အခုခေတ်ကောင်လေးတွေ ဂိမ်းလေးနှိပ်လိုက်
အိမ်က ပိုက်ဆံလက်ဖြန့်တောင်းလိုက် ကောင်မလေးနဲ့ဖွန်ကြောင်လိုက် ကားလေး ဆိုင်ကယ်လေးစီးပြီး အပေါင်းအသင်းနဲ့ကဲနေလိုက် ဘီယာဆိုင်လေးထိုင်ပြီး အာဖောင်နေလိုက် စသည်ဖြင့် လုပ်နေတဲ့ ခုခေတ်လူငယ်ဆယ်ကျော်သက် တော်တော်များများနဲ့ ယှဉ်ကြည့်လိုက်စမ်းပါ အဲ့လို ချာတိတ်အရွယ်မှာတင် သူ့မှာ နိုင်ငံကို ကယ်တင်ဖို့ ရည်ရွယ်ပြီး တကုတ်ကုတ် ကြိုးစားနေတဲ့ လူဗလံလေး တစ်ယောက်အကြောင်း ရတတ်သမျှ နည်းလမ်းသုံးပြီး နယ်ချဲ့ကို တော်လှန်ဖို့ ကြံစည်အားထုတ်နေတဲ့ ချာတိတ်လေး တစ်ယောက်အကြောင်း တော်လှန်ရေးနိဿရည်းတွေ တည်ဆောက်ရေးနည်းနာတွေ
နိုင်ငံရေးအိုင်ဒီယော်လိုဂျီစာအုပ်တွေကို ရှုပ်ပွနေတဲ့ အခန်းကျဉ်းကျဉ်းလေးထဲ သဲကြီးမဲကြီး အငမ်းမရ ရှာဖွေဖတ်မှတ်နေတဲ့ ကောင်လေးတစ်ယောက် အကြောင်း လက်နက်အင်အားကြီးမားတဲ့ တိုင်းတပါးနိုင်ငံကို တက္ကသိုလ်ကျောင်းသားဘဝမှာတင် ဖြိုခွင်းဖို့ အိပ်မက်မက်ခါးခါးတွေနဲ့ နပန်းလုံးနေတဲ့ ချာတိတ်လေးတစ်ယောက် အကြောင်း ခင်ဗျားဟာ လူကြီးတစ်ယောက်ဆိုရင် ခင်ဗျားဖြတ်သန်းခဲ့တဲ့ လူငယ် ဆယ်ကျော်သက်ဘဝကို ပြန်မြင်ကြည့်လိုက်စမ်းပါ
ခင်ဗျားဟာ ဆယ်ကျော်သက် (သို့) လူငယ်တစ်ယောက်ဆိုရင် လက်ရှိခင်ဗျား လုပ်ရပ်တွေကို ပြန်ကြည့်လိုက်စမ်းပါ လူတစ်ယောက်ကို လေးစားတယ်ဆိုတာ အလကားပဲတင်းနဲ့မရဘူး ဆိုတာ ခင်ဗျားကို သိစေချင်လိုက်တာ
လူတစ်ယောက်ကို ယုံကြည်တယ် ဆိုတာ အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာ ခင်ဗျားကို သိစေချင်လိုက်တာ လူတစ်ယောက် သမိုင်းတွင်တယ်ဆိုတာ လုပ်ရပ်တွေအပေါ်မူတည်တယ် ဆိုတာ ခင်ဗျားကို သိစေချင်လိုက်တာ.....