခဲ့တဲ့ ရသေ့ကြီးကို မသိတတ်ပဲ မသိချင်ယောက်ဆောင်နေခဲ့တဲ့ အတွက် ပြည်သူတွေက ဝိုင်းပြီး ဆုံးမခဲ့ပါတယ်။ ကြွက်၊ မြွေ၊ ကျေးသား စတာတွေကတောင်မှာ လူလို သိတတ်ပြီး လူကတော့ တိရိစ္ဆာန် သာသာလောက် အဆင့်ရှိတဲ့အတွက် ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။
Author: 
How to Make Paper Photo Frame

ဒီပိုစ့်ကတော့ အများကြီးပြောစရာမရှိပါဘူး။ Origami ပြုလုပ်ပုံတွေကို အဆင့်ဆင့် ရှင်းပြထားတဲ့ ပိုစ့်ဖြစ်ပါတယ်။ အဆင့်တိုင်းကို စိတ်ရှည်လက်ရှည်ရှင်းပြထားပါတယ်။ ကိုယ်ကိုယ်တိုင် လုပ်ကြည့်ဖို့ သင့်တော်တယ်လို့ထင်ပါတယ်။
ဒီတစ်ခါပုံလေးတွေထည့်လို့ရအောင်photo frameတစ်ခုပြုလုပ်လိုက်ပါတယ်။စက္ကူအလိပ်တွေကိုလေးထောင့်ပုံစံထားပြီး၊ပန်းပွင့်အရွက်တွေနှင့်အလှဆင်ထားတာပါ။ပထမအဆင့်မှာတော့ကတ်ထူတစ်ရွက်ကိုအပြာရောင်စာရွက်ကော်ကပ်ပြီး၊လိမ္မော်ရောင်စက္ကူအလိပ်များခေါက်ကာ၊ဘေးဘက်တွေမှာဘောင်ခတ်လိုက်ပါတယ်။ဆက်လက်ပြီးပန်းပွင့်ပြုလုပ်ပါ့မယ်။ပန်းတစ်ပွင့်မှာစက္ကူခေါက်သုံးခုပြုလုပ်ရမှာပါ။စက္ကူခေါက်နည်းကိုတော့ပုံများဖြင့်ပြထားပြီး၊စက္ကူခေါက်သုံးခုကိုကော်ကပ်ရင်းပန်းပွင့်များပြုလုပ်ပါတယ်။ပန်းရောင်နှင့်အ၀ါရောင်ပန်းပွင့်များပြုလုပ်လိုက်ပါတယ်။အရွက်များလည်းပြုလုပ်ရမှာပါ။အရွက်ပြုလုပ်နည်းကအစိမ်းရောင်စာရွက်ကိုအလျားအနံတူစွာဖြတ်ပြီး၊တွန့်ခေါက်လိုက်ပါတယ်။ပြီးတော့အလယ်မှခေါက်ချိုးပြီးကော်ကပ်လိုက်ပါတယ်။

သူ့ရဲ့ အဆင့်ဆင့်လုပ်ဆောင်မှုတွေက အတော်ကို ရှင်းလင်းလွယ်ကူပါတယ်။ လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
Author: 
Dr. Google မှ အကြီးအကျယ် ထိခိုက်မှုကြိးကို ဖြစ်စေနေပြီလား

ဒီပိုစ့်ကတော့ google မှာ ကိုယ်ရောဂါဖြစ်နေတာကို google မှာ ရှာပြီး google က ညွှန်းထားတဲ့ဆေးကို သောက်လိုက်မိတဲအကြောင်းရေးထားတာပါ။ အလွယ်တကူ ပျောက်ရမည့်ဟာကို မပျောက်ပဲနဲ့ ဒုက္ခခံလိုက်ရပါတယ်။ ကျွန်တော်တို့ဆီမှာလဲ အဲဒီလိုပါပဲ လူတွေက facebook မှာ ကြည့်ပြီး ကော်ငးတယ်ဆိုပြီး သုံးကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကောင်းမလားမလာတော့မှ ဆေးခန်းကို ပြေးကြပါတယ်။ အဲဒီအခါမှာ ပိုက်ဆံပိုကုန်သွားပါတယ်။ အပ်နဲ့ထွင်းရမည့်ဟာကို ပုဆိန်နဲ့ ပေါက်လိုက်ရပါတယ်။
အကယ်၍ ပထမဆုံး စဖြစ်သည့်နေ့မှ အထူးကုအကြံပေးနှင့် ဆွေးနွေးပြောဆိုခဲ့ပါလျှင် သင့်လျှော်သော စစ်ဆေးမှုကို ရရှိမည်ဖြစ်ပြီး နာကျင်မှုဝေဒနာများကိုလည်း ထပ်မံခံစားရမည်မဟုတ်ပါ။ ဒါဟာ ကမ္ဘာတစ်ဝန်းရှိ လူအများတွေ့ကြုံနေရခြင်းပင်ဖြစ်ပါတယ်။ ၄င်းတို့ခံစားရတဲ့ ဝေဒနာများကို အင်တာနက်ပေါ်မှာ ရှာဖွေပြီး တက်သလောက်မှတ်သလောက် ကုသနေကြခြင်းပဲဖြစ်ပါတယ်။ ထိုမှတစ်ဆင့် အချိန်ကို ပိုဆွဲသလိုဖြစ်နိုင်ပြီးနာကျင်မှုဒါဏ်ကို ပိုမိုတိုးလာစေနိုင်ပါတယ်။
သတိထားစရာ အဖြစ်အပျက်လေးမို့ ဒီပိုစ့်ကို ရွေးချယ်လိုက်ပါတယ်။ အောက်ဆုံးက ကြော်ငြာကို လျစ်လှူရှုပြီးတော့ပေါ့။ ရောဂါဖြစ်လာရင် တတ်သိနားလည်တဲ့ ဆရာ ဝန်နဲ့ပဲ ပြစေချင်ပါတယ်။ အသက်ဆိုတာ တန်ဖိုးကြီးပါတယ်။ ကိုယ့်အသက်ကို ကိုယ်အလေးထားကြပါလို့ တိုက်တွန်းချင်ပါတယ်။
မိမိတို့ ပေးပိုင်ခွင့်ရှိတဲ့ နေရာ ၃၀ ထဲမှာ လစ်လပ်နေသေးရင်
ဒီပိုစ့်ကနေ ရရှိမည့် ဆုကြေးတွေ အကုန်လုံးကို C2 Myanmar Curation အဖွဲ့က လက်ခံသွားမှာ ဖြစ်ပါတယ်။
All rewards from this post will directly go to C2 Myanmar Curation team.