အအေးပတ်ပီး နှာစေးနေသည်မှာ ၄ရက်ကျော် ၅ရက်ခန့်ရှိနေပါပီ။ သောက်ဆေးများသောက်ထားသောကြောင့် ခံစားနေရသောထုံကျဉ် လေးလံထိုင်းမိုင်း ဝေတနာများပျောက်ကင်သွားပါပြီ။ သို့သော်လည်း နှာစေးခြင်း ချွဲသလိပ်ကပ်နေခြင်းများကတော့ ကျန်ရှိနေပါသေးသည်။ ဝေတနာအရှင်းမပျောက်သေးသော်လည်းပဲ မိမိအလုပ်ဝင်ရောက်လုပ်ကိုင်နေသော ရုံးဋ္ဌာနက မိမိနှင့်အတူ အခြားရုံးဝန်ထမ်းများအတွက် အချိန်ပို OT အလုပ်ဆင်းရန်အတွက် တာဝန်ပေးလာသောကြောင့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နေပါသည်။
နေ့လည် ၁ နာရီမှ စတင်ကာ ည ၉ နာရီထိ မင်္ဂလာ မန္တလေး ဈေးဝယ်စင်တာသို့ လာရောက်လည်ပတ်ကြသော မိဘပြည်သူများ လုပ်ငန်းရှင်များ အလွယ်တကူငွေပေးခြေခြင်းကို ပြုလုပ်နိုင်ရန်အတွက် တစ်ကမ္ဘာလုံးတွင် အသုံးပြုနိုင်သော Electronic Payment System တစ်ခုဖြစ်တဲ့ Visa card ပွဲကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ပွဲရဲ့ခေါင်းစဉ်ကတော့ "Visa Travel Fair" ဖြစ်ပါတယ်။
Visa နှင့် ချိတ်ဆက်ထားသော ဘဏ်ကြီး ၅ ဘဏ်ဖြစ်သော CB bank, AYA bank, KBZ bank,MAB bank နှင့် UAB bank များမှာ Visa card များကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။ထို့နောက်မှာတော့ အသင်ရှိနေသော Visa acceptance merchant များဖြစ်သော Travel Agent များ Air Ticket အရောင်းစင်တာများ နိုင်ငံခြားတွင် ကျန်းမာရေးဆေးစစ်ချက်များရယူနိုင်သော ထိုင်းနိုင်ငံမှ ဆေးရုံများ စသည့် customer ကို အလွယ်တကူ Visa card အသုံးပြုနိုင်ရန်အတွက် Merchants များ အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။
နောက်ပီး သက်ဆိုင်ရာဘဏ်များမှ Visa card ပြုလုပ်သော customer များအတွက် လက်ဆောင်ပစ္စည်းများကို သူ့ထက်ငါအပြိုင် ပေးနေကြပါတယ်။ Visa company မှလည်း Visa card ဖြင့် မည်သည့် merchant တွင်မဆို ကျပ် ၇ သိန်းဖိုး အသုံးပြုလိုက်မယ်ဆိုရင် ခရီးသွား လက်ဆွဲအိတ် တစ်လုံး လက်ဆောင်ပေးနေပါတယ်။ တစ်ရက်ကို ၃၇လုံးပဲ အကန့်ကသတ်နဲ့ပေးနေတာဖြစ်ပါတယ်။ ပွဲချိန်စပီဆိုတာနဲ့ Visa ကနေလက်ဆောင်ထတ်ြဖို့တန်းစီနေကြပါပီ၊ အဲ့ဒီလိုကို စည်ကားလှတဲ့ Visa Travel Fair ပွဲပဲဖြစ်ပါတယ်။
ပွဲနေ့ရက်များကတော့ ၈ရက်နေ့ကနေ ၁၁ရက်နေ့ ထိဖြစ်တာကြောင့် စိတ်ပါဝင်စားသူများလာရောက်နိုင်ပါတယ်။ နောက်ပီး ဒီပွဲမှာ ရှရှားနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ ၂၀၁၈ ကမ္ဘာဖလားပွဲကို သွားရောက်နိုင်တဲ့အခွင့်အရေးတွေပါဝင်ပါတယ်။ ကမ္ဘာဖလား ပုံလေးပါဝင်တဲ့ CB bank Visa card လေးကို ၁ သောင်းဖိုး transaction ရှိတိုင်း ၁ ကြိမ် record မှတ်ပီး ကံစမ်းပေးမှာဖြစ်ပါတယ်၊ အဲ့ဒီနောက်မှာတော့ ကံထူးရှင်ကိုရွေးချယ်ပီး ကမ္ဘာဖလားပွဲသို့ အခမဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတာကတော့ ပွဲစဉ် ရဲ့ သဘောတရားတွေ၊ လုပ်ဆောင်နိုင်တာတွေဖြစ်ပါတယ်။အထက်ဖော်ပြပါ လုပ်ငန်းတွေကို အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ဖို့အတွက် ဝန်ထမ်းတွေက အစအဆုံး customer တွေကို ဝန်ဆောင်မှုပေးရပါတယ်။ သူတို့သိချင်တာတွေပြောပြရတယ်။ သူတို့အဆင်မပြေတာတွေကို အဆင်ပြေအောင်လုပ်ပေးရပါတယ်။ ငွေသွင်းခြင်းများ ငွေသွင်းတဲ့အချိန် ချက်ချင်းအသုံးပြုမရခြင်းများ POS တွင်အသုံးပြုရတာ အဆင်မပြေမှုများ စသည့် အဆင်မပြေမှုများကို အဆင်ပြေသည်အထိ customer နားလည်အောင် အရောင်းအဝယ်အဆင်ပြေအောင် ဝန်ဆောင်မှုပေးရပါတယ်။
တစ်ချို့ဝန်ထမ်းတွေဆို အပေါ့အပါးမသွားရတာတွေ၊ ထမင်းနောက်ကျမှစားရတာတွေ၊ ရေကိုဝအောင်မသောက်ရတာတွေ၊ စတဲ့ အဆင်မပြေမှုများနဲ့ အားလုံး ကိုယ်စီကိုယ်စီ ဝန်ဆောင်မှုပေးနေကြတာဖြစ်ပါတယ်။ ရသီဥတုအနေနဲ့တော့ နေပူတဲ့အချိန်ရှိသလို နေရိပ်တဲ့အချိန်လည်းရှိပါတယ်။ပွဲကိုလည်း လူကြီးလူငယ် လုပ်ငန်းရှင် အဖွဲအစည်း ဝန်ထမ်း စသည့် အမျိုးမျိုးသော Visa card ပြုလုပ်ချင်သူများ လာရောက်ကြပါတယ်။ ကိုယ်စီကိုယ်စီ Visa card တွေပြုလုပ်ပီး ပျော်ရွှင်ကျေနပ်နေကြကြပါတယ်ဗျ။ လက်ဆောင်ပစ္စည်းများလည်း တစ်ပွေ့တစ်ပိုက်ကြီးဖြင့် ပြန်လည် ထွက်ခွာသွားကြသည်ကို ကြည့်ရင်း အားကျနေကြသူများမှာ ဝန်ထမ်းများသာဖြစ်ပါတော့သည်။
ရုံးပိတ်ရက်များတွင်ရုံးဋ္ဌာနမှပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြပါသည်။ မိတ်ဆွေများ သူငယ်ချင်းများရှိလျင်လည်း visa Travel Fair သို့ လာရောက်ကြဖို့ ဖိတ်ခေါ်ကြပါသည်။ တစ်ဘဏ်နှင့်တစ်ဘဏ် အပြိုင်အဆိုင် လက်ဆောင်ပစ္စည်းများကိုပေးအပ်ကြပါသည်။ မိတ်ဆွေသစ်များလည်းများစွာတိုးခဲ့ပါသည်။
ကျွန်တော်ကတော့ CB bank Visa card ရယ် AYA Visa card ရယ်ပြုလုပ်ခဲ့ပါတယ်။ CB bank Visa card ကို balance zero ကဒ်လုပ်ခ ၄၀၀၀ ကျပ်နဲ့ပြုလုပ်လို့ရပါတယ်။ AYA visa card ကိုတော့ ကဒ်လုပ်ခ ၁ သောင်းကျပ် balance zero နဲ့စတင်ပြုလုပ်လို့ရပါတယ်။ မိတ်ဆွေများ တစ်နေရာထဲမှာ ဘဏ်ကြီး ၅ ဘဏ်ရဲ့ ဝန်ဆောင်မှုကို အလွယ်တကူအဆင်ပြေစွာ ရယူနိုင်ပါတယ်။ ခရီးသွားဖို့အစီအစဉ်တွေရှိတယ်ဆိုရင်လည်း Travel agent များ Air ticket များကို အလွယ်တကူ Promotion package များဖြင့် ရယူနိုင်ပါတယ်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။
Writer caesarsupaimin
MSC-025