"အရှင်ဘုရား ဦးသြဘာ''
" အေးဘာလည်း ဒါယကာမ Regina Regina"
တပည့်တော်မ နားမလည်တာ တစ်ခုရှိလို့ သိချင်လို့ရှင်းပြပေးတော်မူပါဘုရား စစ်သားတွေ စစ်တိုက် ပြီး လူသတ်တာ ငရဲကြီးလားဘုရား ၊နောက်တစ်ခုက လူတွေသတ်ပြီး ရဟန္တာဖြစ်သွားသော အင်္ဂုလိမာလ ဆို လူတွေအများကြီးသတ်ပြီး ရဟန္တာဖြစ်သွားတာ နားမလည်လို့ ရှင်းပြပေးပါ။
အေးကောင်းပြီ ‘ အစကနေ စပြေားရလျှင် အင်္ဂုလိမာလ ၏ ငယ်နာမည်က အဟိံဿက တဲ့ အဓိပ္ပာယ် ကတော့ အကြမ်းမဖက်သောသူ မညှင်းဆဲသောသူ လို့အဓိပ္ပာယ်ရတယ် .....
သူ၏ ဖခင်က ဘဂ္ဂ၀ါမှာ တရားရုံး၏အကြီးအကဲ ပဂ္ဂိုလ်ပရာဆန်ဇီ ဖြစ်တယ် ။ မိခင်ကတော့ မိတ္တရာယာနီ ဖြစ်ပြီး မိဘ နှစ်ပါးလုံးက ဗြဟ္မဏီမျိုးနွယ်များဖြစ်ကြတယ်ကွယ့်.......’
မိတ္တရာယာနီ ပဋိသန္ဓေရှိသောအခါမှာ မိသားစုအားလုံးဝမ်းမြောက်ပျော်ရွှင်ခဲ့ကြရတယ် ... သို့ပေမည့် တစ်နေ့သော ရက်မှာ အိမ်မက် နိမိတ်တွေမက်ခဲ့တယ် .....
ထိုနိမိတ်ကိုအခြေခံပြီး ဗေဒင်ကိုသရာဇ္ဈာယ်လိုက်သောအခါ ထိုမိတ္တရာယာနီ၏ ကိုယ်ဝန်မွေးဖွားလာ ခဲ့လျှင် ဤနယ်တစ်ဝုက်တွင် အကြမ်းဖက်မှုများဖြစ်ပွားလိမ့်မည်ဟု နိမိတ်ဖက်ခဲ့ကြတယ်ကွယ့်......
ထိုနိမိတ်ကြောင့် ဘုရင်နှင့်ဘုရင့်မိသားစုများ စိတ်မချမ်းသာ စိတ်မသက်သာဖြစ်ခဲ့ကြရတယ် ....
ဒီလိုနဲ့ ကိုယ်ဝန်လစေ့တော့ မွေးဖွားပြီးလူလောကကိုရောက်လာခဲ့သော်လည်း ရုန်းရင်းဆန်ခတ်မှု ဘာတစ်ခုမျှ ဖြစ်ပေါ်မလာခဲ့ဘူး .....မူလက အကြမ်းဖက်မှုတွေ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်မည်လို့ဗေဒင်အကြောင်းကား အမှန်တကယ်ဖြစ်ပေါ်မလာခဲ့ဘူး ။ အဲဒီအကြောင်းရင်းကို အခြေခံပြီးမွေးဖွားလာခဲ့တဲ့ ကလေးကို အဟိံဿက အကြမ်းမဖက်သော ပုဂ္ဂိုလ်လို့ကလေးကို နာမည်ပေး ခဲ့ကြသတဲ့..........
ဒီလိုနဲ့ အရွယ်ရောက်လာသောအခါ ပညာတော်သင်လွှတ်ရတော့မည် သူဟာအစိုးရ၀န်ထမ်း တရားရေးဌာန၏ အကြီးအကဲ သားဖြစ်သည်နှင့်အညီ ပညာတော်သင်လွှတ်ရာတွင် ကျောင်းစရိတ်ကားထောက် ပံ့နိုင်ခြင်းမရှိသော ဆင်းရဲသားဝန်ထမ်းသား တစ်ယောက်ဖြစ်သောကြောင့် ဉာဏ်ကောင်းလင့်ကစား သူ့တွင် အခက်အခဲ့တစ်ခုဖြစ်ပေါ်ခဲ့ပြီ အကြောင်းကား ကျောင်းလခပေး ရန်မရှိ ....
သို့အတွက်ကြောင့် ဘုရင်၏ဆွေမျိုး များတိုက်တွန်းချက်အရ မနိဘနြေ္ဒ တက္ကသိုလ်ဆရာကြီးထံတွင် ကျောင်းလခ လွတ်ငြိမ်းခွင့် လျှောက်ထားခဲ့ရာ ကျောင်းလခလွှတ်ငြိမ်းခွင့် ရတဲ့ကျောင်းသားတစ်ဦးပေါ့...
အဲဒီမှာတော့ လူတန်းစားနစ်ရပ်ပေါ့ ကျောင်းလခပေးရသောသူနှင့် ကျောင်းလခ ကင်လွတ်ခွင့်ရသောသူ ဆိုပြီးနှစ်မျိုးရှိတာပေါ့ .....
ကျောင်းလခ လွတ်ငြိမ်းခွင့်ရသော ကျောင်းသား၏ အရည်အချင်းကတော့...
၁။ သစ္စာတရားရှိခြင်း ၊ယုံကြည်မှုရှိပြီး လူအများပေါ်ကျိုးနွံတက်ခြင်း ၊အကျင်သီလကောင်းခြင်း၊ကတိတည်ခြင်းဆန္ဒတက်မက်မှုကို ထိမ်းချုပ်နိုင်စွမ်းရှိခြင်း နှင့် မှတ်ဉာဏ်စွမ်းရည်မြင့်ခြင်း။
၂။ အခြားသူများထက် ချိုသာသောစကားကိုပြောဆိုတက်လေ့ရှိခြင်း နုညံ့သိမ်မွေ့သောကြောင့်၎င်း ဆင်ပြောင်ကြီးကဲ့သို့ ခွန်အားကြီးသောအကြောင်းကြောင့်လည်းကောင်း ...
အဟိံဿကိုလူသိများခဲ့ကြသည် သူ၏အရည်အချင်းများကြောင့် တက္ကသိုလ်ဆရာကြီး မနိဘနြေ္ဒသည် ပိုမို၍ ချစ်ခံရသော ကျောင်းသားတစ်ဦးဖြစ်ခဲ့သည် ။ဆရာကြီးသည် အသက်အရွယ်ကြီးပေမည့် သူတွင် ချောမောလှပငယ်ရွယ်နုပျိုသော ဇနီးသည်လေးကိုရရှိပိုင်ဆိုင်ထားသည် သူတို့တွင် သားသမီးရတနာ မထွန်းကားခဲ့ ၊ သို့အတွက်ကြောင့် လိမ္မာရေးခြားရှိသော အဟိံဿကကို သားအရင်းသဖွယ်ချစ်ခင်ခဲ့ကြသည်။ ထိုအခါ ဆရာ့အိမ်တွင် ၀င်ထွက်သွားလာခွင့်ရသောသူမှာ အဟိံဿကတစ်ဦးသာရှိခဲ့လေပြီ ။သို့အတွက်ကြောင့် မနာလိုသော ဆိုးသွမ်းသော ကျောင်းသားများသည် သူတို့ထက်သာလွန်သော ကျောင်းသား အဟိံဿကကို မနာလိုခဲ့ကြလေပြီ.....
သို့အတွက်ကြောင့် တစ်နေ့သ၌ ဆရာကြီးအား ကုန်းတိုက်စကားဆိုခဲ့ပြီ ဆရာကြီးက လက်မခံဘဲကုန်းတိုက်သောကျောင်း သား များအား မောင်မဲ၍နှင်ထုတ်လိုက်သောအခါ ပိုမို၍ ရန်ငြိုးဖွဲ့ခဲ့ကြပြီ ကျောင်းသား အဟိံဿကားမည်သို့မျှ မသိရှိခဲ့ခြေ..... သို့သော် လမ်းတွင်လည်း နည်းအမျိုးမျိုးဖြင့်လုပ်ကြံ၍ ရန်မူခဲ့ရာတွင်လည်း သန်စွမ်းသောသူဖြစ်လင့်ကစား ပြန်လည်၍မတုံ့ပြန်ဘဲ အသက်ဘေးမှလွတ်အောင် ရှောင် ပြေးခဲ့ရရှာလေသည် အကြောင်းကား ထိုကျောင်းသားဆိုးများသည်ဘုရင့်သားတော် များဖြစ်သောကြောင့် တည်း ဆင်းရဲသားတွေဟာ အဲဒီကတည်းက အနိုင်ကျင့်ခံနေရတာဘဲ.......
ထိုသို့ဖြစ်ပွားနေခိုက် တက္ကသိုလ်ဆရာကြီး၏ ဇနီးသည် ဘဟန္ဒြီသည် အဟိံဿကပေါ်တွင် ကြီးမားသောချစ်ခင်မှု တို့ဖြင့်ဆက်ဆံကာ အမွှေးအနံ့အရသာနှင့်ပြည့်စုံသော မုန့်တို့ဖြင့်ဧည့်ခံကာ အမြဲတမ်း စကားကြောရှည်နေတက်သည် ထိုအကြောင်းကို ဆိုးသွမ်းသောကျောင်းသားများက မြင်သွားကြလေပြီ ၊ထိုသို့ဖြစ်နေခိုက် ဘဟန္ဒြီ၏ မာယာလက်မှ လွှတ်မြောက်အောင်ကြိုးစားထွက်ခဲ့ရလေပြီ....
ဉာဏ်ကင်းမဲ့သော မိန်းမတစ်ယောက်၏ လက်တွင်းမှ အသီကလေးလွတ်လာခဲ့လေပြီ ၊သို့သော် ထိုအကြောင်းအရာများကို မြင်သွားသောသူတစ်ချို့က မဟုတ်မမှန်သတင်းများဖြန့်ခဲ့လေပြီ၊ မည်သို့ပင်ဆိုစေကာမူ အဟိံဿကသည် အလွန်ရိုးသားပြီး ဆရာ၏ဇနီးအပေါ်တွင် မိခင်ရင်းသဖွယ်သာ မေတ္တာ ရှိခဲ့ပြီ သူမလိုလားသော မရိုးဖြောင့်သော ဘ၀ကိုသူမပြုခဲ့ တနည်းပြေားရလျှင် ဆိတ်ကွယ်ရာတွင် ကား ကာမေသုမိစ္ဆာစရကို မပြုမကျုးလွန်ခဲ့ တည်ငြိမ်သော စိတ်ထားဖြင့်ထိမ်းသိမ်းနိုင်ခဲ့သည်။သူ၏ စိတ်ထားကား အလွန်မွန်မြတ်လှပေသည် ။
သို့သော်ကောက်ကျစ်သော ကျောင်းသားများ၏ ကောလဟလသတင်းများ အကြောင်းဖြစ်ပေါ်လာပြီ ထိုအကြောင်းကို ကျောင်းသားအများစုက ပြေားကြားသောအခါ တက္ကသိုလ်ဆရာကြီးက မင်းတို့ငါတို့မိသားစု ၏ ချစ်ခင်မှုကို ပျက်ပြားအောင်ဆောင် ရွက်နေကြတာဘဲ အားလုံးအခုချက်ခြင်းထွက်သွားစသဖြင့် ကြိမ်းမောင်း နှင်ထုတ်လိုက်သည်။ ထိုကဲ့သို့ပြေားသော်လည်း သူတို့အကြံအစည်မအောင်မြင်သောကြောင့် ပို၍ ရန်ငြိုးဖွဲ့လာ ခဲ့လေပြီ....
ဆရာကလည်းသူ၏တပည့်အပေါ်တွင် ရုံကြည်သည် သို့ပါသော်လည်း တစ်နေသောအခါ...
ပသေနဒီ ကောသလ မင်းကြီးသည် လောလောဆယ်ဖြစ်ပေါ်နေသောအကြောင်းများနှင့်ပတ်သတ်၍ ဘဟန္ဒြီအားဆင့်ခေါ်လေရာ သာဝတ္ထိသို့သွားရမည့်အကြောင်း သူ့တပည့် အဟိံဿကကို ခေါ်၍အစစအရာရာ မှာကြားပြီး သာဝတ္ထိသို့ထွက်ခွာသွားလေပြီ ....
ကျောင်း၏ ကိစ္စအ၀၀ကို ဆောင်ရွက်ရန် တာဝန်ခံအဖြစ်ခန့်ထားခဲ့လေပြီ ၊ကျောင်းသား အဟိံဿကသည် တာဝန်ခံဖြစ်သော အခါ ဆိုးသွမ်းသောကျောင်းသားများအား ထိန်းကျောင်းရသည်ကတစ်ကြောင်း ၊ထိုအခွင့်အခါကို စောင့်စားနေသော မိုက်မဲသော ဆရာ့၏ဇနီးသည်ကလည်း ဆရာကြီးမရှိခိုက် လှပအောင် တန်ဆာဆင်ယင် အမွေးနံ့သာ လိမ်းကြံ၍ ကျောင်းသားအဟိံဿကို ကျောင်း၏ကိစ္စများကို ဆောင်ရွက်ရန်ဟု မာယာဖြင့်လှည့်ကာ ညနေတွင် မိမိအိမ်သို့လာရန် ဆင့်ခေါ်ခိုင်းလိုက်သည်။ ညနေချမ်းအခါ အိမ်သို့အရောက်တွင် ရိုသေလေးစားသောအသံဖြင့် ဂရုမာတာ အမေ စသဖြင့်ခေါ်ကာရောက်ရှိသွားသည်။ မည်သည်ကိစ္စ အရေးကြီးကြောင်းမေးမြန်းလေရာ .....
ဘဟန္ဒြီ သင်သည်မသင့်မတင်ပြုလေပြီ အကျွန်ုပ်သည်သင့်အား မိခင်ရင်းသဖွယ်ချစ်ခင်နှစ်သက်သည် သင်အဲဒီလိုမပြုပါနှင့် စသဖြင့် ရှောင်ထွက်ကာ ထွက်ပြေးသွားရှာလေသည်။ တဏှာရမ္မက်ကြွနေသော ဆရာဇနီးသည် သူ၏မလျှော်ကန်သောအကြောင်း ကို လူသိမည်စိုးတာကတစ်ကြောင်း အရှက်သိက္ခာကို ကာကွယ်ရန်အတွက် မိမိကိုယ်ကို လက်သဲများဖြစ်ချစ်ကုတ်၍ မိမိကို ဗလက်ကာယပြုကြောင်း ဆရာကြီးပြန်လာသောအခါ ငိုယိုပြေားလေပြီ ထိုအခါ မယားကြည့်ဓားကြည့်ဆိုသလို ပြင်းထန်သောဒေါသအဟုန်များပေါက်ပွားလာခဲ့ပြီ သေခြာစွာမစဉ်းနိုင်တော့ဘဲ မှားယွင်းစွာဆုံးဖြတ်ခဲ့လေပြီ..... တက္ကသိုလ်ဆရာကြီးက သတ်ချင်စိတ်များတဖွားဖွားပေါ်ထွက်လာပြီ
သြော် ...ဆရာလုပ်သူက တပည့်ကို သတ်လျှင် ငါ၏ကျောင်းတွင် ကျောင်းသားများ နောက်နောင်တွင် လာရောက်အပ်နှံ ကြလိမ့်မည်မဟုတ် ဘယ်မိဘမှ မိမိကျောင်းသို့စေလွှတ်လိမ့်မည်မဟုတ် စသဖြင့်တွေးပြီး သတ်မည်ဆိုပါကလည်း ဆရာဂုဏ်သိက္ခာ ကျဆင်းဖွယ်ရာ သို့ပါသောကြောင့် ဆရာ့ အမြတ်အပြင်မထွတ်ရာ ..
သို့ပါသောကြောင့် တက္ကသိုလ်ဆရာကြီးသည် ပရိရာယ်ဖြင့် သူဘာသာသူ ရန်သူများပေါ်ထွက်ပြီး သူတပါးသတ်လို့သေစေ ရန် ရည်ရွယ်၍ သူ၏တပည့်အဟိံဿကကို ခေါ်၍ အမောင်ငါ့တပည့် မင်းကျောင်းပညာရေးဆုံးခန်းတိုင်ပြီ အမောင်သည် ကျောင်းတွင်သူတပါးနှင့်မတူသော ကျောင်းလခ လွတ်ငြိမ်း ခွင့်ရရှိသောကျောင်းသားဖြစ်သည် အမောင်ဘွဲ့ရယူလိုလျှင် ကျောင်းလခအတွက် လူအယောက်တစ်ထောင် သတ်ရမည် ။ထိုသို့သတ်ချင်းသည် သင်ကျောင်းလခကို ပေးဆောင်သည်မည်၏ ဟု ဆရာကပြေားလေသော အခါ သူမိဘများ မှာထားသည့်စကားမှာလည်းရှိသည် ဆရာ့စကားမြေ၀ယ်မကျ နားထောင်ရမည် သေဆိုသေ ရှင်ဆိုရှင် ဟူသော စကားနားတွင်ပေါ်ထွက်လာခဲ့သည် ။ ဘွဲ့ရယူရေးအတွက် လည်းရှိသေးသည် မိဘစကားမှာထားချက် ဆရာ့စကားမြေ၀ယ်မကျ နားထောင်တက်သော တပည့်ဖြစ်သည့်အားလျှော်စွာ ဆရာထိုသို့ပြုလျှင် ရာဇ၀တ်မှုမြောက်သည်ကိုလည်း သိပါသော်လည်း ထိုတစ်ထောင်သောလူသတ်မှုကို ပြုရန် တောအုပ်သို့ ထွက်ခွာခဲ့လေပြီ ...
များမကြာမှီ တောတစ်ခုတွင် လာလာသမျှသော လူတို့အားသတ်ဖြတ်ခဲ့ရာ မုဆိုးများ မြွေအလပ္မယ်ဆရာများ သစ်ခုတ်သမားများ ခရီးသွားများ စသဖြင့်သတ်ဖြတ်ခဲ့သည် သူသည်လာလာသမျှသော လူတို့အားသတ်ဖြတ်ပါသော်လည်း မည်သည့် ပစ္စည်းမျှလုယူခြင်းမရှိခဲ့ မုဒိန်းမှုများမရှိခဲ့ များမကြာမှီ လူအယောက် (၁၀၀၀) သတ်ဖြတ်ပြီး၍ ဆရာကြီးမနိဘနြေ္ဒ၏ ကျောင်းတော်ထံပြန်လာခဲ့သည် ။ဆရာကြီး အကျွန်တော်ကို ဘွဲ့ပေးပါလော့ အကျွန်ုပ် လူအယောက် (၁၀၀၀) သတ်ဖြတ်ခဲ့ပြီးပါပြီ ဆရာကြီးက သူသေစေလိုသော ရန်သူဟာ ရန်သူသတ်လို့မသေဘဲပြန်လာသောအခါ ပရိရာယ်ဖြင့် မင်းမှာသတ်ခဲ့တယ်ဆိုတဲ့ သက်သေကဘယ်မှာလည်း ငါမရုံဘူး သက်သေပါအောင်လုပ်ခဲ့ ဒါမှငါရုံမည်ဟုဆိုကာ သက်သေတောင်းလိုက်လေသည်....
သို့အတွက်ကြောင့် အဟိံဿကသည် ကျောင်းတော်မှ တောသို့ နောက်သက်သေတစ်ခုရရှိရေး အတွက် ကြိုးပန်းလာသောအခါ တောအုပ်တစ်ခုမှတစ်ခုသို့ကူးရင်း လာလာသမျှသော လူအပေါင်းတို့အား သတ်ဖြတ်မှုကို ပြုပြီး လက်ညိုးများတစ်ဦးလျှင်တစ်ချောင်းကျ ဖြတ်ကာ တာလီမှတ်ခဲ့ပြီး ထိုလက်ညိုးများကို သစ်ပင်ဂွခြားတွင် သိမ်းထားလေရာ ကျီး ငှက် အစရှိသော တိရိစ္ဆာန်များ ယူငင်စားသောက်ပြစ်သဖြင့် အရေအတွက်များပြောက်ဆုံးခြင်း လျှော့နည်းခြင်းများဖြစ်ပေါ်လာပြန်သည် ထို့နောက် လှိုင်ဂူတစ်ခုတွင် သွားရောက်သိမ်းထားသော အခါတွင်လည်း တောခွေးများ လာရောက်စားသောက်သောကြောင့် လည်းပျက်စီးဆုံးရှုံးမှုများဖြစ်ပွားပြန်သည် .....
အဲဒီလိုနှင့် လူပေါင်းမြောက်များစွာမည်သည့်အရေအတွက် သတ်မိသည်မသိခဲ့ ရေတွက်၍ မရနိုင်ခဲ့ လူပေါင်းများစွာ သေဆုံးခဲ့ပြီးပြီ ......
ဒီလိုဖြစ်နေရလျှင် ပြီးမြောက်လိမ့်မည်မဟုတ် သို့ပါသောကြောင့် လက်ညိုများကို သွားလေရာရာပါအောင် ပန်ကုံးကဲ့သို့ သီကုံးပြီး လည်မှဆွဲထားလေတော့သည် ။ ထိုကဲ့သို့ လက်ညိုး ပန်းကုန်း ဆွဲသူဟူ သောအကြောင်းကိုအစွဲပြု၍ (လက်ညိုး= အင်္ဂုလိ၊ မာလ= ပန်း) အင်္ဂုလိမာလ ဟု နာမည်တွင်ခဲ့လေတော့သတည်း။
အင်္ဂုလိမာလသည် ကျောင်းတော်သို့ပြန်ကာ ဆရာ၏ပေးအပ်သောတာဝန်ကို ပြီးမြောက်ရန်အတွက် လည်းကောင်း၊ ဘွဲ့ရယူရေးအတွက်လည်းကောင်း တောမှာနေရတာကြာလာသောအခါ မြန်မြန်ပြီးမြောက်ရန် လက်ညိုးတစ်ထောင်ပြည့်ရေးအတွက် မြို့ရွာများသို့ဝင်ရောက်ကာ လူများကို သတ်ဖြတ်လာခဲ့သည် ထိုအခါ ရွာနေသူများသည် ရွာမှမြို့ရွာသို့ပြောင်းရွှေ့ကာ လုံခြုံရေးအပြည့်နှင့်နေကြရသည် ယခုခေတ်လိုဆို ကော်မာရှယ်လော ပုဒ်မ။(၁၄၄)ပေါ့ ဒကာမလေးရာ...
အကြောင်းထောက်ဆရင် ဘုရင်၏ ဥပဒေရေးရာအရှိက အဂုင်္လိမာလ၏ အဖေ - ဘဂ္ဂ၀ါ ၊ဘုရင်က -ပသေနဒီကောသလ တိုင်းသူပြည်သားများ၏ တိုင်တန်းချက်အရ ပြည်ရေးပြည်ရာမသာသောအခါ ဘုရင်မှနှိမ်နှင်းဖို့ရန် စွမ်းရည်မြင့် မြင်းစစ်သည် (၅၀၀)နှင့်အတူစစ်ချီလာခဲသည် ......
တိုင်းပြည်မငြိမ်မသက်ဖြစ်နေသောအခါ “ဘုရားမှတစ်ပါးကိုးကွယ်စရာမရှိ” ဆိုတဲ့စကားရှိတယ်မလား မြတ်စွာဘုရားကျောင်းတော်ကိုသွားပြီး ဆုံးမပေးပါဦးလို့ သွားရောက် လျှောက်ထားသူများကလည်း ရှိသေးသည် မြတ်စွာဘုရားရှင်ဂေါတမက လက္ခံပြီးဆုံးမရန်အတွက် တန်ခိုးတော်ဖြင့် ရောင်ခြည်တော်လွှတ်၍ အင်္ဂုလိမာလကို ဇာလိနီတောအုပ်တွင် တွေ့ဆုံရန် မေတ္တာရောင်ပြန်လွှတ်ခဲ့သည် (အမှန်တကယ်တော့ ကြေငြာချက်ပေါ့ သတင်းလွင့်တာပေါ့ ဘယ်နေရာလာခဲ့ဆိုတဲ့သဘော)....
အကြောင်းတရားတွေ ရှုတ်ထွေးနေချိန်မှာ မိခင်ကလည်း သားတစ်ယောက်အတွက် သောကမအေး ပူဆွေးရပြန်သည် ဘုရင်ကလည်း နှိမ်နှင်းဘို့ရန် စစ်သည်တော်တွေနှင့်အတူ ချီလာနေပြီ မြတ်စွာဘုရားကတော့ အင်္ဂုလိမာလကို တွေ့ဆုံရန် ဇာလိနီတောအုပ်သို့လာရန်သတင်းလွင့်ခဲ့တော့ မိခင်ခမျာ ဇာလိနီတောအုပ်သို့လိုက်သွားပြီး မိမိသားလေးတွေ့ရင် သားကိုဆုံးမလို့ရမှာဘဲဆိုတဲ့အမြင်နှင့် တစ်ဦးတည်း တောအုပ်သို့အပြေးနှင်လာခဲ့လေသောသည်.....
မြတ်စွာဘုရားရှင်က ဒီအချိန်သည် အင်္ဂုလိမာလ ကျွတ်တန်းဝင်မည့်အချိန်ဟုသိသည် လက်ညိုတစ်ချောင်းသာ လိုအပ်တော့သောအချိန် ဖြစ်သောကြောင့် မိခင်ကိုလည်း သတ်တော့မည်ဖြစ်လေရာ သဗ္ဗညုတရွှေညဏ်တော်ဖြင့် မြင်သောကြောင့် မည်သည့်တပည့်သာဝကကိုမှမခေါ်ဘဲ အချိန်မနှောင်းခင် တစ်ပါးတည်း ဇာလိနီတောအုပ်သို့ ကြွမြန်တော်မူလာခဲ့သည် ။ လမ်းခရီးတွင်တွေ့သောရွာသူ/သားများက ဘုရားရှင်အား တောအုပ်သို့မကြွရန် တားမြစ်ကြသည် မည်သို့မျှတာမြစ်မရ ဘုရားရှင်၏ဂရုဏာတော်အား အလွန်ကြီးသည်။ သတ္တ၀ါတို့အပေါ် မဟာဂရုဏာတော်ပါတကား....
အင်္ဂုလိမာလသည် ဇာလိနီတောအုပ်တွင် သူ၏လက်ချောင်းများကို ရေတွက်နေရာ(၉၉၉)ချောင်းရရှိပြီး တစ်ချောင်းသာလိုအပ်တော့သည် ထိုအချိန်တွင် သူ့မိခင်-မိတ္တရာယာနီ သည်တောအုပ်သို့ သားလေးအဟိံဿက စသဖြင့် တစာစာအော်ဟစ်ပြီးတောထဲ ၀င်လာသောအခါ အင်္ဂုလိမာလသည် သူ၏လက်ချောင်းပြည့်တော့မည်ဟုဆိုကာ မိခင်ကိုသတ်ရန်အပြေးလိုက်လေတော့သည် မိခင်ခဗျာ အသတ်ဘေးကြောက်၍ပြေးနေချိန် အင်္ဂုလိမာလရှိရာသို့ မြတ်စွာဘုရားရှင်ဂေါတမသည် တောအုပ်အတွင်းသို့ရောင်ခြည်တော် လွတ်လိုက်လေရာ မြတ်စွာဘုရားရှင်ရှိရာကို မြင်လေ၏။ ထိုအခါ မိခင်ကိုလွှတ်၍ ဤကတုံးကိုသတ်လျှင်လည်းရနိုင်တာဘဲအမေကိုတော့ နေပါစေတော့ဆိုပြီး အမိကိုလွှတ်၍ မြတ်စွာဘုရားရှိရာသို့ အပြေးလိုက်လေတော့၏....
မြတ်စွာဘုရားကိုအမှီမလိုက်နိုင် အင်္ဂုလိမာလသည် အလွန်အပြေးသန်သည် (၁၅)ယူဇနာကို မရပ်မနားတမ်း တစ်ဆက်တည်းတစ်ဟုန်ထိုးပြေးနိုင်သော ခွန်အားရှိလင့်ကစား မြတ်စွာဘုရားရှင်ကို အမှီမလိုက်နိုင်ဖြစ်လေရာ ဟေ့!.. ဆုတောင်းစားကတုံးနေဦး မင်းငါ့ကိုကြောက်လို့ပြေးတာမြန်လှခြေလား ငါ့တစ်သက် ဖမ်းလို့မမိသောသူမရှိသေးဘူး ထူးဆန်းလှချေပါကလား မောပန်း၍ အော်ဟစ်ပြေားလေ၏...
ဟေ!့ ‘ ရပ်လော့ သူတောင်းစား၊ အို ! ရပ်လော့ သူတောင်းစား ’ ထက်ခါထက်ခါပြေားလေသောအခါ မြတ်စွာဘုရားရှင်သည် ။ မဟာ ဂရုဏာတော်အသံဖြင့် ငါသည်သင့်၏ရှေ့တွင်ရပ်လျှက်နေသည် သင်သည်သာ ပြေးနေသူပါတည်း ပြေားလေသောအခါ ဘုရား၏ စကားသံကြောင့် အသိစိတ်တစ်ခု ၀င်လာခဲ့သည်.....
ဘုရားရှင်က သင်သည် မကောင်းမှုဒုစရိုက်များကိုပြုမူကျူးလွန်ပြီး သံသရာတွင်ပြေးလွှာနေသည် ငါသည်ကား သံသရာမှလွတ်၍ ရပ်တန့်လျှက်နေပြီ ၊သင့်အားထိုမကောင်းမှုဒုစရိုက်များကို ကုန်ခမ်းပျက်စီး၍ ရပ်တန့်သောဘ၀သို့ပို့ဆောင်ရန် ငါဘုရားကြွလာခြင်းဖြစ်သည် ။အမောင် သင်သည် မိန်းမ ယောကျာ်း ကလေး စသဖြင့် မည်သည့်အကြောင်းပြချက်တို့ မပြသနိုင်၊ အကျိုးအမြတ်မရရှိနိုင်ဘဲ သတ်ဖြတ်ခဲ့သည်။ ထိုကဲ့သို့ပြုခြင်းသည် ဒုစရိုက်ပြုခြင်း ကျုးလွန်ခြင်းသာဖြစ်သည်။ ထို့နောက် ဘုရားရှင်က သစ်ပင်တစ်ပင်မှ သစ်ရွက်တစ်ရွက်ကိုဆွတ်ခူးခိုင်းလေသည် ။အင်္ဂုလိမာလက လက်ကိုဆန့်၍ ချက်ခြင်းဆွတ်ခူးလိုက်ပြီ သူသည် ဗုဒ္ဓဘုရားရှင်အား ယူလော့ပေးလိုက်လေရာ။ ဘုရားရှင်က သင့်အားထိုကဲ့သို့စေခိုင်းခြင်းသည် ကြီးကျယ်သော စေခိုင်းမှု အလုပ်တစ်ခု ဟုတ်ပါသလားမေးလိုက်ရာ...
‘ကောင်းပြီ အမောင် ထိုဆွတ်ခူးခဲ့သော သစ်ရွက်ကို ပြန်လည်၍မူလနေရာပြန်ထားပေတော့။ထိုကဲ့သို့ ထားဘို့ဆိုရာမည်သူက တက်နိုင်ပါမည်နည်း။ထိုသို့ဖြစ်လျှင်အမောင် သင်သည်အဘယ်ကြောင့် မူလနဂိုလ်နေရာကို ပြန်မထားနိုင်ပါသနည်း။သင်သည်လူတစ်ယောက်၏ အသက်ရှင်စေရန်အတွက် မပြုနိုင်ပါဘဲလျှက် အဘယ့်ကြောင့် မည်သည့်အတွက်ကြောင့် လူအများကိုသတ်ဖြတ်ခဲ့လေသနည်း။
ဗုဒ္ဓကထိုသို့မေးလိုက်လေရာ သူသည် မူလဖြစ်သော နေရာကျောင်းတော်ကို သူပြန်သွားလို့မရတော့မှန်းသိလာခဲ့ပြီ အမှားကြီးမှားခဲ့လေပြီ ဘွဲ့ရရေးအတွက်နည်းလမ်းမှာဖြင့် လျှောက်လာခဲ့ရာ သူသည်မူလနေရာကို အမှန်တကယ်ပြန်လည်မရရှိနိုင်တော့ဟု ဘုရားတရားစကားကြောင့် သိမြင်လာခဲ့ရသည်။
ထိုအခါမှ ဗြာဟ္မဏီဝါဒမှ ဗုဒ္ဓ၀ါဒသို့ပြောင်းလည်းရန် အချိန်တစ်ခုဖြစ်ခဲ့ပြီ အို! သူတောင်းစားကြီးက ငါ့အားအနိုင်ယူလိုက်ပြီ ငါသည်အရှုံးကြီးရှုံးရလေပြီ အားထားရာမရှိပါတော့ပါတကား ....သူသတ်သမားကြီးအား မေတ္တာဓာတ်ဖြင့် သောကကိုငြိမ်းစေခဲ့ပြီ သူ့တွင်ပါလာသော လက်ညိုးပန်ကုံးနှင့်တကွ ဓားလက်နက် စသည်တို့ ကိုစွန့်၍မျက်ရည်များစွာဖြင့် မြတ်စွာဘုရား၏ ခြေတော်အစုံကို ဦးခိုက်တောင်းပန် လိုက်လေတော့၏ ၊တပည့်တော်ကို ကယ်တင်တော်မူပါ ရဟန်းဝတ်ခွင့်ပြုတော်မူပါ ဗုဒ္ဓအဆုံးအမကို နာခံခွင့်ပေးတော်မူပါ တောင်းပန်လျှောက်ထားလေတော့ သကွယ့် ......
ဒကာမလေး regina......
ဟင်! ဘုန်းဘုန်း နားမလည်တာတစ်ခု ထက်တိုးပြန်ပြီး ဘာကြောင့်ကိုယ်ကို သတ်မလို့ဓားနဲ့လိုက်တာတောင် သာသနာတော် ထဲသွင်းပေးရတာလည်း ....
ဗုဒ္ဓမြတ်စွာဘုရားသာသနာက လူဆိုးလူမိုက်တွေကို လိမ္မာအောင်သွန်သင်ပေးနိုင်တဲ့ မေတ္တာဘဲ...ဒီလိုဆိုတော့ မိဘကခွင့်ပြုမှ ရဟန်းဝတ်ခွင့်ရတယ် အဲဒီတော့ ဘုရားရှင်က တောထဲအရန်သင့် ရောက်နေတဲ့ မိခင်ကိုအမှီလိုက်ပြီး ခွင့်တောင်းကွယ် ခွင့်ပြုရင် ရဟန်းဝတ်ခွင့်ရမည်လို့ဆိုသောကြောင့် သူ့မိခင်ဆီကို အမှီလိုက်ပြီးခွင့်တောင်းရာ မိခင်က ဘာသာမတူပေမည့် ဘုရင့်စစ်တပ်က သတ်ပစ်မည့်ဒါဏ်ထက် ရဟန်းဝတ်တာကိုခွင့်ပြုတာက အန္တရာယ်ကင်းမှာလိမ္မာရေးခြားရှိမှာ စသဖြင့် ..အကြောင်းထောက်၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခွင့်ပေးလိုက်လေ၏။
မြတ်စွာဘုရားရှင်သည် ဇာလိနီတောအုပ်မှ အင်္ဂုလိမာလကိုခေါ်ဆောင်ပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်လည်ကြွမြန်းကာ အင်္ဂုလိမာလကို သာသနာ့ဘောင် သွတ်သွင်း ပေးလိုက်လေတောသတည်း။(မှတ်ချက်- ရဟန်းမ၀တ်ရသေး)
များမကြာမှီ အင်္ဂုလိမာလကို ဖမ်းဆီးရန်နှိမ်နင်ရန် ဘုရင်ကောသလမင်းကြီးနှင့်တကွ မြင်းစစ်သည် (၅၀၀)တို့သည် ဇာလိနီတောအုပ်သို့သွားရန် ခရီးနှင်လာခဲ့ရာ သာဝတ္ထိပြည် မြတ်စွာဘုရား သီတင်းသုံးနေထိုင်သော ဇေတ၀န်ကျောင်းတော်အနီးသို့ ရောက်ရှိလာလေပြီ ဘုရင်ပသေနဒီ ကောသလမင်းသည် ဘုရားကျောင်းတော် နားအရောက်တွင် ဘုရားရှင်အားဖူးမျှော်လိုစိတ်များ တဖွားဖွားပေါ်ထွန်းလာခဲ့ပြီ ....
ဘုရားကျောင်းတော်ရောက်ပြီး ဘုရားဖူးမျှော်နေသောအခါ မြတ်စွာဘုရားရှင်က မင်းကြီး၏စိတ်ကိုသိ နေတော်မူ၏ ။ အို..မင်းကြီး ဤနေရာသို့ အဘယ့်ကြောင့်လာခဲ့လေသနည်း ။တစ်စုံတစ်ရာ အကြောင်းကား အဘယ်နည်း မာဂဓပြည့်ရှင် ဘုရင်ဗိမ္ပိသာရမင်းနှင့် စစ်ထိုးမည်လော၊ဝေသာလီပြည်၏ လစ္ဆာ၀ီမင်းတို့အား စစ်ထိုးမည်လော၊ သို့တည်းမဟုတ် အခြားတိုင်းပြည်တို့နှင့်စစ် ထိုးမည်လော ၊များပြားလှသောစစ်သည်တော် တို့နှင့်အဘယ့်ကြောင့်ထွက်ခဲ့လေသနည်း။
အို....အရှင်ဘုရား ထိုကဲ့သို့မဟုတ်ရပါ ကျွန်ုပ်၏ နယ်ပယ်တွင် အလွန်အင်မတန် အားကြီးသော ကြောက်မက်ဖွယ်ယာကောင်းသော တောပုန်းကြီးအင်္ဂုလိမာလ လူသတ်သမားအား နှိမ်နင်းရန် စစ်ချီလာရခြင်းဖြစ်သည် အကြောင်းမှာ ထိုအင်္ဂုလိမာလသည် အလွန်အင်မတန်သန်စွမ်း၏ (၁၅)ယူဇနာကို မျှ တစ်ဟုန်ထိုး မနားတမ်းပြေးလွှားနိုင်၏ ထန်းပင်ငယ် တို့ကိုတောင် လက်တစ်ဖက်ဖြင့် နှုတ်၍ ပစ်ခွင်းနိုင်သော ဆင်ပြောင်(၅)စီးအားရှိသောကြောင့် စစ်အင်အားအလုံးအရင်းနှင် စခန်းချ၍ နေရခြင်းသာဖြစ်သည်။ခက်ခဲသော အခြေအနေဖြစ်သည့်အားလျှော်စွာ ကိစ္စများမဆောင်ရွက်မှီ အရှင်ဘုရား၏ မင်္ဂလာကို ခံယူရန်ရောက်ရှိလာခြင်း ဖြစ်သည်။ ကျေးဇူးပြု၍ ကောင်းချီးမင်္ဂလာကိုပေးတော်မူပါလော့ သို့မှသာ အင်္ဂုလိမာလကို ဖမ်းဆီးခေါ်ဆောင် နိုင် အောင်မြင်လိမ့်မည်.......
အိုမင်းကြီး ပသေနဒီ အကယ်၍ ယခုအချိန်အခါ`၌သင်သည် အင်္ဂုလိမာလကို ခေါင်းရိတ်ပြီး ယောဂီသူတော်စင် အသွင်ဖြင့်မြင်ရလျှင်၊ အသင်မည်သို့ဖြစ်မည်နည်းဟု မေးမြန်းရာ၊ ထိုအင်္ဂုလိမာလအပေါ် မြင့်မြတ်သောနေရာ၌ထားပေလိမ့်မည်။ သူ့အားတောင်းပန်ပြီးမှ ထိုင်ဖြစ်ပါလိမ်မည်၊ သူ၏ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးရပေလိမ့်မည်။ အို... ဗုဒ္ဓဘုရား ထိုကဲသို့ဆိုးသွမ်းသောသူသည် မြင့်မြတ်သောသူ အဘယ်သို့ ဖြစ်လာနိုင်ဖွယ်ရာ ရှိမည်နည်းလို့ပြန်ဖြေလိုက်ရာ....
မင်းကြီး ကြည့်စမ်းပါဦး ဘုရားကျောင်းဝင်းအတွင်း သစ်ပင်ရေလောင်းနေသူကား အဂုင်္လိမာလတည်း။ ထိုကဲ့သို့ကြားသောအခါ မင်းကြီးပသေနဒီသည် ကြောက်ရွံ့ထိတ်လန့်ပြီးချွေးပြန်ခဲ့လေသည် ။အို.. ဒကာတော် မင်းမြတ် ကြောက်စရာမရှိတော့ပြီ ကြောက်ဖို့မလိုတော့ပြီ။မင်းကြီးသည် မရုံနိုင်ဖြစ်ခဲ့၍ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အင်္ဂုလိမာလအား ချည်းကပ်ပြီး မေးမြန်းရာမှန်ကန်ကြောင်းတွေ့ရပြီ.....
အို !!...အံ့ဖွယ်ရှိစွပါတကား ၊
မင်းကြီးမစိုးရိမ်ပါနှင့် အကျွန်ုပ်သည် ရိုးစင်းသော ဘ၀တစ်ခုဖြင့်လောကကိုဖြတ်သန်းနေသောသူ တစ်ဦးဖြစ်နေလေပြီး မင်းကြီးသည် လွန်စွာစိတ်ကျေနပ်မှုရရှိသွားပြီး အရှင်အတွက် ပစ္စည်းလေးပါး ဒယကာ အဖြစ်လက္ခံပေးတော်မူပါဟုလျှောက်ထားရာ အင်္ဂုလိမာလက လက်မခံခဲ့ပေ ယခုအချိန်သည် လိုချင်တောင့်တမှုများမရှိတော့ပြီဟု ဆိုလေရာ ၊သင်၏ အလေးဂရုပြုမှုအတွက် အလွန်ကျေးဇူးတင်ပါသည် လွန်စွာ....အံ့သြဘွယ်ဖြစ်စွတကား....
ထို့နောက်တွင် အင်္ဂုလိမာလကို သင်္ကန်းဝတ်၍ သာသနာတော်အတွင်းသွက်သွင်းကာ တရားဓမ္မများ ပွားများစေသည်။ တောရဆောက်တည်စေ၍ သီးခြားတရားကျင့်ကြံစေခဲ့သည်၊...
မင်းကြီးသည် ဗုဒ္ဓ၏ ကြီးကျယ်မှုကို ဖော်ထုတ်ပြေားကြားခဲ့ပြီ အို....ဗုဒ္ဓသင်သည် ရိုင်းစိုင်းသောဆိုးသွမ်းသော သူကို လက်နက်မဲ့ဖြင့် နှိမ်နှင်း၍ အပြစ်များကိုခွင့်လွှတ်ပြုပြင်ပေးသူပါတကား ... .လက်နက်ဖြင့်နှိမ်နှင်း၍ မလွယ်ကူသောသူတို့အား လက်နက်မဲ့မေတ္တာဖြင့် နှိမ်နှင်းနိုင်ခဲ့ပြီတကား..
အင်္ဂုလိမာလသည် သာဝတ္ထိတွင် ဆွမ်းခံလှည့်လည်သောအခါ လမ်းတွင်တွေ့မြင်ခဲ့ရသော ကိုယ်ဝန်ဆောင်အမျိုးသမီးတို့အကြောင်း ဒုက္ခဖြင့်အော်ဟစ် ညည်းညူနေသံကိုကြားခဲ့ရကြောင်းမြတ်စွာဘုရား အားလျှောက်ထားလေရာ .... ငါ့ရှင်သင်သွား၍ သစ္စာဆိုလေလေလော့ သင့်သစ္စာစကားကြောင့် ထိုအမျိုးသမီး ကိုယ်ဝန်လွယ်ကူစွာမွေးဖွားပေလိမ့်မည်.........
ဒကာမလေးမေးတဲ့ အဖြေကဒီမှာကွယ် ....
ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဌာနဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။
သောတ္ထိနာ ဂမ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ အဂုင်္လိမာလဿ၊ လေကနာထေနဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမဟေ။
ယတော’ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဥ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စေန သောတ္ထိတေ ဟောတု သောတ္ထိဂမ္ဘဿ။
အင်္ဂုလိမာလက (၅)ပါးသီလ လုံခဲ့တယ်ကွယ် သူ့ဘ၀မှာ မွေးဖွားကတည်းက ငါးပါးသီလ လုံခဲ့တယ်လို့ ပြေားရင်လူတွေက ရုံမှာတောင်မဟုတ်ဘူး ၊ဘာကြောင့်လည်း လူတွေသတ်တာ ပါဏာတိပါတ ထိုက်တယ်လို့လူတော်တော်များများသိထားကြတယ်...
ပါဏာတိပါတမှာ.....
အကြောင်း(၄)ချက်ရှိတယ်
၁။ သတ္တ၀ါမှန်းသိခြင်း
၂။ ထိုသတ္တ၀ါကို သေစေသောဆန္ဒရှိခြင်း
၃။ ထိုသတ္တ၀ါကို ကာယပယောဂ ၀စီပယောဂဖြင့် သတ်ခြင်း၊သတ်စေခြင်း (ကိုယ်တိုင်း၊ သူတပါးကိုသတ်ခိုင်းခြင်း)
၎။ ထိုသတ္တ၀ါ သေခြင်း...
ဒီလေးချက် ပြည့်မှပါဏာတိပါတထိုက်တယ်ကွယ့်....
စစ်သားတွေ့ပါဏာတိပါတ ထိုက်မထိုက် ဒါနဲ့ဆုံးဖြတ်ပေါ့၊ အင်္ဂုလိမာက သူကလူသတ်တယ်ဆိုတာကို မသိဘူး သူက ကျောင်းလခအတွက် သူလက်ညိုးတွေစုနေတယ်လို့ဘဲ သိတာ လူသတ်တယ်ဆိုတာကိုမသိဘူး ....သူဆရာက လက်ညိုး(၁၀၀၀)ပြည့်ရင် ဘွဲ့ပေးမယ်ဒီလိုဘဲသူတစ်လျှောက်လုံးသိထားတာ၊တစ်လျှောက်လုံး သူတပါးပစ္စည်းတွေကိုလည်း မခိုးခဲ့ဘူး ၊ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သေရည်သေရက်၊ ဘာတစ်ခုမှ မကျူးလွန်ခဲ့ရှာဘူး၊ လောက အလှည့်အပြောင်းလို့ပြေားရမှာပေါ့ သေတဲ့သူတွေကလည်း ၀ဋ်ကျွေးတွေ ပါလာခဲ့တာကိုး သူတို့က အရင်ဘ၀တွေကမုဆိုးတွေဖြစ်ခဲ့သည်လို့သိရတယ် သနားစရာပါကွာ.
သူ့သစ္စာစကား ကြည့် “ ငါ့နှမ ငါသည် မွေးဖွားသည်မှစ၍ သတ္တ၀ါတို့ကိုသေစေလိုသော ဆန္ဒဖြင့် အရိယာဘ၀ရောက်သည်အထိ မည်သည့်သတ္တ၀ါတို့ကိုမျှမသတ်ခဲ့” ထိုသစ္စာစကား မှန်ကန်ပါက လွယ်ထားသော ကိုယ်ဝန်သည် လွယ်ကူစွာမွေးဖွားနိုင်ပါစေသား....
ဒါက တစ်နည်းပေါ့ တရားကအစွန်းအစ မရှိသိမ်းမှဖြစ်မယ် (တစ်နည်း)ပြေားရင် ဇာတိဆိုတာ မွေးခါစမှစတာလို့ပြေားရင် လိမ်ရာကြမယ် ဇာတိအရာ အရိယာရဟန်းဇတ်အရယူရမည်လို့ ဆရာတစ်ချို့ကဆိုတယ် ရဟန်းဖြစ်သည်မှစ၍ သတ္တ၀ါတို့အားသေစေလိုသော ဆန္ဒဖြင့် သတ်ခဲ့သည်ဟု မရှိခဲ့လို့ဆိုတာဖြစ်ကြောင်း.....
အဂုင်္လိမာလသည် ရဟန်းအဖြစ် ၀တ်သတက် ဆိုတဲ့အကြောင်းကြား သိလာသောအခါ အနယ်နယ်အရပ်ရပ်ရှိ မိဘမဲ၊ မုဆိုးမ၊ စသည်တို့ကလည်း သူတို့မိသားစုကိုသတ်ခဲ့တဲ့အကောင် ဆိုပြီးလာရောက် ခဲ့နှင့်ပေါက် တုတ်နှင့်ရိုက် ထိုးကျိတ်လေ၏ ဆွမ်းလည်းမလောင်းကြ အတိဒုက္ခရောက်လေပြီ သွေးအလိမ်းလိမ်းကပ်၍ လာလာသမျှသော လူ့ငရဲကိုခံစားရသောအခါ သည်းခံလော့ငါ့ရှင် နောင်တမလွန်ငရဲကား ဒိထက်အဆပေါင်းများစွာ ဆိုးပေတယ် သည်းခံလော့ ဟုပြေား၍ ဘုရားရှင်၏အဆုံးအမကိုခံယူကာ တရားဘာဝနာအားထုတ်ပြီး အရဟတ္တမဂ်ကိုရရှိခဲ့လေပြီ ။
ထို့နောင်တွင် သူ၏သစ္စာစကားကြောင့် ကိုယ်ဝန်လွယ်သောသူများသည် ကလေးမွေးဖွားလျှင် မွေးဖွားရလွယ်ကူ စေသောသစ္စာစကားဖြစ်သောကြောင့် နောင်တွင် သူ၏သစ္စာစကားက ယနေ့ထိတိုင် အစွမ်းထက်နေလေခဲ့ပြီ ။
အချုပ်အားဖြင့်ဆိုသော်......
အင်္ဂုလိမာလသည် ယခင်အခါက ညှင်းဆဲနှိပ်စက်သတ်ဖြတ်သောသူအဖြစ်မှ မညှင်းဆဲ မနှိပ်စက်သောသူအဖြစ် အဟိံဿကအဖြစ်ရရှိခဲခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ဘ၀နှောင်ကြိုးမှ လွှတ်မြောက်ခဲ့ခြင်း၊ ပညာမဲ့များ လူမိုက်များသည် မေ့လျော့မှုကိုအားထုတ်ခြင်း ယခုမူကားပညာရှိနှင့် ပေါင်းသင်းရ၍ ကာမဂုဏ်ကို အားမထုတ်တော့ဘဲ နိဗ္ဗာန်ကိုအားထုတ်ခဲရခြင်း၊သာသနာ့ဘောင်သို့ ကောင်းသော ရောက်ရှိခြင်းနှင့်ရောက်ရှိလာခြင်းဖြစ်ပြီး မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုအပ်ပြီးလေပြီတကား ဟုကျူးရင့်လေတော့သတည်း။
သတ္တ၀ါအားလုံး ကျန်းမာချမ်းသာ၍ ပျော်ရွှင်သုခရရှိပါစေသောဝ်၊ ဗဟုသုတတိုးရန်ရည်ညွန်းသည်။
လိုအပ်သည်များရှိပါကလည်း မှတ်ချက်ပေးနိုင်ပါသည်။